ဆာလံ။ 145
အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အိုဘုရင်မင်းမြတ်၊ ဂုဏ်တော်ကိုချီးမြှောက်လျက်၊ ကာလအစဉ်အဆက်နာမတော်ကိုဩဘာဆက်ပါမည်။ နေ့ရှိသမျှဩဘာဆက်လျက်၊ ကာလအစဉ်အဆက်နာမတော်ကိုချီးမွမ်းပါမည်။ ထာဝရဘုရားသည်ကြီးမြတ်၍ အလွန်ချီးမွမ်းခံထိုက်တော်မူ၏။ ကြီးမြတ်တော်မူခြင်းကိုစူးစမ်း၍မမှီနိုင်။ အမှုတော်များကိုလူမျိုးအဆက်ဆက်ချီးမွမ်းလျက်၊ တန်ခိုးတော်များကိုကြားပြောကြပါလိမ့်မည်။ ဘုန်းတန်ခိုးအာနုဘော်တော်ကိုလည်းေကာင်း၊ အံ့ဖွယ်ရာအမှုတော်များကိုလည်းေကာင်း၊ အကျွန်ုပ်စဉ်းစားဆင်ခြင်လျက်၊ 6-7 ကြီးမြတ်တော်မူခြင်းအကြောင်းငါကြားပြောရာ၊ ကြောက်မက်ဖွယ်တန်ခိုးတော်များကိုပြောဆိုခြင်း၊ အလွန်ကောင်းမြတ်တော်မူခြင်းအကြောင်းသတိရ၍မြွက်ဆိုခြင်း၊ ဖြောင့်မတ်တော်မူခြင်းအကြောင်းကြွေးကြော်ခြင်း၊ ပြုကြပါလိမ့်မည်။ ထာဝရဘုရား၌ကျေးဇူးပြုသောသဘော၊ သနားသောသဘော၊ စိတ်ရှည်သောသဘော၊ ကရုဏာတော်နှင့်ကြွယ်ဝသောသဘောရှိတော်မူ၏။ ထာဝရဘုရားသည် အရာခပ်သိမ်းတို့အားကောင်းမွန်လျက်၊ အမှုအရာတော်ဟူသမျှအပေါ်တွင် ကရုဏာသက်တော်မူ၏။ 10 အိုထာဝရဘုရား၊ အမှုအရာတော်ဟူသမျှသည် ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ ကြည်ညိုသူတို့သည် ဩဘာဆက်လျက်၊ 11 ကိုယ်တော်၏တန်ခိုးနှင့်နိုင်ငံတော်၏ဘုန်းအကြောင်းတိုင်ပင်နှီးနှောကြသဖြင့်၊ 12 တန်ခိုးကြီးသောအမှုတော်များကိုလည်းေကာင်း၊ နိုင်ငံတော်၏ဘုန်းအသရေကိုလည်းေကာင်း၊ လူ့သားတို့သိသာကြပါလိမ့်မည်။ 13 နိုင်ငံတော်သည် ထာဝရဘုရားနိုင်ငံဖြစ်၍၊ အာဏာစက်တော်သည် ကာလအစဉ်တည်မြဲပါ၏။ 14 ထာဝရဘုရားသည် ပြိုလဲသူရှိသမျှတို့ကိုထောက်မ၍၊ ငုံ့လျှိုးရသူအပေါင်းတို့ကို ထူပင့်တော်မူ၏။ 15 ကိုယ်တော်ကိုခပ်သိမ်းသောသတ္တဝါတို့သည် မေျှာ်ကြည့်သည့်အလျောက်၊ အချိန်တန်သော်ကျွေးမွေးတော်မူပါ၏။ 16 လက်တော်ကိုဖွင့်လျက်၊ ဇိဝရှိအပေါင်းတို့ကိုကျေးဇူးတော်နှင့် ရောင့်ရဲစေတော်မူ၏။ 17 ထာဝရဘုရားသည် နည်းလမ်းတော်ရှိသမျှတွင်ဖြောင့်မတ်၍၊ အမှုတော်များတွင် သန့်ရှင်းတော်မူပါ၏။ 18 ထာဝရဘုရားသည်၊ ကိုယ်တော်ကိုသစ္စာနှင့်ဟစ်ခေါ်သူ၊ ပဌနာပြုသူအပေါင်းတို့အနီးအပါး၌ရှိနေတော်မူ၏။ 19 ခန့်ညားသူတို့အလိုဆန္ဒကိုပြည့်စေလျက်၊ ဟစ်ခေါ်သံကိုကြားနာ၍ ကယ်လွှတ်တော်မူလိမ့်မည်။ 20 ထာဝရဘုရားသည် ကိုယ်တော်အားချစ်ခင်သူအပေါင်းတို့ကိုစောင့်ထိန်းလျက်၊ လူဆိုးအပေါင်းတို့ကိုဖျက်ဆီးတော်မူလိမ့်မည်။ 21 ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလျက် ငါမြွက်ဆိုမည်။ ရုပ်ခန္ဓာဟူသမျှသည် သန့်ရှင်းသောနာမတော်ကိုကာလအစဉ်ဩဘာဆက်ကြပါစေသော။