ဆာလံ။ 34
ငါသည် အခါခပ်သိမ်းထာဝရဘုရားအားဩဘာဆက်၍၊ ဂုဏ်တော်ကိုအစဉ်မပြတ်မြွက်ဆိုမည်။ ငါ့စိတ်သည် ထာဝရဘုရား၌ ဂုဏ်ရောက်သဖြင့်၊ စိတ်နှိမ့်ချသူတို့ကြားသိ၍ ဝမ်းမြောက်ရကြမည်။ ငါနှင့်အတူ၊ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမြှောက်ကြလော့။ နာမတော်အား ထောမနာပြုကြကုန်အံ့။ ထာဝရဘုရားကို၊ ငါရှာဖွေရာ၊ ကိုယ်တော်နားညောင်း၍၊ ငါကြောက်ဖွယ်ရှိသမျှမှ ကယ်လွှတ်တော်မူ၏။ ကိုယ်တော်ကိုမေျှာ်ကြည့်သူတို့သည်၊ မည်သည့်ကာလမျှ မျက်နှာမပျက်ရဘဲ၊ ကြည်ကြည်ရွှင်ရွှင်ရှိရကြ၏။ ဤသူဆင်းရဲအော်ဟစ်၍၊ ထာဝရဘုရားသည် နားညောင်းလျက်၊ ဒုက္ခရှိသမျှမှကယ်တော်မူ၏။ ထာဝရဘုရား၏စေတမန်တော်သည်၊ ခန့်ညားသူတို့ပတ်လည်၌ တပ်ချလျက်၊ ကယ်လွှတ်တတ်၏။ ထာဝရဘုရား၏ကောင်းမြတ်တော်မူခြင်းအရသာကို ဝင်စားသိမြင်ကြလော့။ ကိုယ်တော်၌ခိုလှုံသူသည်မင်္ဂလာရှိ၏။ ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ကိုယ်တော်ကို ခန့်ညားကြလော့။ ခန့်ညားသူတို့၌၊ လိုလေသေးမရှိရ။ 10 ခြင်္သေ့ပျိုများသည်၊ စားရာမဲ့၍ ငတ်မွတ်ရသော်လည်း၊ ထာဝရဘုရားကိုရှာဖွေသူတို့၌၊ အကောင်းဆိုသမျှလိုလေသေးမရှိရ။ 11 အချင်းသူငယ်တို့၊ လာရောက်နားထောင်ကြ။ ထာဝရဘုရားအားခန့်ညားခြင်းဝတ်ကို၊ ငါသွန်သင်မည်။ 12 မည်သူသည် အသက်ကိုနှစ်သက်၍၊ တာရှည်ကောင်းစားလိုသနည်း။ 13 ကိုယ့်လျှာကိုမကောင်းသောအရာမှလည်းေကာင်း၊ ကိုယ့်နှုတ်ကိုပရိယာယ်ပြောဆိုခြင်းမှလည်းေကာင်း၊ စောင့်စေ။ 14 ဒုစရိုက်ကိုကြဉ်၍ သုစရိုက်ကိုယှဉ်လျက်၊ ငြိမ်သက်ခြင်းကိုရှာေဖွလိုက်လံစေ။ 15 ထာဝရဘုရားသည် ဖြောင့်မတ်သူတို့ကိုမျက်မှောက်ပြုလျက်၊ အော်ဟစ်သံကိုလည်းနားညောင်းတော်မူ၏။ 16 မကောင်းပြုကျင့်သူတို့ကိုကား၊ မျက်နှာထား၍ အမည်ကိုပင်မြေကြီးပေါ်မှပယ်ရှားတော်မူ၏။ 17 ဖြောင့်မတ်သူတို့အော်ဟစ်ရာ၊ ထာဝရဘုရားသည် နားညောင်းလျက်၊ ဒုက္ခရှိသမျှမှကယ်လွှတ်တော်မူ၏။ 18 ထာဝရဘုရားသည် ကြေကွဲသောနှလုံးရှိသူတို့အနီးရှိနေ၍၊ ကြေမွသောစိတ်ရှိသူတို့ကို ကယ်တော်မူ၏။ 19 ဖြောင့်မတ်သူ၏ဒုက္ခများပြားသော်လည်း၊ ရှိသမျှမှထာဝရဘုရားကယ်လွှတ်တော်မူ၏။ 20 သူ့အရိုးရှိသမျှကိုစောင့်ရှောက်တော်မူ၍၊ တစ်ချောင်းမျှမကျိုးမပဲ့ရ။ 21 လူဆိုးသည်၊ ဆိုးသွမ်းခြင်းဖြင့်သေဒဏ်ခံ၍၊ ဖြောင့်မတ်သူ့ကိုမုန်းထားသူတို့လည်း၊ ပြစ်ဒဏ်ခံရကြလတ္တံ့။ 22 ထာဝရဘုရားသည်၊ ကျွန်တော်ရင်းတို့အသက်ကိုရွေးနုတ်တော်မူသည့်အလျောက်၊ ခိုလှုံသူတစ်ယောက်မျှ ပြစ်ဒဏ်ခံရမည်မဟုတ်။