ဆာလံ။ 136
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်သည် ကာလအစဉ်တည်သောကြောင့်၊ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ဘုရားထက်ဘုရား၏ကရုဏာတော်သည် ကာလအစဉ်တည်သောကြောင့်၊ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ အရှင်ထက်အရှင်၏ကရုဏာတော်သည် ကာလအစဉ်တည်သောကြောင့်၊ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ထူးခြားေသာအံ့ဖွယ်ရာတန်ခိုးများကိုတစ်ပါးတည်းသာပြုတော်မူထသော၊ ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ဉာဏ်တော်အားဖြင့်မိုးကောင်းကင်ကိုဖန်ဆင်းတော်မူထသော၊ ကရုဏာတော်သည်ကာလအစဉ်တည်၍၊ သမုဒ္ဒရာပေါ်မှာမြေကြီးကိုဖြန့်တော်မူထသော၊ ကရုဏာတော်သည်ကာလအစဉ်တည်၍၊ အလင်းအိမ်ကြီးများကိုဖန်ဆင်းတော်မူထသော၊ ကရုဏာတော်သည်ကာလအစဉ်တည်၍၊ နေ့ကိုအုပ်စိုးရန်နေကိုလည်းေကာင်း၊ ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ညဉ့်ကိုအုပ်စိုးရန်လနှင့်ကြယ်နက္ခတ်ကိုလည်းေကာင်း၊ ဖန်ဆင်းတော်မူထသော၊ 10 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ အိဂျစ်ပြည်ရှိဩရသတို့ကိုကွပ်မျက်တော်မူထသော၊ 11-12 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ အားကြီးသောလက်ရုံးတော်ဆန့်တန်းခြင်းဖြင့်၊ ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ဣသရေလလူမျိုးကို ထုတ် ဆောင်တော်မူထသော၊ 13 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ပင်လယ်နီကိုတစ်ပိုင်းစီခွဲတော်မူထသော၊ 14 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ဣသရေလလူမျိုးကို ထိုပင်လယ်၌လျှောက်သွားစေတော်မူထသော၊ 15 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ဖာရောဘုရင်နှင့် ဗိုလ်ခြေတို့ကိုပင်လယ်နီထဲ၌ ဖြိုလှဲတော်မူထသော၊ 16 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ လူမျိုးတော်ကိုသဲကန္တရ၌ လမ်းပြတော်မူထသော၊ 17 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ဘုန်းကြီးသောဘုရင်တို့ကို ကွပ်မျက်တော်မူထသော၊ 18 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ကျော်စောသောဘုရင်မင်းတို့ကိုလုပ်ကြံတော်မူထသော၊ 19 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ အာမောရိပြည့်ရှင်ရှိဟုန်မင်းကိုလည်းေကာင်း၊ 20 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ဗာရှန်ပြည့်ရှင်ဩဃမင်းကိုလည်းေကာင်း၊ 21 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ သူတို့ပြည်နယ်ကိုအပိုင်လွှဲအပ်တော်မူထသော၊ 22 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ကျွန်တော်ရင်းဣသရေလလူမျိုးအားအပိုင်ပေးတော်မူထသော၊ 23 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ယုတ်နိမ့်လျက်နေသောငါတို့ကိုသတိရတော်မူထသော၊ 24 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ငါတို့ကိုရန်ဘက်ပြုသူတို့အထဲမှ ကယ်လွှတ်တော်မူထသော၊ 25 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ သတ္တဝါရှိသမျှကိုကျွေးမွေးတော်မူထသော၊ 26 ကရုဏာတော်သည်ကာလအစဉ်တည်၍၊ ကောင်းကင်ဘုံရှင်တည်းဟူသောဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။