29
ဆုံးမပဲ့ပြင်ခြင်းကိုအကြိမ်ကြိမ်ခံရလျက်၊ ခဲယဉ်းသောသူသည်၊ ပြုပြင်ခွင့်နှင့် ကင်းသောကျိုးပျက်ရာသို့၊ ရုတ်တရက်ရောက်လိမ့်မည်။ ဖြောင့်မတ်သူတို့ထွန်းကားသောကာလ၊ ပြည်သူပြည်သားတို့ရွှင်လန်းတတ်ကြ၏။ လူဆိုးမင်းမူသောကာလမူကား၊ ညည်းတွားရကြ၏။ ဉာဏ်ပညာကိုနှစ်သက်သောသူသည်၊ အဘအားရွှင်လန်းစေ၏။ ပြည့်တန်ဆာတို့နှင့်ပေါင်းေဖာ်သောသူမူကား၊ ဥစ္စာကို ဖြုန်းတီးတတ်၏။ တရားသဖြင့်စီရင်ခြင်းကြောင့်ဘုရင်မင်းသည်၊ တိုင်းနိုင်ငံကိုတည်စေ၏။ အခွန်အတုတ်ကြီးသော မင်းမူကား၊ မှောက်လှန်တတ်၏။ အပေါင်းအဖော်အား၊ မြှောက်ပင့်သောသူသည်၊ ခြေလှမ်းမည့်နေရာ၌၊ ပိုက်ကိုထောင်ထားတတ်၏။ ဆိုးသွမ်းသူ၏လွန်ကျူးမှုတွင်၊ ကျော့ကွင်းသဖွယ်ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာကြွေးကြော်လိမ့်မည်။ သူတော်ကောင်းသည်၊ ဆင်းရဲသားတို့အမှုကိုထောက်ရှုသိမြင်တတ်၏။ လူဆိုးမူကား၊ သိမြင်နားလည်ခြင်းနှင့်ကင်း၏။ မထီလေးစားပြုသူတို့သည်၊ မြို့ကိုဆူပွက်စေတတ်၏။ ပညာရှိတို့မူကား၊ ဒေါသကိုလွှဲဖယ်တတ်၏။ ပညာရှိသည်၊ လူမိုက်နှင့်အမှုတွေ့ရာ၊ စိတ်ဆိုးသော်လည်းကောင်း၊ ပြုံးရယ်သော်လည်း‌ေကာင်း၊ စိတ်မချမ်းမသာ။ 10 လူ့အသက်ကိုသတ်လိုသောသူတို့သည်၊ ရိုးသားဖြောင့်မှန်သူတို့ကို မုန်းထား၍၊ အသက်အန္တရာယ်ကိုရှာကြံတတ်ကြ၏။ 11 မိုက်မဲသောသူသည်၊ အမျက်ရှိသမျှကို ဖော်ပြတတ်၏။ ပညာရှိမူကား၊ ချုပ်တည်း၍ငြိမ်းစေတတ်၏။ 12 မင်းသည်၊ မုသာစကားကို နားစိုက်လျှင်၊ အမှုထမ်းရှိသမျှလည်း၊ လူဆိုးဖြစ်ကြလိမ့်မည်။ 13 နွမ်းပါးသောသူနှင့်နှိပ်စက်တတ်သူတို့သည်၊ ဆုံစည်းကြ၏။ ၎င်းနှစ်ဦးလုံးတို့မျက်စိကိုကား၊ ထာဝရဘုရားလင်းစေတော်မူ၏။ 14 အကြင်မင်းသည်၊ နွမ်းပါးသူတို့ကိုမှန်ကန်စွာစီရင်အံ့။ ထိုမင်း၏ရာဇပလ္လင်သည်၊ အစဉ်တည်မြဲလတ္တံ့။ 15 ကြိမ်ခတ်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသည်၊ ပညာကိုရစေတတ်၏။ ပေါက်လွတ်ထားသောသူငယ်ကား၊ အမိကိုအရှက်ကွဲစေတတ်၏။ 16 လူဆိုးတို့ထွန်းကားရာကာလ၊ လွန်ကျူးမှုတိုးပွားသော်လည်း၊ ၎င်းတို့ပြိုလဲခြင်းကို၊ သူတော်ကောင်းတို့မြင်ရကြလိမ့်မည်။ 17 သားကိုဆုံးမလော့။ သူသည် သင့်အားချမ်းသာစေသည့်ပြင်၊ စိတ်ပျော်ခွင့်ကိုလည်းပေးလိမ့်မည်။ 18 ဗျာဒိတ်တော်မရှိလျှင်၊ ပြည်သူပြည်သားတို့ဖရိုဖရဲဖြစ်တတ်ကြ၏။ တရားကိုစောင့်ရှောက်သောသူမူကား၊ မင်္ဂလာရှိ၏။ 19 ကျွန်ကိုစကားဖြင့်မျှဆုံးမ၍မနိုင်ရာ။ နားလည်သော်လည်း လိုက်နာမည်မဟုတ်။ 20 စကားလျင်လွန်းသူ့ကိုတွေ့ရှိသလော။ ထိုသူထက် မိုက်မဲသော သူ့အဖို့မျှော်လင့်ရာအကြောင်းရှိသေး၏။ 21 ကျွန်ကိုငယ်ရွယ်စဉ်က ဦးစားပေး၍၊ ကျွေးမွေးခဲ့သောသူသည်၊ နောက်၌ကျွန်၏ကျေးဇူးကိုမခံရ။ 22 စိတ်တိုသောသူသည်၊ ရန်တွေ့ခြင်းကိုနှိုးဆော်တတ်၏။ ဒေါသကြီးသူလည်း၊ များစွာလွန်ကျူးတတ်၏။ 23 မာန်မာနသည်၊ ကိုယ်ကိုနိမ့်ကျစေလိမ့်မည်။ စိတ်နှိမ့်ချသောသူမူကား၊ ဂုဏ်အသရေကိုရလိမ့်မည်။ 24 ခိုးစားဖော်ဖြစ်သူသည်၊ ကိုယ့်အသက်ကိုမုန်းထားရာရောက်၏။ ဓိဋ္ဌာန်ချက်ကိုကြားလျက်ပင်၊ မဖော်မပြတတ်။ 25 လူကိုကြောက်ရွံ့ခြင်းသဘောသည်၊ ကျော့မိရာအကြောင်းဖြစ်၏။ ထာဝရဘုရားအား ကိုးစားသောသူမူကား၊ စိတ်ချစွာနေရလိမ့်မည်။ 26 များစွာသောလူတို့သည်၊ မင်းကိုခယကြသော်လည်း၊ ထာဝရဘုရားသာလျှင်၊ လူကိုတရားဆုံးဖြတ်တော်မူ၏။ 27 ဒုစရိုက်ပြုကျင့်တတ်သူသည်၊ သူတော်ကောင်းတို့ စက်ဆုပ်ရွံ့ရှာဖွယ်၊ ဖြောင့်မှန်စွာလျှောက်လိုက်သောသူလည်း၊ လူဆိုးတို့၏စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်၏။