ဆာလံ။ 100
အချင်းမြေတစ်ပြင်လုံး၊ ထာဝရဘုရားအားရွှင်လန်းသံလွင့်လျက်၊ ထာဝရဘုရားကို အားရစွာဝတ်ပြုလျက်၊ အထံတော်သို့ကြွေးကြော်လျက်၊ တိုးဝင်ကြလော့။ ထာဝရဘုရားသည် ဘုရားသခင်မှန်တော်မူကြောင်းသိမှတ်ကြလော့။ ဖန်ဆင်းတော်မူသည့်အလျောက်၊ ငါတို့သည်ကိုယ်တော်ပိုင်၊ ကိုယ်တော့်လူမျိုး၊ စားကျက်တော်ရှိ သိုးစုဖြစ်ကြပါ၏။ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ တံခါးတော်တွင်းသို့လည်းေကာင်း၊ ဂုဏ်တော်ကိုချီးမြှောက်လျက်၊ တံတိုင်းတော်တွင်းသို့လည်းေကာင်း၊ ဝင်ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ နာမတော်အားဩဘာဆက်ကြလော့။ ထာဝရဘုရားမွန်မြတ်တော်မူ၍၊ ကရုဏာတော်သည်ကာလအစဉ်၊ သစ္စာတော်လည်း လူမျိုးအဆက်ဆက်တည်မြဲသတည်း။