ဆာလံ။ 101
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကရုဏာသက်ခြင်း၊ တရားသဖြင့်စီရင်ခြင်းအကြောင်း၊ သီချင်းဖွဲ့ဆိုလျက်၊ ကိုယ်တော့်ထံကျူးဧပါမည်။ စုံလင်သောအလေ့အလာ၌လိမ္မာစွာကျင်လည်လျက်၊ ကိုယ့်နန်းတော်အတွင်းစုံလင်သောစိတ်နှင့် လိုက်လျှောက်ပါမည်။ မည်သည့်ကာလမှကြွရောက်တော်မူပါအံ့နည်း။ ယုတ်ညံ့သောအရာကိုမျက်မှောက်မပြုပါ။ ေဖာက်ပြန်သောအမှုကို ရွံရှာသည့်အလျောက်၊ စွဲလမ်းခြင်းမပြုပါ။ အဆိုးနှင့်မကျွမ်းဝင်ဘဲ၊ ကောက်ကျစ်သောသဘောကိုပယ်ထားပါမည်။ အပေါင်းအေဖာ်အားတိတ်တဆိတ်ကုန်းချောသောသူ့ကိုပယ်ရှားပါမည်။ မျက်နှာမော်၍စိတ်နေမြင့်သောသူ့ကိုသည်းမခံပါ။ ပြည်တော်ရှိသစ္စာစောင့်သူတို့ကို၊ ရှုကြည့်၍ခစားခွင့်၊ စုံလင်သောအလေ့အလာ၌ ကျင်လည်သူ့ကို၊ အမှုဆောင်ခွင့်ပေးပါမည်။ လှည့်စားတတ်သောသူသည်၊ အကျွန်ုပ်နန်းတော်၌ဝင်နေခွင့်၊ မုသာသုံးသူလည်း၊ မျက်မှောက်၌တည်နေခွင့်မရှိရပါ။ ပြည်သားဆိုးရှိသမျှကို၊ နံနက်တိုင်းပယ်ရှားသဖြင့်၊ ဒုစရိုက်ပြုကျင့်သူအပေါင်းတို့ကို၊ ထာဝရဘုရား၏မြို့တော်မှဖျက်ဆီးပါမည်။