ဆာလံ။ 15
အိုထာဝရဘုရား၊ တဲတော်၌တည်းခိုရသူ၊ သန့်ရှင်းသောတောင်တော်ပေါ်၌ နေထိုင်ရသူကား၊ မည်သူပါနည်း။ စုံလင်စွာကျင်လည်လျက်၊ ဖြောင့်မတ်စွာပြုကျင့်လျက်၊ စိတ်ပါကိုယ်ရောက်မှန်ကန်စွာပြောဆိုသူ၊ လျှာဖြင့်ကုန်းချောခြင်း၊ သူတစ်ပါး၌ဆိုးသွမ်းခြင်း၊ အိမ်နီးချင်းအားကဲ့ရဲ့ခြင်းမပြုသူ၊ ဆိုးယုတ်သောသူ့ကိုအရေးမယူဘဲ၊ ထာဝရဘုရားအားခန့်ညားသူတို့ကိုဂုဏ်တင်သူ၊ ကိုယ့်အကျိုးပျက်အောင်သစ္စာမူမိသော်လည်းအတည်ပြုသူ၊ ငွေတိုးချခြင်း၊ အပြစ်ကင်းသူ့တစ်ဘက်၌ လာဘ်ယူခြင်းမပြုသူပေတည်း။ ထိုသို့ပြုကျင့်သူသည် ေရွ့ရတော့မည်မဟုတ်ပါ။