ဆာလံ။ 141
အိုထာဝရဘုရား၊ ကိုယ်တော့်ထံအကျွန်ုပ်ဟစ်ခေါ်လျက်၊ အလျင်အမြန်ကြွတော်မူပါ။ ဟစ်ခေါ်သောအခါ၊ နားညောင်းတော်မူပါ။ အကျွန်ုပ်၏ပဌနာသည်နံ့သာငွေ့ကဲ့သို့လည်းေကာင်း၊ လက်အုပ်ချီခြင်းသည် ညနေပူဇော်သက္ကာကဲ့သို့လည်းေကာင်း၊ ရှေ့တော်၌ဆက်သလျက်ရှိပါစေသော။ အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့ကင်းစောင့်ထားလျက်၊ အကျွန်ုပ်နှုတ်တံခါးကိုစောင့်တော်မူပါ။ ဒုစရိုက်ကိုပြုသူတို့နှင့်အတူ၊ ဆိုးသွမ်းမှုအမျိုးမျိုး၌ကျင်လည်စေခြင်းငှာ၊ မကောင်းသောအခြင်းအရာသို့စိတ်ငဲ့ခြင်း၊ ထိုသူတို့မြိန်ရှက်ရာကိုသုံးဆောင်ခွင့်ပေးတော်မမူ ပါနှင့်။ ကျေးဇူးပြုခြင်းအဖြစ်၊ ဖြောင့်မတ်သောသူသည်အကျွန်ုပ်ကိုဒဏ်ခတ်ခြင်း၊ ဦးခေါင်း၌ဆီလိမ်းခြင်းအဖြစ်ဆုံးမခြင်းကို၊ အကျွန်ုပ်ဦးခေါင်းခံပါစေ။ သူတို့ဆိုးသွမ်းမှုပြုကြစဉ်တွင်၊ အကျွန်ုပ်ဆက်လက်၍ပဌနာပြုပါမည်။ သူတို့၏တရားသူကြီးများသည် ကျောက်တောင်အနီးပစ်ချရာခံလျက်၊ ချိုသာသောအကျွန်ုပ်တောင်းလျှောက်ချက်ကိုကြားရကြပါလိမ့်မည်။ မြေကိုထယ်နှင့်ထိုး၍ခွဲသကဲ့သို့၊ မရဏာ့နိုင်ငံတံခါးဝအနီး၊ အကျွန်ုပ်တို့အရိုးများကွဲပြားလျက်ရှိပါ၏။ အိုအရှင်ဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်ကိုမေျှာ်ကြည့်လျက်ခိုလှုံပါ၏။ အကျွန်ုပ်အသက်ကိုပစ်ထားတော်မမူပါနှင့်။ အကျွန်ုပ်ရှေ့၊ ထောင်ထားကြသောကျော့ကွင်းမှလည်းေကာင်း၊ ဒုစရိုက်ကိုပြုကျင့်သူတို့ညွှတ်ကွင်းများမှလည်းေကာင်း၊ ကင်းလွတ်စေတော်မူပါ။ 10 ထိုသို့အကျွန်ုပ်သည်ကျော်သွားစဉ်တွင် လူဆိုးတို့ကိုကိုယ့်ပိုက်ထဲသို့ ကျရောက်ကြပါစေသော။