6
ငါ့သား၊ သင်သည် အပေါင်းအဖော်အတွက်လည်း‌ေကာင်း၊ သူစိမ်းအတွက်လည်း‌ေကာင်း၊ လက်ဝါးရိုက်၍ အာမခံမိသည်ဖြစ်လျှင်၊ ကိုယ်နှုတ်မြွက်သောစကားဖြင့်ကျော့ဖမ်းခံရလေပြီ။ ငါ့သား၊ သင်သည် အပေါင်းအေဖာ်တို့လက်တွင်းသို့ ရောက်သော်၊ လွတ်မြောက်ခွင့်ရစေရန်ထိုသူ့ထံတိုးလျှိုးတောင်းပန်လော့။ 4-5 ကိုယ့်မျက်စိအိပ်ခွင့်၊ မျက်ခမ်းစက်ခွင့်မပြုဘဲ၊ ဒရယ်ကဲ့သို့လည်း‌ေကာင်း၊ ငှက်ကဲ့သို့လည်း‌ေကာင်း၊ ဖမ်းမိသူ့လက်မှ ကိုယ်ကိုလွတ်မြောက်စေလော့။
အချင်းလူပျင်း၊ ပရွက်ဆိတ်ရှိရာသို့သွား၍၊ ၎င်းတို့အပြုအမူများကိုထောက်ရှုပြီးလျှင်၊ ပညာကိုနည်းခိုးလော့။ ထိုပရွက်ဆိတ်တို့သည်၊ ကြီးကြပ်အုပ်ချုပ်စီမံသူမရှိဘဲလျက်၊ နွေဥတုတွင် ရိက္ခာကို သိုထား၍၊ ရိတ်သိမ်းချိန်တွင် အစာကိုဆည်းပူးလေ့ရှိကြ၏။ အချင်းလူပျင်း၊ မည်မျှကြာအိပ်နေ၍၊ မည်သည့်အခါမှ နိုးထမည်နည်း။ 10 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခွင့်ရှိစေရန် ခဏလက်ပိုက်လျက်နေခိုက်၊ 11 သင်၌ဆင်းရဲခြင်းသည် ဓားပြကဲ့သို့လည်း‌ေကာင်း၊ နွမ်းပါးခြင်းသည် သူရဲကဲ့သို့လည်း‌ေကာင်း၊ သင့်ရောက်လိမ့်မည်။
12 တရားမဲ့သူနှင့် ဒုစရိုက်ပြုသူသည်၊ ကောက်ကျစ်သောနှုတ်ဖြင့် ကျင်လည်ခြင်း၊ 13 မျက်ရိပ်ပြခြင်း၊ ခြေဖြင့် အမှတ်ပြုခြင်း၊ လက်ဖြင့် သညာပေးခြင်းများကို ပြုလုပ်တတ်၏။ 14 ကောက်ကျစ်သောစိတ်နှင့်ပြည့်၍။ အခါခပ်သိမ်းအဆိုးကိုသာ ကြံစည်သဖြင့်၊ ရန်တွေ့ခြင်းကို ဖြစ်ပွားစေတတ်၏။ 15 ထို့ကြောင့်၊ သူ၌ရုတ်တရက်ဘေးသင့်သဖြင့်၊ ပြုပြင်ခွင့်နှင့်ကင်းသောကျိုးပျက်ရာသို့ရောက်လိမ့်မည်။ 16 ထာဝရဘုရားမုန်းထားရာခြောက်ပါး၊ မုချဆိုသော်၊ စက်ဆုပ်ရွံရှာတော်မူသောအရာခုနစ်ပါးဟူမူကား၊ 17 မောက်မော်သောမျက်နှာ၊ မုသာသုံးသောလျှာ၊ အပြစ်ကင်းသူ၏ အသွေးကို သွန်းသောလက်၊ 18 ဒုစရိုက်ကိုကြံစည်သောစိတ်နှလုံး။ 19 အဆိုးပြုရန် လျင်မြန်သောခြေ၊ မုသာသုံး၍ မမှန်သောသက်သေ၊ ညီအစ်ကိုချင်းရန်ဖြစ်ပွားစေသူတို့တည်း။
