ဆာလံ။ 113
ဟာလေလုယ၊ ထာဝရဘုရား၏ ကျွန်တော်တို့၊ ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းလျက်၊ ထောမနာပြုကြလော့။ ထာဝရဘုရား၏နာမတော်ကို၊ ယခုမှစ၍ ကာလအစဉ်ဩဘာဆက်ကြပါစေသော။ နေထွက်ရာမှနေဝင်ရာတိုင်အောင်၊ ထာဝရဘုရား၏ နာမတော်သည် ချီးမွမ်းဖွယ်ဖြစ်၏။ ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ထက်လည်းေကာင်း၊ ဘုန်းတော်သည် မိုးကောင်းကင်ထက်လည်းေကာင်း၊ မြင့်မြတ်တော်မူ၏။ 5-6 မြင့်မြတ်သောနေရာ၌စံနေလျက်၊ မိုးကောင်းကင်နှင့်မြေပထဝီကိုငုံ့၍၊ ရှုကြည့်တော်မူသောငါတို့ဘုရားသခင်ထာဝရဘုရားနှင့် မည်သူတူသနည်း။ ဆင်းရဲသူ့ကို မြေမုန့်ထဲကချီးမြှင့်လျက်၊ နွမ်းပါးသူ့ကိုအမှိုက်ပုံထဲကတင်မြှောက်ပြီးလျှင်၊ မှူးမတ်တို့တည်းဟူသော၊ လူမျိုးတော်၏မှူးမတ်တို့နှင့်အတူ၊ နေရာပေးတော်မူ၏။ အိမ်ထောင်သူဖြစ်လျက်မြုံသောမိန်းမကို၊ သားတို့၏ရွှင်လန်းသောအမိဖြစ်စေတော်မူ၏။ ဟာလေလုယ။