ဆာလံ။ 11
ထာဝရဘုရား၌ခိုလှုံသူ၊ ငါ၏အသက်ဝိညာဉ်အား၊ တောင်ပေါ်သို့ငှက်ကဲ့သို့ပျံသွားလော့။ လူဆိုးတို့သည်၊ သဘောဖြောင့်သူတို့ကို၊ မှောင်ခိုလျက်ခွင်းပစ်ခြင်းငှာ၊ လေးညှို့တင်၍ တပ်ပြီးမြှားဖြင့်ရွယ်ကြပြီတကား။ အခြေအမြစ်များပျက်စီးလျှင်၊ ဖြောင့်မတ်သူသည် မည်သို့တတ်နိုင်အံ့နည်း၊ ဟူ၍အဘယ့်ကြောင့်သင်တို့ဆိုရသနည်း။ သန့်ရှင်းရာဗိမာန်တော်၌တည်လျက်၊ ကောင်းကင်ဘုံရှိပလ္လင်တော့်ထက်စံတော်မူသော ထာဝရဘုရားသည်၊ လူ့သားတို့ကိုမျက်စိတော်ဖြင့်ရှုကြည့်၍၊ မျက်ခွံတော်ဖြင့်စံချတော်မူ၏။ ဖြောင့်မတ်သူ့ကို ထာဝရဘုရားစံချတော်မူ၍၊ ကြမ်းကြုတ်ခြင်းနှစ်သက်သူနှင့်လူဆိုးတို့ကိုမုန်းထားရွံရှာတော်မူ၏။ လူဆိုးတို့အပေါ်သို့ ကျော့ကွင်းများကိုကျရောက်စေတော်မူမည်။ မီး၊ ကန့်နှင့်လေပူသည်၊ သူတို့သုံးသောက်ရန်ဝေပုံဖြစ်လိမ့်မည်။ ဖြောင့်မတ်တော်မူသည့်အလျောက်၊ ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူသော ထာဝရဘုရား၏မျက်နှာတော်ကို၊ ဖြောင့်မတ်သူသာဖူးမေျှာ်ရလိမ့်မည်။