24
လူဆိုးတို့ကိုမငြူစူနှင့်။ ထိုသူတို့နှင့်ပေါင်းေဖာ်လိုသောစိတ်မရှိလင့်။ သူတို့၏ နှလုံးသည်၊ ဖျက်ဆီးခြင်းငှာ ကြံစည်တတ်၏။ နှုတ်လည်း၊ မကောင်းကျိုးစကားကို မြွက်ဆိုတတ်၏။ ဉာဏ်ပညာအားဖြင့်အိမ်ကိုဆောက်ရလျက်၊ ဉာဏ်ပဋိဘာန်အားဖြင့်တည်မြဲစေရ၏။ အသိပညာအားဖြင့် အခန်းများလည်း၊ ကောင်းမြတ်နှစ်သက်ဖွယ်ရာ ဘဏ္ဍာအမျိုးမျိုးနှင့်ပြည့်စုံရလိမ့်မည်။ ပညာရှင်သည်၊ တန်ခိုးနှင့်တည်၍၊ အသိပညာရှိသောသူလည်း၊ စွမ်းရည်တိုးတက်စေတတ်၏။ အကြံပေးရာဆင်ခြင်ပြီးမှသာ၊ စစ်မှုကိုစီရင်၍၊ အကြံပေးနိုင်သူများလျှင်၊ အောင်မြင်လိမ့်မည်။ ဉာဏ်ပညာသည် မြင့်မြတ်သောကြောင့်၊ လူမိုက်မမှီနိုင်။ မြို့တံခါးဝ၌လည်း၊ နှုတ်မမြွက်ရ။ အဆိုးကိုကြံစည်သောသူသည်၊ အလိမ်အလစ်များသောသူဟု အခေါ်ခံရလိမ့်မည်။ အပြစ်ဒုစရိုက်ကား၊ မိုက်မဲခြင်းဆိုင်ရာအလိမ်အလစ်တည်း။ မထီလေးစားပြုတတ်သူလည်း၊ လူတို့စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ 10 သင်သည် လုံ့လမထုတ်လျှင်၊ ဒုက္ခရောက်သည့်နေ့ရက်၌၊ အားလျော့လိမ့်မည်။ 11 သတ်ရန်ထားသူတို့ကိုလွတ်မြောက်စေ၍၊ ကွပ်မျက်အံ့ဆဲဆဲတွင် သွေးပျက်သူတို့ကို ကယ်နုတ်လော့။ 12 သင်က၊ ငါမသိဟုဆိုလျှင်၊ စိတ်နှလုံးကိုချိန်တော်မူထသောသင့်အသက်၀ိညာဉ်ကိုေစာင့်ထိန်းေတာ်မူထေသာအရှင်သည် သိမြင်လျက်၊ လူအသီးသီးတို့အား၊ အပြုအမူနှင့်အလျောက်ဆပ်ပေးတော်မူမည်မဟုတ်လော။ 13 ငါ့သား၊ ပျားရည်ကောင်းသောကြောင့်၊ စားလော့။ ပျားလပို့လည်း ခံတွင်း၌ချိုမြိန်သကဲ့သို့၊ 14 ဉာဏ်ပညာသည် စိတ်ဝိညာဉ်၌ချိုမြိန်ကြောင်းကိုသိလိမ့်မည်။ တွေ့ခဲ့လျှင်၊ အကျိုးခံစားရလျက်၊ စောင့်ေမျှာ်ရာလည်း၊ မပျက်ဘဲ တည်လိမ့်မည်။ 15 အချင်းလူဆိုး၊ သူတော်ကောင်း၏တည်နေရာကို၊ ချောင်းမြောင်း၍မနေနှင့်။ နေထိုင်ရာကိုလည်းမဖျက်ဆီးနှင့်။ 16 အသို့ဆိုသော်၊ သူတော်ကောင်းသည်၊ ခုနစ်ကြိမ်လဲသော်လည်း၊ ထပြန်လိမ့်မည်။ လူဆိုးတို့မူကား၊ ဘေးသင့်ရာ၌ပြိုလဲကြရလိမ့်မည်။ 17 သင်၏ရန်သူလဲသောအခါ၊ မရွှင်လန်းနှင့်။ လိမ့်ကျသောအခါလည်း၊ စိတ်မသာယာနှင့်။ 18 သို့မဟုတ်၊ ထာဝရဘုရားသိမြင်၍ မနှစ်သက်သဖြင့် အမျက်တော်ကိုသူမှလွှဲတင်တော်မူလိမ့်မည်။ 19 အဆိုးပြုကျင့်တတ်သူတို့ကြောင့် စိတ်မျက်ခြင်း၊ လူသွမ်းတို့ကြောင့် ငြူစူခြင်းမရှိလင့်။ 20 အသို့ဆိုသော်၊ လူဆိုးသည်၊ ကောင်းကျိုးကိုမခံစားရာ။ လူသွမ်းတို့မီးခွက်လည်း၊ ငြိမ်းရလိမ့်မည်။ 21-22 ငါ့သား၊ ထာဝရဘုရားကိုလည်း‌ေကာင်း၊ ဘုရင်မင်းကိုလည်း‌ေကာင်း၊ ​ခန့်ညားလော့။ ထိုနှစ်ပါးတို့စီရင်တော်မူသော ဒဏ်သည်ရုတ်တရက်သင့်၍၊ မည်သူမျှမသိနိုင်သောဘေးရောက် မည်ကို စိုးသောကြောင့်၊ ထကြွတတ်သူတို့နှင့်မပေါင်းလင့်။
23 ပညာရှိတို့နောက်ဆက်စကားကိုဆိုဦးအံ့။ တရားဆုံးဖြတ်ရာတွင်၊ လူ့မျက်နှာကို မထောက်သင့်။ 24 လူဆိုးအား၊ ဖြောင့်မတ်သည်ဟုဆိုသော သူ့ကို၊ ပြည်သူတိုင်းသားတို့ ဆဲဆိုရွံ့ရှာကြလိမ့်မည်။ 25 ဆုံးမပဲ့ပြင်သောသူတို့မူကား၊ စိတ်သာယာလျက် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်။ 26 ဖြောင့်မှန်စွာပြန်ဆိုတတ်သောသူသည်၊ 24.26  ပါဠိ - နမ်းရှုပ်သူ။မိတ်ဆွေစစ်ဖြစ်၏။ 27 ပြင်ပရှိအမှုအရေးကို ပြုပြင်၍၊ လယ်ယာအသင့်ရှိပြီးမှ၊ အိမ်ထောင်လော့။ 28 အပေါင်းအဖော့်တစ်ဘက်၌၊ အကြောင်းမဲ့သက်သေမခံ။ နှုတ်ခမ်းကိုမလှည့်စားလင့်။ 29 ငါ့ကိုသူပြုသည့်အလျောက်ပြန်ပြုမည်။ သူ့အပြုအမူနှင့်လျော်စွာ ဆပ်ပေးမည်ဟုမဆိုလင့်။ 30 ပျင်းရိသောသူ၏လယ်ယာ၊ ဉာဏ်မဲ့သောသူ၏ စပျစ်ခြံအနီး၊ ငါသီသွားရာ၊ တစ်ပြင်လုံးဆူးပင်နှင့်ပြည့်လျက်၊ 31 ဖုန်းဆိုးဖြစ်သည့်ပြင်၊ ကျောက်တံတိုင်းလည်း ပြိုလည်းပြီတကား။ 32 ငါသည် မျက်မှောက်ပြုလျက်၊ နှလုံးသွင်း၍ ရှုကြည့်စဉ်တွင်၊ သွန်သင်ခံရသည်မှာ၊ 33 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ 34 အိပ်ပျော်ခွင့်ရှိစေရန် ခဏလက်ပိုက်လျက် နေခိုက်၊ သင်၌ဆင်းရဲခြင်းသည် ဓားပြကဲ့သို့လည်း‌ေကာင်း၊ နွမ်းပါးခြင်းသည် သူရဲကဲ့သို့လည်း‌ေကာင်း၊ သင့်ရောက်လိမ့်မည်ဟူ၍တည်း။