ဆာလံ။ 144
ငါ့လက်များကိုစစ်ရေး၌လည်းေကာင်း၊ လက်ချောင်းများကိုလည်းစစ်မှု၌လည်းေကာင်း၊ ကျင်လည်စေတော်မူသော ငါ့ကျောက်တောင်ဖြစ်တော်မူသောထာဝရဘုရားသည်မင်္ဂလာရှိတော်မူပါစေသော။ ငါ့မေတ္တာကျေးဇူးရှင်၊ ငါ့ခံတပ်၊ ငါ့ရဲတိုက်၊ ငါ့ကိုကယ်လွှတ်သောအရှင်၊ ငါ့ဒိုင်းလွှား၊ ငါ့ခိုလှုံရာ၊ ငါ့လူမျိုးကိုနှိပ်နင်းခွင့်ပေးတော်မူသောအရှင်ပေတည်း။ အိုထာဝရဘုရား၊ လူသည်မည်သို့သောသူဖြစ်၍၊ ကိုယ်တော်ကိုသိမှတ်တော်မူရပါသနည်း။ လူ့သားသည်မည်သို့သောသူဖြစ်၍၊ အရေးယူတော်မူရပါသနည်း။ လူသည်အခိုးအငွေ့နှင့်လည်းေကာင်း၊ ရက်တာလည်းပြေးသွားရာအရိပ်နှင့်လည်းေကာင်း၊ တူပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်၏မိုးကောင်းကင်များကိုညွတ်စေ၍ကြွဆင်းတော်မူပါ။ တောင်များကိုတို့၍ မီးခိုးထွက်စေတော်မူပါ။ လျှပ်စစ်ပြက်စေသဖြင့်၊ ရန်သူတို့ကိုကွဲလွင့်စေလျက်၊ မြှားတော်များကိုပစ်သဖြင့်၊ ရှုံးနိမ့်စေတော်မူပါ။ 7-8 အထက်ဘဝဂ်မှလက်ရုံးတော်ကိုဆန့်လျက်၊ ကြီးသောရေဘေးမှလည်းေကာင်း၊ အချည်းနှီးပြောဆိုသည့်နှုတ်၊ မုသာကိုင်စွဲသည့်ညာလက်နှင့်ပြည့်စုံသောသူစိမ်းတို့လက်မှလည်းေကာင်း၊ ဆွဲယူကယ်ဆယ်တော်မူပါ။ အိုဘုရားသခင်၊ ကိုယ်တော်အားသီချင်းသစ်ဆိုလျက်၊ ကြိုးဆယ်ပင်စောင်းနှင့်ကျူးဧပါမည်။ 10 ကိုယ်တော်သည် ဘုရင်မင်းတို့အားအောင်မြင်ခွင့်၊ ကျွန်တော်ရင်းဒါဝိဒ်အားဓားဘေးလွတ်ခွင့်ပေးတော်မူသည့်အလျောက်၊ 11 အချည်းနှီးပြောသည့်နှုတ်၊ မုသာကိုင်သည့်ညာလက်နှင့်ပြည့်စုံသောသူစိမ်းတို့လက်မှ၊ အကျွန်ုပ်ကိုဆွဲယူကယ်ဆယ်တော်မူပါ။
12 အကျွန်ုပ်တို့သားများသည်၊ ပျိုရွယ်စဉ်ကြီးပွားသောပျိုးပင်များကဲ့သို့လည်းေကာင်း၊ သမီးများသည်နန်းတော်သုံးပွတ်ပြီးထောင့်တိုင်များကဲ့သို့လည်းေကာင်း၊ ဖြစ်လျက်၊ ကျီကျများသည်၊ 13 စားနပ်ရိက္ခာအမျိုးမျိုးနှင့်ပြည့်စုံလျက်၊ သိုးများသည်၊ ကွင်းပြင်များ၌အထောင်အသောင်းမွေးဖွားလျက်၊ 14 နွားများလည်း၊ မျိုးပျက်ခြင်း၊ ဆုံးပါးခြင်းကင်း၍၊ ကိုယ်ဝန်ဆောင်လျက်၊ မြို့လမ်းများသည်၊ မြည်တမ်းခြင်းနှင့်ကင်းသောအခါ၊ 15 ထိုသို့နေထိုင်ရသောလူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ့်ဘုရားသခင်အဖြစ်ထာဝရဘုရားကို ကိုးကွယ်သောလူမျိုးသည် မင်္ဂလာရှိသည်တကား။