20 ငါ့သား၊ အဘ၏ ပညတ်ကို စောင့်ထိန်း၍၊ အမိ၏ တရားကိုမစွန့်ဘဲနေလော့။ 21 နှလုံးပေါ်တွင်အစဉ်ချည်၍၊ လည်၌ပတ်ရစ်လော့။ 22 ထိုပညတ်တရားသည်၊ သင်သွားလာသောအခါ လမ်းပြလျက်၊ အိပ်သောအခါ စောင့်ရှောက်ပြီးလျှင်၊ နိုးသောအခါလည်း နှုတ်ဆက်လိမ့်မည်။ 23-24 အသို့ဆိုသော်၊ ထိုပညတ်သည် မီးခွက်သဖွယ်၊ တရားလည်း အလင်းသဖွယ်၊ ဖြစ်သည့်ပြင်၊ ဆုံးမပဲ့ပြင်ခြင်းသည်၊ မိန်းမဆိုးမှလည်း‌ေကာင်း၊ နှုတ်ဖြင့်မြှောက်ပင့်တတ်သော မိန်းမရွှင်မှလည်း‌ေကာင်း၊ သင့်ကို ကွယ်ကာစောင့်ရှောက်စေခြင်းငှာ၊ အသက်လမ်းသဖွယ်ဖြစ်၏။ 25 ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သောစိတ်မရှိနှင့်။ မျက်စဖြင့် သင့်ကိုမကျော့မိစေနှင့်။ 26 လူသည် ပြည်တန်ဆာကြောင့်ပြုန်းတီး၍၊ တစ်လုပ်စာမျှသာရတတ်၏။ မျောက်မထားသောမိန်းမသည်၊ လူ၏အသက်ရတနာကို လိုက်ရှာတတ်၏။ 27 လူသည် အဝတ်မလောင်ဘဲ၊ မီးကိုပိုက်ပွေ့နိုင်သလော။ 28 ခြေမလောင်ဘဲ၊ မီးကျီးကိုနင်းနိုင်သလော။ 29 ထိုနည်းတူ၊ သူ့မယားထံဝင်ရောက်မှားယွင်းသော သူသည်၊ အပြစ်ဒဏ်နှင့်မကင်းမလွတ်ရာ။ 30 မွတ်သိပ်သဖြင့် အသက်မွေးရန်သာ၊ ခိုးသောသူ့ကို အရှက်မခွဲတတ်ကြသော်လည်း၊ 31 တွေ့မိလျှင် သူသည် ခုနစ်ဆဆပ်ပေး၍၊ အိမ်၌ရှိသမျှဥစ္စာကိုပင်လျော်ပေးရ၏။ 32 သူ့မယားနှင့်မှားယွင်းသူသည်၊ ဉာဏ်မရှိ။ ကိုယ့်အသက်ကိုဖျက်ဆီးလိုသောသူသာလျှင်၊ ထိုသို့ပြုတတ်၏။ 33 ရိုက်နှက်ခြင်း၊ အရှက်ကွဲခြင်းကိုခံရသည့်ပြင်၊ ကဲ့ရဲ့ခြင်းနှင့်လည်း ကင်းလွတ်မည်မဟုတ်။ 34 အသို့ဆိုသော်၊ မရှုစိတ်သောသဘောကြောင့်၊ လင်ကြီးသည် ဒေါသမီးလောင်သဖြင့်၊ လက်စားချေရာကာလတွင် ညှာတာလိမ့်မည်မဟုတ်။ 35 လျော်ပြစ်ငွေကိုမည်မျှကို ပမာဏမပြုတတ်။ လက်ဆောင်ပဏ္ဏာများစွာ အပ်ပေးသော်လည်း၊ မကျေမနပ်။