ဆာလံကျမ်း
ဆာလံ။ 1
ပဌမတွဲ
လူဆိုးတို့အကြံပေးရာသို့မလျှောက်မလိုက်၊ အပြစ်သားတို့လမ်း၌မရပ်မနေ။ မထီလေးစားပြု သူတို့နေထိုင်ရာတွင်မနေမထိုင်။ ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍၊ ထိုတရားတော်ကိုနေ့ညဉ့်မပြတ်စဉ်းစားဆင်ခြင်သောသူသည်မင်္ဂလာရှိ၏။ မြစ်နားတွင်စိုက်ထား၍၊ အရွက်မညှိုးဘဲ၊ ရာသီအလျောက်အသီးသီးသော သစ်ပင်နှင့်တူလိမ့်မည်။ ကြံတိုင်းအောင်လျက် ဆောင်တိုင်းမြောက်လိမ့်မည်။ လူဆိုးတို့မှာမူ၊ ထိုသို့မဟုတ်။ လေလွင့်သောဖွဲနှင့်တူကြ၏။ သို့ဖြစ်၍၊ လူဆိုးတို့သည် တရားဆုံးဖြတ်တော်မူရာတွင်လည်းေကာင်း၊ အပြစ်သားတို့သည် ဖြောင့်မတ်သူတို့စည်းဝေးရာတွင်လည်းေကာင်း၊ ရပ်တည်၍၊ နေရကြမည်မဟုတ်။ ထာဝရဘုရားသည် ဖြောင့်မတ်သူတို့လမ်းကို သိကျွမ်းတော်မူ၏။ လူဆိုးတို့လမ်းမူကား၊ ပျောက်ဆုံးရမည်။