13
ပညာရှိသောသားသည်၊ အဘ၏ဆုံးမခြင်းကို လိုက်နာတတ်၏။ မထီမဲ့မြင်ပြုသူမူကား၊ ပဲ့ပြင်ခြင်းကိုမလိုက်မနာတတ်။ လူသည်၊ နှုတ်၏အသီးနှင့်အညီအကောင်းကိုလည်း‌ေကာင်း၊ သစ္စာမဲ့သောသူတို့ကား၊ ကြမ်းကြုတ်ခြင်းကိုလည်း‌ေကာင်း၊ ခံစားရ၏။ ကိုယ့်နှုတ်ကိုစောင့်ထိန်းသောသူသည်၊ အသက်ကိုစောင့်ရှောက်ရာရောက်၏။ နှုတ်ကျယ်သောသူမူကား၊ ပျက်စီးလိမ့်မည်။ ပျင်းရိသောသူသည်၊ တပ်မက်သော်လည်းမည်သည်ကိုမျှမရတတ်။ ဝိရိယစိုက်သောသူတို့မူကား၊ ကြွယ်ဝလိမ့်မည်။ သူတော်ကောင်းသည်၊ မုသာစကားကိုမုန်းတတ်၏။ လူဆိုးမူကား ကျိုးယုတ်ရှက်ကွဲခြင်းကိုဖြစ်စေတတ်၏။ အလေ့အလာစုံလင်သောသူ့ကို၊ ဖြောင့်မတ်ခြင်းစောင့်ရှောက်တတ်၏။ အပြစ်သားကိုကား၊ ဆိုးသွမ်းခြင်းမှောက်လှန်တတ်၏။ အလျှင်းမရှိဘဲနှင့်ရတတ်ဟန်ဆောင်သူ၊ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန်ဆောင်သူရှိကြ၏။ လူ့စည်းစိမ်သည်၊ ကိုယ့်အသက်ကိုရွေးနှုတ်ရန်အဖိုးဖြစ်၏။ သူဆင်းရဲမူကား၊ ခြိမ်းချောက်ခြင်းစကားကိုမကြားမအပ်စပ်။ သူတော်ကောင်းတို့အလင်းသည်၊ ကြည်လင်၏။ လူဆိုးတို့၏မီးခွက်မူကား၊ ငြိမ်းလိမ့်မည်။ 10 ထောင်လွှားသောစိတ်အားဖြင့်၊ ရန်ပွားခြင်း သက်သက်ဖြစ်၏။ အကြံပေးရာလိုက်နာသူတို့၌မူကား၊ ဉာဏ်ပညာရှိ၏။ 11 ပေါ့ပေါ့ဆဆရသောစီးပွားချမ်းသာသည်၊ ကုန်ခမ်းလွယ်၏။ လုပ်ကိုင်ဆည်းပူးသောသူမူကား၊ တိုးပွားလိမ့်မည်။ 12 စောင့်မျှော်၍ကြန့်ကြာခဲ့လျှင်၊ နှလုံးမသာယာတတ်၏။ အလိုဆန္ဒပြည့်စုံလျှင်မူကား၊ အသက်ပင်သဖွယ်ဖြစ်၏။ 13 ဗျာဒိတ်တော်ကို မထီမဲ့မြင်ပြုသောသူသည်၊ ပျက်စီးရလိမ့်မည်။ ပညတ်တော်ကို ခန့်ညားသောသူမူကား၊ ချမ်းသာရလိမ့်မည်။ 14 ပညာရှိဩဝါဒတရားသည်၊ သေမင်း၏ညွှတ်ကွင်းများမှလွှဲရှောင်ရန်၊ အသက်စမ်းရေဖြစ်၏။ 15 သတိပညာရှိသောသူ၊ မျက်နှာသာရတတ်၏။ သစ္စာမဲ့သူတို့၏လမ်းသည်၊ ခဲယဉ်း၏။ 16 လိမ္မာသောသူရှိသမျှတို့သည်၊ အသိပညာနှင့်ပြုလုပ်တတ်ကြ၏။ မိုက်မဲသောသူမူကား၊ မိုက်မဲခြင်းကို ဖွင့်ပြတတ်၏။ 17 ဆိုးယုတ်သောတမန်သည်၊ မကောင်းမှု၌ကျရောက်တတ်၏။ သစ္စာရှိသောတမန်မူကား၊ 13.17  ပါဠိ - သန်မာခြင်းအေကြာင်းဖြစ်၏။အမှုကိုအောင်မြင်စေတတ်၏။ 18 ဆုံးမခြင်းကိုငြင်းပယ်သောသူသည်၊ ဆင်းရဲ၍အရှက်ကွဲရလိမ့်မည်။ ပဲ့ပြင်ခြင်းကိုလိုက်နာသောသူမူကား၊ ဂုဏ်ရှိလိမ့်မည်။ 19 အလိုဆန္ဒပြည့်စုံခြင်းဖြင့်၊ အေးမြသောစိတ်ရှိ၏။ မိုက်မဲသူတို့မူကား၊ အဆိုးကိုလွှဲရှောင်ရန်ရွံရှာတတ်၏။ 20 ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည်၊ ပညာရှိလိမ့်မည်။ မိုက်သောသူတို့နှင့် ပေါင်းသင်းသောသူမူကား၊ ပျက်စီးလိမ့်မည်။ 21 အပြစ်သားတို့ကို၊ ဘေးသည်အစဉ်လိုက်တတ်၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကောင်းကျိုးခံစားရကြလိမ့်မည်။ 22 သူတော်ကောင်းသည်၊ သားမြေးတို့အားအမွေကိုခံစေတတ်၏။ အပြစ်သား၏ ဥစ္စာမူကား၊ ဖြောင့်မတ်သူတို့အဖို့သိုထားလျက်ရှိ၏။ 23 သူဆင်းရဲတို့လုပ်သောလယ်တွင်၊ စားနပ်ရိက္ခာများစွာရှိသော်လည်း၊ မတရားမှုဖြစ်လျှင်၊ ပျက်စီးခြင်းကိုခံရ၏။ 24 ကြိမ်လုံးကိုမသုံးသူသည်၊ သားကိုမုန်းရာရောက်၏။ ချစ်သောသူမူကား၊ အရံသင့်ဆုံးမတတ်၏။ 25 သူတော်ကောင်းသည်၊ ရောင့်ရဲစွာစားခွင့်ရှိ၏။ လူဆိုးတို့မူကား၊ ဝမ်းဟာလျက်ရှိကြ၏။