ဆာလံ။ 115
အိုထာဝရဘုရား၊ အကျွန်ုပ်တို့၌မဟုတ်ဘဲ၊ ကိုယ်တော်၏နာမတော်၌သာ၊ ကရုဏာတော်နှင့်သစ္စာတော်အတွက်၊ ဘုန်းရှိစေတော်မူပါ။ ချင်းတို့ဘုရားကား၊ အဘယ်မှာနည်းဟုလူမျိုးခြားတို့သည်၊ အဘယ့်ကြောင့်လှောင်ပြောင်ခွင့်ရှိရကြအံ့နည်း။ ငါတို့ဘုရားသခင်သည် ကောင်းကင်ဘုံ၌စံ၍၊ သဘောတော်မြတ်ရာပြုတော်မူခဲ့ပြီ။ သူတို့ရုပ်ပွားများကား၊ လူ့လက်ဖြင့်ထုလုပ်ပြီး ရွှေ၊ ငွေ၊ များဖြစ်သည်နှင့်၊ နှုတ်ရှိလျက်ပင်၊ ပြောဆိုခွင့်၊ မျက်စိရှိလျက်ပင်၊ ရှုမြင်ခွင့်၊ နားရှိလျက်ပင်၊ ကြားနာခွင့်၊ နှာခေါင်းရှိလျက်ပင်၊ အနံ့ရခွင့်၊ လက်ရှိလျက်ပင်၊ ဆုပ်ကိုင်ခွင့်၊ ခြေရှိလျက်ပင်၊ လျှောက်သွားခွင့်၊ လည်ချောင်းဖြင့်လည်းမြွက်ဆိုခွင့်ရှိကြသည်မဟုတ်။ ထုလုပ်သူတို့သည် ကိုးစားသမျှသူတို့ပါ၊ ထိုအတူဖြစ်ကြပါစေသော။ အိုဣသရေလလူမျိုး၊ ထာဝရဘုရား၌ကိုးစားကြလော့။ ကိုယ်တော်သည်၊ သင်တို့အထောက်အမ၊ ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။ 10 အိုအာရုန့်အနွယ်သားတို့၊ ထာဝရဘုရား၌ကိုးစားကြလော့။ ကိုယ်တော်သည်၊ သင်တို့အထောက်အမ၊ ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။ 11 ထာဝရဘုရားကိုခန့်ညားသူတို့၊ ထာဝရဘုရား၌ကိုးစားကြလော့။ ကိုယ်တော်သည် 115.11 ပါဠိ - ၒသူတို့။သင်တို့အထောက်အမ၊ ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။ 12 ငါတို့ကိုသတိရပြီးသောထာဝရဘုရားသည်၊ ကောင်းကြီးပေးလျက်၊ ဣသရေလအမျိုးသားတို့ကိုလည်းေကာင်း၊ အာရုန့်အနွယ်သားတို့ကိုလည်းေကာင်း၊ ကောင်းကြီးမင်္ဂလာပေးတော်မူပါ စေသော။ 13 ထာဝရဘုရားအား၊ ခန့်ညားသူအကြီးအငယ်တို့ကိုကောင်းကြီးပေးလျက်၊ 14 သင်တို့ကိုသားမြေးတို့ပါ၊ တိုးပွားအောင်ပြုတော်မူပါစေသော။ 15 သင်တို့သည်၊ မိုးမြေကိုဖန်ဆင်းတော်မူသောထာဝရဘုရားအထံတော်မှ၊ မင်္ဂလာခံရကြပါစေသော။ 16 ကောင်းကင်သည် ထာဝရဘုရားစံရာကောင်းကင်ဖြစ်၏။ မြေပထဝီကိုမူကား၊ လူ့သားတို့အားသနားတော်မူပြီ။ 17 သူသေတို့နှင့် ဆိတ်ညံရာသို့ဆင်းရသူရှိသမျှသည်၊ ထာဝရဘုရားကိုမချီးမွမ်းရကြ။ 18 ငါတို့မူကား ထာဝရဘုရားကိုယခုမှစ၍၊ ကာလအစဉ်ဩဘာဆက်ကြမည်။ ဟာလေလုယ။