ဆာလံ။ 149
ဟာလေလုယ၊ ထာဝရဘုရားအား၊ သီချင်းသစ်ကိုလည်းေကာင်း၊ ကြည်ညိုသူတို့အစည်းအဝေး၌ချီးမွမ်းခြင်းကိုလည်းေကာင်း၊ ဖွဲ့ဆိုကြလော့။ ဣသရေလလူမျိုးသည် မိမိကိုဖန်ဆင်းပြုပြင်တော်မူသောအရှင်၌ဝမ်းမြောက်လျက်၊ ဇိအုန်သားသမီးတို့သည် ကိုယ့်ဘုရင်၌ရွှင်လန်းကြစေ။ နာမတော်ကို၊ ကခုန်လျက်ချီးမွမ်းကြစေ။ ပတ်သာနှင့်စောင်းကိုတီးလျက်ကျူးဧကြစေ။ ထာဝရဘုရားသည် လူမျိုးတော်ကိုနှစ်သက်၍၊ သိမ်မွေ့သူတို့ကိုကယ်တင်ခြင်းအားဖြင့်၊ အသရေတင့်တယ်စေတော်မူလိမ့်မည်။ ကြည်ညိုသူတို့သည်ဘုန်းတော်ကြောင့်ရွှင်လန်းလျက်၊ အိပ်စက်ရာပေါ်မှာ ကြွေးကြော်ကြပါစေ။ 6-9 လူမျိုးခြားတို့အားလက်စားချေလျက်၊ လူအမျိုးမျိုးအားဒဏ်စီရင်ခြင်းငှာလည်းေကာင်း၊ ချင်းတို့ဘုရင်မင်းများကိုသံကြိုးနှင့်ချည်နှောင်လျက်၊ မှူးမတ်တို့ကိုသံခြေချင်းခတ်ခြင်းငှာ လည်းေကာင်း၊ ရေးသားသောစီရင်ချက်ကိုအတည်ပြုခြင်းငှာလည်းေကာင်း၊ ဘုရားသခင်၏ဂုဏ်တော်ကိုနှုတ်ဖြင့်အထူးချီးမွမ်း၍၊ သံလျက်ကိုလည်းစွဲကိုင်ကြစေ။ ကိုယ်တော်ကိုကြည်ညိုသူအပေါင်းတို့သည်၊ ထိုသို့သောဂုဏ်ကြက်သရေပိုင်ကြ၏။ ဟာလေလုယာ။