30
မာစလူယာကေ့သား၊ အာဂုရ၏စကားများမှာ၊ လူတစ်ဦးက၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ပင်ပန်းပါပြီ။ ပင်ပန်းလျက်အားကုန်ပါပြီဘုရား။ ငါသည် လူဟူသမျှထက်ဉာဏ်တုံး၍၊ လူ့ပဋိဘာန်မရှိ။ ပညာကိုမလေ့ကျက်၊ သန့်ရှင်းတော်မူသောအရှင်ကိုမသိချေ။ ကောင်းကင်သို့တက်၍ ဆင်းလာခြင်း၊ လေကိုလက်နှင့်ဆုပ်ကိုင်ခြင်း၊ ရေကိုအဝတ်နှင့်ထုတ်ထားခြင်း၊ မြေကြီးအစွန်းဖျားတိုင် တည်စေခြင်း ပြုသူကား၊ မည်သူပါနည်း။ ထိုသို့ပြုသောသူနှင့် သူ၏သားအမည်ကား၊ မည်သို့နည်း။ သင်သိကျွမ်းလိမ့်တကားဟု ပြောဆိုလေ၏။
ဘုရားသခင်၏နှုတ်ကပတ်တော်ရှိသမျှသည်၊ စစ်ဆေးပြီးဖြစ်၏။ ကိုးစားသူတို့အဖို့၊ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ဖြစ်တော်မူ၏။ သင်သည် ပဲ့ပြင်တော်မူခြင်းကိုခံရလျက်၊ မုသာသုံးသူထင်ရှားဖြစ်မည်စိုးရိမ်ရန်ရှိသောကြောင့်၊ နှုတ်ကပတ်တော်တွင်ထပ်ဖြည့်၍မသွင်းနှင့်။
ကိုယ်တော့်ထံမှ ဆုနှစ်ပါးကို အကျွန်ုပ်တောင်းပါ၏။ အသက်ရှင်သမျှကာလပတ်လုံးငြင်းပယ်တော်မမူပါနှင့်။ အနတ္တနှင့်မုသာကို အကျွန်ုပ်နှင့်ဝေးကွာစေလျက်၊ နွမ်းပါးခြင်း၊ ပေါများခြင်းကိုလည်း၊ ဖြစ်စေတော်မမူပါနှင့်။ လိုအပ်သောအစာကိုသာသနားတော်မူပါ။ သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရဘုရားကားမည်သူနည်းဟုဆိုလျက်၊ ကိုယ်တော်အားငြင်းပယ်မည်ကိုသော်လည်း‌ေကာင်း၊ နွမ်းပါးသဖြင့်ခိုးစားမိလျက်၊ အကျွန်ုပ်၏ ဘုရားသခင့်နာမတော်အားရှုတ်ချမည်ကိုသော်လည်း‌ေကာင်း၊ စိုးရိမ်ပါ၏။
10 ကျွန်အကြောင်းကို၊ သခင့်ထံကုန်းချောခြင်းမပြုနှင့်။ ပြုလျှင်၊ ထိုသူသည် ကျိန်ဆဲ၍၊ သင်၌အပြစ်သင့်လိမ့်မည်ဟုစိုးရိမ်ရန်ရှိ၏။
11 အဘကိုဆဲဆို၍၊ အမိကိုမချီးမွမ်းတတ်သောလူမျိုးတစ်ဆက်၊ 12 ကိုယ်စင်ကြယ်သည်ဟုထင်လျက်၊ အညစ်အေကြးကိုမဆေးေသးသောလူမျိုးတစ်ဆက်၊ 13 မျက်နှာမောက်မော်တတ်သောလူမျိုးတစ်ဆက်၊ 14 ဆင်းရဲသူတို့ကို မြေကြီးပေါ်မှာလည်း‌ေကာင်း၊ နွမ်းပါးသူတို့ကိုလူ့ဘောင်မှလည်း‌ေကာင်း၊ မျိုစားပယ်ရှားစေရန်၊ သွားအစားသန်လျက်၊ အံအစားထားပါသော လူမျိုးတစ်ဆက်၊ ဤလေးမျိုးရှိကြ၏။
