ဆာလံ။ 123
ကောင်းကင်ဘုံ၌စံတော်မူသောအရှင်၊ ကိုယ်တော်ကိုအကျွန်ုပ်မေျှာ်ကြည့်ပါ၏။ ကျွန်တို့သည်သခင်လက်ကိုလည်းေကာင်း၊ ကျွန်မတို့သည် သခင်မလက်ကိုလည်းေကာင်း၊ မေျှာ်ကြည့်သကဲ့သို့၊ ကရုဏာသက်တော်မမူမီ၊ အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားကို မေျှာ်ကြည့်လျက်နေကြပါ၏။ အိုထာဝရဘုရား၊ မထီလေးစားအပြုခံရသည်မှာ၊ ညီးငွေ့ကြသဖြင့်ကရုဏာသက်၍ သနားတော်မူပါ။ ချမ်းသာသူတို့သရော်၍၊ မာနကြီးသူတို့မထီလေးစားပြုကြသည်မှာ၊ စိတ်ညီးငွေ့လှစွတကား။