ဆာလံ။ 4
အကျွန်ုပ်၏ဖြောင့်မတ်ရာဖြောင့်မတ်ကြောင်းဖြစ်တော်မူသောအိုဘုရားသခင်၊ အကျွန်ုပ်ခေါ်သောအခါထူးတော်မူပါ။ အကျဉ်းအကျပ်အဖြစ်မှထွက်မြောက်စေတော်မူ ပါပြီ။ အကျွန်ုပ်အားသနား၍၊ ပဌနာကိုနားညောင်းတော်မူပါ။ အချင်းလူသားတို့၊ ငါ့ဘုန်းအသရေကိုမည်မျှကြာအောင်ရှုတ်ချကြမည်နည်း။ မည်မျှကြာအောင် အနတ္တကိုနှစ်သက်၍ မုသာကိုလိုက်စားကြမည်နည်း။ ထာဝရဘုရားသည်၊ ကြည်ညိုသူ့ကိုကိုယ်တော်အဖို့သီးခြားထားတော်မူကြောင်းကို သိမှတ်ကြလော့။ ငါခေါ်သောအခါ၊ ကိုယ်တော်ကြားနာတော်မူမည်။ ကြောက်ရွံ့၍အပြစ်မပြုဘဲနေကြလော့။ ကိုယ့်အိပ်ရာပေါ်တွင် ကိုယ့်စိတ်နှလုံးနှင့်ချင့်ချိန်၍ ငြိမ်ဝပ်စွာနေကြလော့။ ဖြောင့်မတ်ခြင်းပူဇော်သက္ကာများကိုဆက်သ၍၊ ထာဝရဘုရား၌ကိုးစားကြလော့။ အကောင်းကိုမည်သူပြသမည်နည်းဟုဆိုသောသူတို့များလှသောကြောင့်၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့အပေါ်၌မျက်နှာတော်ရောင်ခြည်ကိုထွန်းလင်းစေတော်မူပါ။ စပါး 4.7 ပါဠိၒ ၒ- စပျစ်ရည်။ဆန်ရေတိုးတက်ပေါများသည့်အခါ၊ ဝမ်းမြောက်ကြသည်ထက်၊ အကျွန်ုပ်စိတ်နှလုံးကို ရွှင်လန်းစေတော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သာလျှင် အကျွန်ုပ်ကိုလုံခြုံစွာနေထိုင်စေတော်မူသည်ဖြစ်၍၊ စိတ်ချစွာလှဲလျက်အိပ်ပျော်ပါတော့မည်။