ဆာလံ။ 139
အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစိစစ်၍သိကျွမ်းတော်မူပါ၏။ အကျွန်ုပ်ထိုင်နေခြင်း၊ ထရပ်ခြင်းကိုသိ၍၊ အကြံအစည်များကိုအဝေးကပင်နားလည်တော်မူပါ၏။ အကျွန်ုပ်လမ်းလျှောက်ခြင်း၊ အိပ်ဝပ်ခြင်းကိုစစ်ဆေး၍၊ အလေ့အလာရှိသမျှကိုသိတော်မူပါ၏။ လျှာတွင်လည်း၊ အကြွင်းမဲ့သိတော်မမူသောစကားတစ်ခွန်းမျှမရှိပါ။ အိုထာဝရဘုရား၊ ကိုယ်တော်သည်၊ အကျွန်ုပ်ရှေ့နောက်ဆီးကာလျက်၊ လက်တော်ဖြင့်တင်ဖိတော်မူပါပြီ။ ထိုသို့သောအသိဉာဏ်သည်အကျွန်ုပ်မမီနိုင်အောင်မြင့်မြတ်၍၊ အံ့ဖွယ်ရာဖြစ်ပါ၏။ ဝိညာဉ်တော်နှင့်လွတ်အောင်မည်သည့်အရပ်သို့သွားခွင့်၊ အပါးတော်နှင့်ကင်းအောင်မည်သည့်အရပ်သို့ပြေးခွင့်ရပါအံ့နည်း။ အကယ်၍၊ ကောင်းကင်သို့တက်လျှင်၊ ကိုယ်တော်ရှိပါ၏။ မရဏာ့နိုင်၌အိပ်ရာကိုခင်းလျှင်၊ ရှိတော်မူပါသည်တကား။ အရုဏ့်အတောင်များနှင့်ပျံသွားလျက်၊ သမုဒ္ဒရာအစွန်းအဖျားဆုံး၌နားနေလျှင်၊ ထိုအရပ်၌ပင် လက်တော်ဖြင့်လမ်းပြလျက်၊ 10 ညာလက်တော်ဖြင့် ကိုင်ဆွဲတော်မူလိမ့်မည်။ 11 မှောင်မိုက်သည်ငါ့ကိုကွယ်ကာလျက်၊ အလင်းလည်းပတ်လည်၌ညဉ့်မှောင်ကဲ့သို့ဖြစ်ပါစေသောဟုဆိုလျှင်၊ 12 ရှေ့တော်၌အမှောင်နှင့်အလင်းမထူးခြားသဖြင့်၊ မှောင်၌ပင်၊ ပုန်းအောင်းခွင့်မရဘဲ၊ ညဉ့်သည်နေ့ကဲ့သို့လင်းပါ၏။
13 ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင်ပြုပြင်၍၊ အမိဝမ်းထဲတွင် အကျွန်ုပ်ကိုစေ့စပ်တော်မူခဲ့ပါ၏။ 14 အမှုအရာတော်များသည်အံ့ဩဖွယ်ဖြစ်သည့်အလျောက်၊ အကျွန်ုပ်သည်ကြောက်မက်အံ့ဩဖွယ်ရာဖြစ်ကြောင်း၊ စိတ်ဖြင့်သေချာစွာသိလျက်၊ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ 15 မထင်ရှားရာ၌အကျွန်ုပ်ကိုဖန်ဆင်း၍၊ မြေကြီးနက်ရှိုင်းရာ၌စေ့စပ်သောအခါ၊ ကိုယ်ခန္ဓာပုန်းကွယ်လျက်မနေဘဲ၊ 16 အကျွန်ုပ်၏သန္ဓေကိုမြင်တော်မူလျက်၊ 139.16 သို့မဟုတ်၊ ေန့ရက်များကိုစီမံ၍။အင်္ဂါများကိုနေ့စဉ်ပြုပြင်၍ တစ်စုံတစ်ခုမျှမပြီးသေးမီကာလတွင်၊ စာရင်းတော်၌အကုန်အစင်မှတ်သားလျက်ရှိခဲ့ပါ၏။ 17 အိုဘုရားသခင်၊ ကိုယ်တော်၏အကြံအစည်တော်များသည် အကျွန်ုပ်၌မွန်မြတ်လျက်၊ အချုပ်အချာများလှပါတကား။ 18 ရေတွက်လျှင်သဲလုံးထက်များပါ၏။ အကျွန်ုပ်နိုးသောအခါ၊ ကိုယ်တော်နှင့်အတူရှိနေပါ၏။ 19 အိုဘုရားသခင်၊ လူဆိုးတို့ကိုကွပ်မျက်တော်မူပါစေသော။ အချင်းလူသတ်တို့၊ ငါ့ထံမှထွက်သွားကြလော့။ 20 ရန်သူတော်ဖြစ်သောထိုသူတို့သည်၊ ကိုယ်တော်ကိုတော်လှန်ပုတ်ခတ်လျက်ရှိနေကြပါ၏။ 21 အိုထာဝရဘုရား၊ ကိုယ်တော်ကိုမုန်းထားသူတို့အားမုန်းထားခြင်း၊ ထကြွသူတို့အားရွံရှာခြင်းကို ငါပြုသည်မဟုတ်ပါလော။ 22 အကြွင်းမဲ့မုန်းထား၍၊ ကိုယ့်ရန်သူကဲ့သို့မှတ်ပါ၏။ 23 အိုဘုရားသခင်၊ အကျွန်ုပ်ကိုစိစစ်လျက်စိတ်နှလုံးကိုသိမှတ်တော်မူပါ။ စစ်ဆေးလျက်အကြံအစည်များကိုသိမှတ်တော်မူပါ။ 24 ဆိုးသွမ်းသောအလေ့အလာတစ်စုံတစ်ရာရှိမရှိကိုရှုကြည့်၍၊ ထာဝရလမ်းတော်ထဲ၌လမ်းပြတော်မူပါ။