ဆာလံ။ 30
အိုထာဝရဘုရား၊ အကျွန်ုပ်ရန်သူတို့အားရွှင်လန်းခွင့်မပေးဘဲ၊ အကျွန်ုပ်ကိုဆယ်ယူတော်မူသောကြောင့်၊ ဂုဏ်တော်ကိုချီးမြှောက်ပါမည်။ အကျွန်ုပ်၏ဘုရားသခင်၊ အိုထာဝရဘုရား၊ ကိုယ်တော့်ထံအကျွန်ုပ်အော်ဟစ်သော်၊ ကျန်းမာစေတော်မူပါပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကိုမရဏာ့နိုင်ငံမှတက်စေလျက်၊ သင်္ချၖိုင်းတွင်းသို့မဆင်းစေဘဲ၊ အရှင်ထားတော်မူပါပြီ။ ထာဝရဘုရားအားကြည်ညိုသူတို့ကျူးဧလျက်၊ သန့်ရှင်းသောနာမတော်ကိုချီးမွမ်းကြလော့။ အမျက်တော်သည် တစ်ခဏမျှ၊ ကျေးဇူးတော်သည် တစ်သက်ပတ်လုံးတည်၏။ ညဉ့်အခါ၌ငိုကြွေးခြင်းဝင်ရောက်တည်းခိုသော်လည်း၊ နံနက်ထသော်၊ ရွှင်လန်းရ၏။ ကောင်းစားစဉ်အခါ၊ အကျွန်ုပ်က၊ မည်သည့်ကာလမျှရွေ့ရမည်မဟုတ်ဟုဆိုမိပါ၏။ အိုထာဝရဘုရား၊ ကျေးဇူးတော်ကြောင့်၊ အကျွန်ုပ်၏တောင်ကို ကိုယ်တော်ခိုင်ခံ့စေပြီးနောက်၊ မျက်နှာတော်ကို လွှဲတော်မူသဖြင့်၊ အကျွန်ုပ်ဒုက္ခရောက်ရပါ၏။ ထိုအခါ၊ အိုထာဝရဘုရား၊ ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သည်မှာ၊ သေခြင်းခံ၍သင်္ချၖိုင်းတွင်းထဲသို့အကျွန်ုပ်ဆင်းရာတွင်၊ မည်သည့်အကျိုးရှိပါမည်နည်း။ မြေမှုန့်က ကိုယ်တော်ကိုချီးမွမ်းလျက်၊ သစ္စာတော်ကိုဖော်ပြပါမည်လော။
10 အိုထာဝရဘုရား၊ နားညောင်း၍၊ ကရုဏာသက်တော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမစသောအရှင့်အဖြစ်တည်တော်မူပါဟု ထာဝရဘုရားအား အသနားတော် ခံရာ၊ 11 ကိုယ်တော်သည်၊ မြည်တမ်းခြင်းကိုကခုန်ခြင်းဖြစ်စေတော်မူပါပြီ။ အကျွန်ုပ်၏လျှော်တေကိုချွတ်၍၊ ဝမ်းမြောက်ခြင်းနှင့်ခါးစည်းတော်မူပါပြီ။ 12 သို့ဖြစ်၍၊ အကျွန်ုပ်၏ 30.12 ပါဠိ - ဂုဏ်အသေရ။ဝိညာဉ်သည် ဆိတ်ဆိတ်မနေဘဲ၊ ဂုဏ်တော်ကိုသီချင်းဖွဲ့ဆိုပါမည်။ အကျွန်ုပ်၏ဘုရားသခင်၊ အိုထာဝရဘုရား၊ ကျေးဇူးတော်ကိုကာလအစဉ်ချီး မွမ်းပါမည်။