14
ပညာရှိသောမိန်းမသည်၊ အိမ်ကိုဆောက်တည်တတ်၏။ မိုက်မဲသောမိန်းမမူကား၊ ကိုယ့်အိမ်ကို ကိုယ့်လက်ဖြင့်ဖြိုဖျက်တတ်၏။ ဖြောင့်မှန်စွာလျှောက်လိုက်သောသူသည်၊ ထာဝရဘုရားကို ခန့်ညားတတ်၏။ အလေ့အလာလိမ်လည်သူဟူမူကား၊ မထီမဲ့မြင်ပြုတတ်၏။ လူမိုက်၏နှုတ်တွင်၊ မာနအေညှာက်ပေါက်လျက်ရှိ၏။ ပညာရှိတို့နှုတ်ခမ်းမူကား၊ ကိုယ်ကိုစောင့်ရှောက်တတ်၏။ နွားမရှိလျှင်၊ တင်းကုပ်စင်ကြယ်သည်မှန်သော်လည်း၊ နွား၏ခွန်အားကြောင့်၊ စီးပွားတိုးတက်တတ်၏။ မှန်သောသက်သေသည်၊ မုသာမသုံးတတ်။ မမှန်သောသက်သေမူကား၊ မုသာသုံးတတ်၏။ မထီလေးစားပြုတတ်သူသည်၊ ဉာဏ်ပညာကိုရှာသော်လည်း မတွေ့ရ။ ဉာဏ်ကောင်းသူမူကား၊ အသိပညာကို ရလွယ်၏။ မိုက်မဲသူ့ထံသို့သွားလျှင်၊ နှုတ်၏ ပညာကိုတွေ့ရမည်မဟုတ်။ လိမ္မာသောသူ၏ပညာသည်၊ ကိုယ့်အလေ့အလာကို ဆင်ခြင်ပိုင်းခြားခြင်းဖြစ်၏။ လူဗာလတို့၏မိုက်မဲခြင်းမူကား၊ ပရိယာယ်တည်း။ လူမိုက်တို့သည်၊ အပြစ်ဒုစရိုက်ကို မထီလေးစားပြုတတ်ကြ၏။ ဖြောင့်မှန်သူတို့၌မူကား၊ အချင်းချင်းနှစ်သက်သောသဘောရှိကြ၏။ 10 စိတ်နှလုံးသည်၊ မိမိနစ်နာခြင်းအကြောင်းကို သိတတ်၏။ ၎င်း၏ ရွှင်လန်းခြင်းနှင့် သူတစ်ထူးမစပ်ဆိုင်။ 11 လူဆိုးတို့၏အိမ်သည်၊ ပျက်စီးရလိမ့်မည်။ ဖြောင့်မှန်သူ၏နေရာတဲမူကား၊ စည်ပင်လိမ့်မည်။ 12 လမ်းတစ်လမ်းသည်၊ လူ့မျက်မှောက်၌ ဖြောင့်မှန်ဟန်ရှိသော်လည်း၊ အဆုံး၌၊ သေရခြင်းလမ်းဖြစ်၏။ 13 ရယ်စဉ်အခါ၌ပင်၊ စိတ်ညှိုးခြင်းဖြစ်တတ်၏။ ရွှင်လန်းခြင်း၏အဆုံးလည်း၊ ဒုက္ခနှင့်မကင်းချေ။ 14 စိတ်ဖောက်ပြန်သောသူသည်၊ ကိုယ့်အလေ့အလာနှင့်လည်း‌ေကာင်း၊ သူတော်ကောင်းသည်၊ ကိုယ့်အကျင့်နှင့်လည်း‌ေကာင်း၊ ရောင့်ရဲရ၏။ 15 မလိမ္မာသောသူသည်၊ ကြားသမျှစကားကိုယုံလွယ်တတ်၏။ သတိပညာရှိသောသူမူကား၊ ကိုယ့်အလေ့အလာကို ဆင်ခြင်ပိုင်းခြားတတ်၏။ 16 ပညာရှိသည်၊ အဆိုးကိုကြောက်ရွံ့၍ ကြည်ရှောင်တတ်၏။ မိုက်မဲသောသူမူကား၊ မောက်မာ၍ စိတ်ချစွာနေတတ်၏။ 17 စိတ်တိုသောသူသည်၊ မိုက်မဲစွာပြုလေ့ရှိ၏။ အဆိုးကြံစည်သောသူသည်၊ မုန်းထားခြင်းကိုခံရလိမ့်မည်။ 18 မလိမ္မာသူတို့သည်၊ မိုက်ခြင်းသဘောကို ပိုင်၏။ လိမ္မာသူတို့မူကား၊ အသိပညာကိုသရဖူသဖွယ်ဆင်ယင်တတ်၏။ 19 လူဆိုးတို့သည်၊ သူတော်ကောင်းတို့ရှေ့၌လည်း‌ေကာင်း၊ လူသွမ်းတို့သည်၊ ဖြောင့်မတ်သူ၏တံခါးဝရှေ့၌လည်း‌ေကာင်း၊ ဦးခိုက်ရကြ၏။ 20 သူဆင်းရဲသည်၊ အပေါင်းအဖော်၏မုန်းထားခြင်းကိုခံရ၏။ သူကြွယ်၌မူကား၊ ချစ်ခင်သူများစွာရှိလိမ့်မည်။ ​​​​ 21 အပေါင်းအေဖာ်ကိုမထီမဲ့မြင်ပြုသောသူသည်၊ ပြစ်မှားရာရောက်၏။ သူဆင်းရဲတို့ကိုသနားသောသူ၌မူကား၊ မင်္ဂလာရှိ၏။ 22 အဆိုးကြံစည်တတ်သောသူတို့သည်၊ မှားယွင်းတတ်သည်မဟုတ်လော။ အကောင်းကိုကြံစည်သောသူတို့မူကား၊ သစ္စာနှင့် မေတ္တာကျေးဇူးကို ခံစားရကြလိမ့်မည်။ 23 မည်သည့်အလုပ်အားဖြင့်မဆို၊ ပိုမိုသည့်အဖြစ်သို့လည်း‌ေကာင်း၊ နှုတ်စကားအားဖြင့် လိုလေသေးသည့်အဖြစ်သို့လည်း‌ေကာင်း၊ အမှန်ရောက်ရကြမည်။ 24 ပညာရှိတို့၏စီးပွားချမ်းသာသည်၊ သရဖူသဖွယ်ဖြစ်၏။ လူဗာလတို့၏မိုက်မဲခြင်းမူကား၊ အမိုက်မျှသာဖြစ်၏။ 25 မှန်သောသက်သေသည်၊ အသက်ကိုကယ်ဆယ်တတ်၏။ မုသာသုံးသောသူမူကား၊ လှည့်စားတတ်၏။ 26 ထာဝရဘုရားကို ခန့်ညားသောသူသည်၊ ခိုင်ခံ့သောကိုးစားရာကိုလည်း‌ေကာင်း၊ သားတို့လည်း ခိုလှုံရာကိုလည်း‌ေကာင်း၊ ရကြ၏။ 27 ထာဝရဘုရားကိုခန့်ညားခြင်းသည်၊ သေမင်း၏ညွှတ်ကွင်းမှ လွှဲရှောင်ရန်အသက်စမ်းရေဖြစ်၏။ 28 ပြည်သူပြည်သားတိုးပွားများပြားခြင်းသည်၊ ဘုရင်မင်း၏ဘုန်းတည်ရာအကြောင်း၊ တိမ်ကောခြင်းမူကား၊ မင်း၏ပျက်စီးရာအကြောင်းဖြစ်၏။ 29 စိတ်ရှည်သောသူသည်၊ ထူးကဲသောဉာဏ်ပဋိဘာန်ရှိ၏။ စိတ်တိုသောသူမူကား၊ အမိုက်တရားကို ချီးမြှင့်တတ်၏။ 30 ငြိမ်သက်သောနှလုံးသည်၊ ကိုယ်ကာယအသက်ရှင်ရာအကြောင်း၊ ငြူစူခြင်းမူကား၊ အရိုးများ၏ဆွေးမြေ့ရာအကြောင်းဖြစ်၏။ 31 နွမ်းပါးသူ့ကိုညှဉ်းပန်းသောသူသည်၊ ဖန်ဆင်းတော်မူသောအရှင်ကိုကဲ့ရဲ့ရာ၊ သူဆင်းရဲကို သနားသောသူမူကား၊ ရိုသေရာရောက်၏။ 32 လူဆိုးသည်၊ ဘေးသင့်ရာ၌ ဆုံးပါးခြင်းကိုခံရ၏။ သူတော်ကောင်းမူကား၊ သေရာကာလတွင် ခိုလှုံရာခိုလှုံကြောင်းရှိ၏။ 33 ဉာဏ်ကောင်းသူ၏စိတ်၌၊ ဉာဏ်ပညာကိန်းအောင်းတတ်၏။ မိုက်မဲသူတို့၏အတွင်းသဘောမူကား၊ ထင်ရှားလိမ့်မည်။ 34 ဖြောင့်မတ်ခြင်းသည်၊ ပြည်သူပြည်သားတို့ကို ထွန်းကားစေ၏။ ဒုစရိုက်မှုကား၊ ကျိုးယုတ်ရှက်ကွဲစေတတ်၏။ 35 သတိပညာရှိသောကျွန်အား၊ ဘုရင်မင်းသည်ကျေးဇူးပြု၏။ အရှက်ခွဲတတ်သောကျွန်မူကား၊ အမျက်တော်ကိုခံရ၏။