ဆာလံ။ 114
ဣသရေလလူမျိုးသည်၊ အိဂျစ်ပြည်မှလည်းေကာင်း၊ ယာကုပ်အမျိုးသားတို့သည်၊ စကားဝဲသောလူမျိုးမှလည်းေကာင်း၊ ထွက်လာကြရာ၊ ယုဒနယ်သည် ဌာနတော်၊ ဣသရေလပြည်သည် နိုင်ငံတော်ဖြစ်သည်နှင့်၊ ပင်လယ်ရေမြင်၍ထွက်ပြေးရလျက်၊ ယော်ဒန်မြစ်ရေဆုတ်စီးရလျက်၊ တောင်များသည် သိုးထီးကဲ့သို့လည်းေကာင်း၊ ကုန်းများသည် သိုးငယ်ကဲ့သို့လည်းေကာင်း၊ ခုန်ပေါက်ကြ၏။ အချင်းပင်လယ်ရေ၊ သင်ထွက်ပြေးခြင်း၊ အချင်းယော်ဒန်မြစ်ရေ၊ သင်ဆုတ်စီးခြင်း၊ အချင်းတောင်တို့၊ သိုးထီးကဲ့သို့လည်းေကာင်း၊ အချင်းကုန်းတို့၊ သိုးငယ်ကဲ့သို့လည်းေကာင်း၊ သင်တို့ခုန်ပေါက်ခြင်းအကြောင်းကား၊ မည်သို့နည်း။ 7-8 အချင်းမြေပထဝီ၊ ကျောက်တောင်ကိုရေအိုင်၊ မီးခတ်ကျောက်ကိုစမ်းတွင်းဖြစ်စေတော်မူသောအရှင်ဘုရား၏ရှေ့တော်၊ ယာကုပ်၏ဘုရားသခင့်ရှေ့တော်၌၊ တုန်လှုပ်လျက်နေလော့။