ဆာလံ။ 121
ငါသည် တောင်တန်းသို့မေျှာ်ကြည့်လျက်နေ၏။ မစခြင်းကိုမည်သည့်အရပ်မှရပါအံ့နည်း။ မိုးမြေကိုဖန်ဆင်းတော်မူသောထာဝရဘုရားအထံတော်မှ၊ မစခြင်းကိုရပါလိမ့်မည်။ ကိုယ်တော်သည်သင့်ခြေကိုချော်စေခြင်း၊ သင့်ကိုစောင့်ထိန်းသောအရှင်သည် ငိုက်မျည်းခြင်းပြုတော်မမူေစလင့်။ ကြည့်လော့။ ဣသရေလလူမျိုးကိုစောင့်ထိန်းသောအရှင်သည်၊ ငိုက်မျည်းခြင်း၊ ကျိန်းစက်ခြင်းရှိတော်မူသည်မဟုတ်။ ထာဝရဘုရားသည် သင့်ကိုစောင့်ထိန်းတော်မူသောအရှင်၊ ထာဝရဘုရားသည်သင့်ညာဘက်မှာခိုရာအရိပ်ဖြစ်တော်မူ၍၊ နေ့အချိန်၌နေရှိန်၊ ညဉ့်အချိန်၌လရှိန်၊ မထိမခိုက်ရ။ ထာဝရဘုရားသည်ဘေးဟူသမျှမှကွယ်ကာ၍၊ သင့်အသက်ကိုစောင့်ထိန်းတော်မူလိမ့်မည်။ ထာဝရဘုရားသည်သင်ၙ့ထွက်သွားခြင်းနှင့်ဝင်လာခြင်းကို၊ ယခုမှစ၍ကာလအစဉ်၊ စောင့်ထိန်းတော်မူလိမ့်မည်။