ဆာလံ။ 110
ငါ့အရှင်ဘုရားအား၊ ထာဝရဘုရားက၊ သင့်ရန်သူတို့ကိုသင့်ခြေတင်ရာငါမဖြစ်စေမီအတွင်း၊ ငါ့လက်ျာဘက်မှာစံနေလော့ဟုမိန့်တော်မူ၏။ ဇိအုန်မြို့မှ အရှင်၏ရာဇလှံတံကိုထာဝရဘုရားစေလွှတ်တော်မူမည့်အလျောက်၊ ရန်သူတို့အလယ်၌အုပ်စိုးတော်မူပါ။ ဗိုလ်ခြေတော်တို့နေ့ရက်၌၊ လူမျိုးတော်သည် သန့်ရှင်းသောတန်ဆာနှင့် အပျော်စစ်ထမ်းလျက်၊ အရုဏ့်ဝမ်းထဲကနှင်းသဖွယ်အရှင်၏လုလင်ပျိုတို့ချီထွက်ကြပြီ။ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရပရောဟိတ်ဖြစ်သည်ဟု၊ ထာဝရဘုရားသစ္စာထား၍၊ သဘောပြောင်းလဲတော်မူမည်မဟုတ်။ ယာဘက်တော်၌စံနေသောအရှင်ဘုရားသည်၊ အမျက်တော်နေ့ရက်တွင်၊ ဘုရင်မင်းတို့ကိုလုပ်ကြံခြင်း၊ လူမျိုးခြားတို့အားစီရင်ဆုံးဖြတ်ရာတွင်၊ အလောင်းများစွာထားလျက်၊ ပြည့်ကြီးဦးခေါင်းကိုလုပ်ကြံခြင်းပြုရာ၊ ခရီးတော်အကြား၊ ချောင်းရေကိုသောက်၍၊ မော်မောက်ခွင့်ရတော်မူလိမ့်မည်။