4
ငါ့သားတို့၊ ဉာဏ်ပဋိဘာန်ကိုရရန်၊ အဘ၏ဆုံးမခြင်းကို နာခံနာယူကြလော့။ ကောင်းမွန်သောဩဝါဒကို ငါပေးသည်ဖြစ်၍၊ ငါပြသောတရားကိုမစွန့်ပယ်ကြနှင့်။ ငါမူကား၊ အဘ၏ရင်နှစ်၊ အမိ၏မျက်ချယ်၊ နူးညံ့သောဧကပုတ္တဖြစ်၏။ ငါ့အား၊ အဘသွန်သင်မြွက်ဆိုသည်မှာ၊ ငါ့စကားကိုနှလုံးပိုက်ပညတ်များကိုလည်းစောင့်ရှောက်သဖြင့်၊ အသက်ချမ်းသာရလိမ့်မည်။ ဉာဏ်ပညာကိုလည်း‌ေကာင်း၊ ဉာဏ်ပဋိဘာန်ကိုလည်း‌ေကာင်း၊ သတိမလစ်ဘဲ ဆည်းပူးလော့။ ငါနှုတ်မြွက်သောစကားကို မလွှဲမပယ်နှင့်။ ဉာဏ်ပညာကိုမစွန့်နှင့်။ သင့်အားစောင့်ရှောက်လိမ့်မည်။ ချစ်လော့။ စောင့်ထိန်းလိမ့်မည်။ ဉာဏ်ပညာသည် အထွဋ်အမြတ်ဖြစ်သဖြင့်၊ ဆည်းပူးလော့။ ဆည်းပူအပ်သမျှတွင်၊ ဉာဏ်ပဋိဘာန်ကို အထူးဆည်းပူးလော့။ ဉာဏ်ပညာကို မြတ်နိုးလော့။ သင့်ကိုချီးမြှောက်လိမ့်မည်။ ဖက်ယမ်းလော့။ ဂုဏ်တင်လိမ့်မည်။ ဉာဏ်ပညာသည် သင့်ကိုတင့်တယ်သော ဦးရစ်နှင့် ဆင်ယင်၍၊ ကျက်သရေသရဖူဖြင့် ဖုံးလွှမ်းလိမ့်မည်ဟု မြွက်ဆို၏။
10 ငါ့သား၊ ငါ့စကားကို နာခံနာယူလော့။ နှစ်ပေါင်းများစွာ အသက်ရှင်လိမ့်မည်။ 11 ဉာဏ်ပညာလမ်းကို၊ သင့်အားငါပြသပြီ။ ဖြောင့်မတ်သောလမ်းခရီးဖြင့်လည်း၊ ငါပို့ဆောင်ပြီ။ 12 လျှောက်သွားသောအခါ ခြေလှမ်းမကျဉ်းရ။ ပြေးလျှင်လည်းမလဲရ။ 13 ဆုံးမသွန်သင်ခြင်းကိုစွဲကိုင်လော့။ သင့်အသက်ရှင်ရာရှင်ကြောင်းဖြစ်သောကြောင့်၊ မစွန့်ဘဲ စောင့်ထိန်းလော့။ 14 လူဆိုးတို့၏ လမ်းထဲသို့မဝင်နှင့်။ ဆိုးသွမ်းသူတို့လမ်းတွင် မလျှောက်မလိုက်ရ။ 15 မသီမသန်းဘဲလွှဲရှောင်လျက်၊ ကြဉ်ဖယ်၍ လှည့်သွားလော့။ 16 ထိုသူတို့သည် အဆိုးမပြုဘဲ အိပ်ပျော်လေ့မရှိကြ။ သူတစ်ထူးကို မထိမလဲစေရလျှင်၊ အိပ်ပျက်ခြင်းဖြစ်ရာ၏။ 17 ဒုစရိုက်နှင့်ဆိုင်ရာအစာကိုစား၍၊ အဓမ္မနှင့်ဆိုင်ရာ 4.17  ပါဠိ - စပျစ်ရည်အရက်ကိုသောက်တတ်ကြ၏။ 18 ဖြောင့်မတ်သူတို့၏ လမ်းသည်၊ နေ့ခင်းတိုင်အောင် တိုးတက်၍၊ ထွန်းတောက်သောအလင်းသဖွယ်ဖြစ်၏။ 19 လူဆိုးတို့၏ လမ်းမူကား၊ မှောင်မိုက်သဖွယ်ဖြစ်၍၊ ကိုယ်ကိုလဲစေသောအရာကိုမျှမသိမမြင်ကြ။
20 ငါ့သား၊ ငါမြွက်ဆိုသောစကားကိုနားထောင်နာယူလော့။ 21 ထိုစကားသည် တွေ့ခွင့်ရရှိသူတို့အသက်ရှင်ခြင်း၊ ကိုယ်ခန္ဓာသန်မာခြင်းဖြစ်၍၊ 22 သင့်မျက်မှောက်နှင့်မကွာစေဘဲ၊ စိတ်နှလုံးအတွင်းသွင်းစောင့်လော။ 23 သင့်အသက်တည်ရာချုပ်ရာဖြစ်သောနှလုံးကို၊ အထူးသဖြင့် စောင့်ရှောက်လော့။ 24 ကောက်ကျစ်သောနှုတ်ကိုစွန့်ပယ်လျက်၊ လိမ်လည်သောနှုတ်ခမ်းကို ဝေးစွာခွာလော့။ 25 သင်၏မျက်စိသည် တည့်မတ်စွာရှုကြည့်၍၊ မျက်ခမ်းလည်း တူရူရှေ့ရှုလော့။ 26 ခြေကြွရာလမ်းကို ညီညွတ်စွာပြု၍၊ အလေ့အလာရှိသမျှကိုလည်း တည်ကြည်ပါစေ။ 27 ဝဲယာသို့မတိမ်းမယိမ်းဘဲ၊ ဆိုးသွမ်းခြင်းမှလည်း ခြေဦးလှည့်လော့။