15 မျှော့၌၊ ပေးပါ၊ ပေးပါဦးဟုဆိုသောသမီးနှစ်ကောင်ရှိ၏။ မရောင့်ရဲနိုင်သောအရာသုံးပါး၊ မုချဆိုသော်၊ တော်ပြီဟုမဆိုတတ်သောအရာလေးပါးဟူမူကား၊ 16 မရဏာ့နိုင်ငံ၊ မြုံသောဝမ်း၊ ရေမဝနိုင်သောမြေ၊ တော်ပြီဟု မဆိုတတ်သောမီးများတည်း။
17 အကြင်သူသည် အဘကိုပြက်ရယ်ပြုလျက်၊ အမိကိုမကြည်မညို၊ မထီမဲ့မြင်ပြုအံ့။ ထိုသူ၏မျက်စိကိုချိုင့်ရှိကျီးအတို့သည် ထုတ်ယူ၍။ လင်းတသားငယ်များလည်းစားကြရလတ္တံ့။
18 ငါ့ဉာဏ်မမီနိုင်သောအရာသုံးပါး၊ မုချဆိုသော်၊ မသိသောအရာလေးပါးဟူမူကား၊ 19 ကောင်းကင်ဖြင့်ရွှေလင်းတပျံဝဲရာလမ်း၊ ကျောက်ပေါ်တွင်မြွေတွားရာလမ်း၊ ပင်လယ်ပြင်၌ သင်္ဘောလွှင့်ရာလမ်း၊ အပျိုနှင့်လူပျိုပြုကျင့်ရာလမ်းများတည်း။ 20 ထိုသို့ပင်၊ မျောက်မထားသောမိန်းမ၏ လမ်းဖြစ်၏။ သူသည် စားပြီးမှခံတွင်းကိုစင်စေ၍၊ ဒုစရိုက်ကိုမပြုမိပါဟုဆိုတတ်၏။
21 မြေကြီးတုန်လှုပ်စေသောအရာသုံးပါး၊ မုချဆိုသော်၊ မခံနိုင်သောအရာလေးပါးဟူမူကား၊ 22 မင်းမူရသောကျွန်၊ အစာဝသောလူမိုက်၊ 23 လင်ရသောရွံ့ရှာဖွယ်မိန်းမ၊ ကိုယ့်သခင်မ၏အမွေစားဖြစ်သူကျွန်မတို့တည်း။
24 မြေကြီးပေါ်တွင် သေးနုပ်လျက်၊ ပညာချွန်သောအရာလေးပါးဟူမူကား။ 25 ခွန်အားသေးသောအမျိုးဖြစ်သော်လည်း၊ နွေဥတုတွင်ရိက္ခာကိုသိုထားတတ်သောပရွက်ဆိတ်၊ 26 မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက်တောင်၌နေသော ခွေးတူ ဝက်တူ၊ 27 မင်းမရှိသော်လည်း၊​ အုပ်စည်းမပျက်ပျံသွားတတ်သောကျိုင်း၊ 28 လက်ဖြင့်ကိုင်ရသော်လည်း၊ နန်းတော်၌နေရသောအိမ်မြှောင်တို့တည်း။
29 ကောင်းမွန်စွာသွားတတ်သောအရာသုံးပါး၊ မုချဆိုသော်၊ အသွားတင့်တယ်သောအရာလေးပါးဟူမူကား၊ 30 တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီးသဖြင့်၊ မည်သည့်အတွက်ကြောင့်မျှ ရွံ့ဆုတ်ခြင်းမရှိသောခြင်္သေ့၊ 31 ခွေးသမင်၊ ဆိတ်ထီး၊ ဗိုလ်ခြေနှင့် ချီသွားသောဘုရင်မင်းတို့တည်း။
32 သင်သည် မိုက်မဲစွာကိုယ်ကို ချီးမြှောက်မိသော်လည်း‌ေကာင်း၊ မကောင်းမှုကို ကြံစည်မိသော်လည်း‌ေကာင်း၊ လက်နှင့်နှုတ်ကိုဖုံးအုပ်လော့။ 33 နို့ရည်ကိုမွှေလျှင် နို့ဓမ်းရ၏။ နှာခေါင်းကိုမွေ့လျှင် အသွေးထွက်၏။ ဒေါသကိုမွှေလျှင် ရန်ဖြစ်တတ်၏။