ဆာလံ။ 147
ဟာလေလုယ၊ ငါတို့ဘုရားသခင့်ထံကျူးဧသင့်၏။ ချီးမွမ်းခြင်းလည်း၊ သာယာ၍တင့်တယ်၏။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကိုပြုပြင်လျက်၊ နှင်ထုတ်ခံရသောဣသရေလအမျိုးသားတို့ကို စုသိမ်းတော်မူ၏။ နှလုံးကြေကွဲသောသူတို့ကိုနှစ်သိမ့်စေလျက်၊ သူတို့ဒဏ်ရာများကိုပတ်စည်းတော်မူ၏။ ကြယ်နက္ခတ်များကိုရေတွက်၍၊ ရှိသမျှကိုအမည်ဖြင့်ခေါ်တော်မူ၏။ ငါတို့အရှင်ဘုရားသည် မြင့်မြတ်၍တန်ခိုးတော်ကြီးလျက်၊ အနန္တဉာဏ်တော်နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရားသည်၊ သိမ်မွေ့သောသူတို့ကိုထောက်မ၍၊ လူဆိုးတို့ကိုမြေတိုင်အောင်ရှုတ်ချတော်မူ၏။ ထာဝရဘုရားထံကြွေးကြော်ချီးမွမ်းလျက်၊ ငါတို့ဘုရားသခင့်ထံစောင်းတီး၍ကျူးဧကြလော့။ ကောင်းကင်ကိုတိမ်တိုက်များနှင့်ဖုံးလွှမ်းလျက်၊ မြေကြီးဖို့မိုးရေပြင်ဆင်လျက်၊ တောင်များပေါ်မှမြက်ပေါက်စေတော်မူ၏။ တိရစ္ဆာန်များကိုလည်းေကာင်း၊ အော်လျက်နေသောကျီးအသားငယ်များကိုလည်းေကာင်း၊ ကျွေးမွေးတော်မူ၏။ 10 မြင်း၏ခွန်အား၌လည်းေကာင်း၊ လူ၏အသွား၌လည်းေကာင်း၊ နှစ်သက်တော်မမူ။ 11 ခန့်ညားသောသူ၊ ကရုဏာတော်၌ကိုးစားသူတို့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ 12 အိုယေရုရှလင်မြို့၊ ထာဝရဘုရားကိုထောမနာပြုလော့။ အိုဇိအုန်မြို့၊ သင့်ဘုရားသခင်ကိုချီးမွမ်းလော့။ 13 သင်၏တံခါးပေါက်မင်းထုပ်များကိုခိုင်ခံ့စေလျက်၊ သင့်အထဲမှာ၊ သားသမီးများကို ကောင်းကြီးပေးတော်မူပြီ။ 14 ပြည်နယ်စွန်းအထိရန်ငြိမ်းစေလျက်၊ ဂျုံဆန်ကောင်းနှင့်ကြွယ်ဝစေတော်မူ၏။ 15 မြေကြီးသို့ပညတ်တော်ထုတ်ဆင့်သဖြင့်၊ အမိန့်တော်လျင်မြန်စွာပေးတတ်၏။ 16 မိုးပွင့်ကိုသိုးမွေးကဲ့သို့ချခြင်း၊ ဆီးနှင်းကိုပြာမုန့်ကဲ့သို့ဖြူးခြင်းပြုတော်မူ၏။ 17 မိုးသီးကိုစားနုတ်စားပေါက်ကဲ့သို့ပစ်ချတော်မူသဖြင့်၊ ချမ်းအေးစေတော်မူသည်ကိုမည်သူခံရပ်နိုင်သနည်း။ 18 တစ်ဖန်အမိန့်တော်ထုတ်ဆင့်ရာ၊ အရည်ဖြစ်စေလျက်၊ လေတိုက်စေတော်မူသဖြင့်ရေစီးရ၏။ 19 နှုတ်ကပတ်တော်ကိုယာကုပ်အမျိုးအားလည်းေကာင်း၊ အထုံးအဖွဲ့တော်နှင့်ဆုံးဖြတ်တော်မူချက်များကို ဣသရေလအမျိုးအားလည်းေကာင်း၊ ေဖာ်ပြတော်မူ၏။ 20 လူတစ်စုံတစ်မျိုးအား၊ ထိုသို့ပြုတော်မမူ။ ဆုံးဖြတ်တော်မူချက်များကိုသူတို့မသိရကြ။ ဟာလေလုယ။