ဆာလံ။ 109
အကျွန်ပ်ချီးမွမ်းထိုက် ချီးမွမ်းရာဘုရား၊ ဆိတ်ဆိတ်နေတော်မမူပါနှင့်။ လူဆိုးလူလိမ်တို့သည်ပါးစပ်ဟလျက်၊ မုသာသုံးသောလျှာဖြင့် အကျွန်ုပ်တစ်ဘက်ပြောဆိုလျက်၊ မုန်းထားသောစကားများဖြင့် ဝန်းဝိုင်းခြင်း၊ အကြောင်းမဲ့စစ်တိုက်ခြင်းပြု၍၊ အကျွန်ုပ်မေတ္တာပို့လျက်ပင်၊ မေတ္တာအစားရန်ညှိုးဖွဲ့ခြင်းထားလျက်၊ အကောင်းအစားအဆိုးကိုလည်းေကာင်း၊ ချစ်ခြင်းအစားမုန်းထားခြင်းကိုလည်းေကာင်း၊ ဆပ်ပေးခဲ့ကြပါ၏။
ထိုသို့သောသူတို့အပေါ်မှာမင်းဆိုးကိုခန့်ထားလျက်၊ ညာဘက်၌လည်းစွဲဆိုသူရပ်နေပါစေ။ တရားစီရင်ခြင်းခံရသော်၊ ကိုယ်တိုင်သည်လူဆိုး၊ လျှောက်ဆိုချက်လည်းအပြစ်ဖြစ်ပါစေ။ အသက်တာကျုံ့လျက်၊ ရာထူးကိုသူတစ်ထူးယူပါစေ။ သားသမီးတို့သည် ဖသက်ဆိုး၊ မယားသည် မုဆိုးမဖြစ်လျက်၊ 10 ကိုယ့်ဖုန်းဆိုးများနှင့်ခွာ၍၊ လှည့်လည်တောင်းစားသူအဖြစ်၊ သားသမီးများတောင်းစားကြရစေ။ 11 ပိုင်သမျှကိုကြွေးရှင်သိမ်းယူလျက်၊ ချွေးနဲစာကိုသူစိမ်းတို့လုယူကြပါစေ။ 12 သူ့ကိုကရုဏာသက်သူ၊ ဖသက်ဆိုးတို့ကိုသနားသူ၊ တစ်ယောက်မျှမရှိပါစေနှင့်။ 13 အမျိုးအနွယ်သည်ပြတ်စဲလျက်၊ အမည်သည်နောင်တစ်ဆက်တည်းတွင် ကျေပျောက်ပါစေ။ 14 ထာဝရဘုရားသည် သူ့ဘိုးဘေးတို့ဒုစရိုက်ကိုသတိရလျက်၊ အမိအပြစ်ကိုချေဖျက်တော်မမူပါစေနှင့်။ 15 မြေကြီးပေါ်မှအမည်ကိုပင်ပယ်ရှားတော်မူစေရန်၊ ထိုပြစ်မှုများသည် ထာဝရဘုရားရှေ့တော်မှာ၊ အစဉ်မပြတ်ထင်ရှားပါစေ။
16 အသို့ဆိုသော်၊ ထိုသူသည်သနားရန်သတိမရဘဲ၊ ဆင်းရဲနွမ်းပါးလျက် နှလုံးကြေကွဲသူ့ကိုသေအောင်ညှဉ်းပန်းခဲ့ပြီ။ 17 ကျိန်ဆဲခြင်းကိုနှစ်သက်သဖြင့်၊ ကိုယ့်အပေါ်သို့သင့်ရောက်ခဲ့ပြီ။ ကောင်းကြီးပေးခြင်းကိုမနှစ်မျို့သဖြင့်၊ ကိုယ်နှင့်ဝေးကွာခဲ့ပြီ။ 18 ကျိန်ဆဲခြင်းကိုခြုံထည်သဖွယ်ရုံသည့်အလျောက်၊ ကိုယ့်ဝမ်းထဲသို့ရေ၊ ကိုယ့်အရိုးထဲသို့ဆီကဲ့သို့စိမ့်လေပြီ။ 19 သူ့ခြုံသောဝတ်လုံကဲ့သို့လည်းေကာင်း၊ သူစည်းပတ်သောခါးပန်းကဲ့သို့လည်းေကာင်း၊ ဖြစ်ပါစေ။ 20 ငါ့အသက်တစ်ဘက်မကောင်းပြောဆိုတတ်သောရန်ဘက်တို့သည်၊ ထာဝရဘုရားထံမှထိုသို့သောအကျိုးဆက်ကိုခံရကြ၏။
21 သို့ရာတွင်၊ အိုထာဝရအရှင်ဘုရား၊ နာမတော့်အတွက်ကြောင့်၊ အကျွန်ုပ်အမှုကိုဆောင်လျက်၊ ကရုဏာတော်ကောင်းမြတ်သည့်အလျောက်၊ ကယ်လွှတ်တော်မူပါ။ 22 အကျွန်ုပ်သည်ဆင်းရဲနွမ်းပါး၍၊ အတွင်းနှလုံးထိရှလျက်ရှိပါ၏။ 23 ရှည်လျားသောအရိပ်ကဲ့သို့ရွေ့သွားလျက်၊ ကျိုင်းကောင်ကဲ့သို့လွင့်ပါးလျက်ရှိနေပါ၏။ 24 အစာရှောင်နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့၍၊ အသားလည်းလျော့ပါးပါ၏။ 25 လူတို့ကဲ့ရဲ့ဖွယ်ရာဖြစ်၍၊ တွေ့မြင်သောအခါ၊ ဦးခေါင်းခါကြပါ၏။ 26 အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ မစလျက်၊ ကရုဏာတော်အလျောက်ကယ်မလျက်၊ 27 လက်ရုံးတော့်အမှုသည်၊ ကိုယ်တော်တိုင်အစီအရင်ဖြစ်ကြောင်း၊ ထင်ရှားစေတော်မူပါ။ အိုထာဝရဘုရား၊ 28 သူတို့ကျိန်ဆဲကြသော်လည်း၊ ကောင်းကြီးပေးတော်မူပါ။ ရပ်တန့်သဖြင့် အရှက်ကွဲကြရာ၊ ကျွန်တော်မျိုးရွှင်လန်းရပါစေသော။ 29 ရန်ဘက်တို့သည် အသရေပျက်ခြင်းကိုဝတ်ဆင်လျက်၊ စောင်သဖွယ်ကိုယ့်အရှက်နှင့်လွှမ်းခြုံကြရပါစေသော။
30 အကျွန်ုပ်သည်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကိုနှုတ်မြွက်၍ အထူးချီးမွမ်းလျက်၊ ပရိသတ်တို့အလယ်တွင် ဂုဏ်တော်ကိုချီးမွမ်းပါမည်။ 31 ကိုယ်တော်သည်၊ နွမ်းပါးသူ၏ညာဘက်၌ ရပ်တန့်လျက်၊ သေဒဏ်စီရင်သူတို့လက်မှကယ်တော်မူလိမ့်မည်။