ဆာလံ။ 129
ဣသရေလလူမျိုးတို့ဝန်ခံကြရမည့်အကြောင်းမှာ၊ ငယ်ရွယ်စဉ်ကကြိမ်ဖန်များစွာငါ့ကိုညှဉ်းပန်းကြပြီ။ ငယ်ရွယ်စဉ်ကကြိမ်ဖန်များစွာငါ့ကိုညှဉ်းပန်းကြသော်လည်း၊ မနိုင်ကြ။ ထယ်ထိုးသူတို့သည်၊ ငါ့ကျောပေါ်မှာရှည်လျားသော ထယ်ကြောင်းများကို ထိုးကြလေစွဟူ၍တည်း။ ဖြောင့်မတ်တော်မူသောထာဝရဘုရားသည်၊ လူဆိုးတို့၏နှောင်ကြိုးများကိုဖြတ်တော်မူပြီ။ ဇိအုန်မြို့ကိုမုန်းထားသူအပေါင်းတို့သည်၊ အရှက်ကွဲ၍ လန်ကြပါစေသော။ 6-8 တံစဉ်မကျော့မီ ညှိုးနွမ်းသဖြင့်၊ ရိတ်သိမ်းသူဆုတ်ကိုင်ခွင့်၊ စည်းနှောင်သူပွေ့ပိုက်ခွင့်မရစေသည့်ပြင်၊ ထာဝရဘုရား၏ မင်္ဂလာတော်သက်ရောက်ပါစေသောဟူ၍လည်းေကာင်း၊ ထာဝရဘုရား၏နာမတော်နှင့်ငါတို့ကောင်းကြီးပေးကြသည်ဟူ၍လည်းေကာင်း၊ သီသွားသူတို့ပြောဆိုခွင့်မရစေသောအိမ်မိုးပေါက်ပေါင်းပင်ကဲ့သို့ဖြစ်ကြပါစေသော။