2
သို့သော်လည်း လူမျိုးတော့်ဘောင်တွင် မိစ္ဆာပရောဖက်များဟောဘူးသည့်နည်းတူ ဂိုဏ်းခွဲ၍ ဖျက်ဆီးသောသြဝါဒများကို လျှို့တဝှက်ပေးသွင်းလျက် ကိုယ်ကိုဝယ်ယူတော်မူသောသခင်ကိုငြင်းဆိုလျက် ကိုယ့်အပေါ်သို့ ပျက်စီးခြင်းဘေးကိုလျင်မြန်စွာရောက်စေမည့် မိစ္ဆာဆရာများလည်း သင်တို့ဘောင်တွင်ပေါ်မည်အလျောက်၊ ချင်းတို့ကာမဂုဏ်အတိုင်း အများတို့လိုက်စားကြသဖြင့် သမ္မာတရားနည်းလမ်းသည် အပုတ်အခတ်ခံရလိမ့်မည်။ လောဘအလျောက် သင်တို့ကိုလှည့်ဖြားသောစကားများနှင့် ကုန်သွယ်ကြသောထိုသူတို့အပေါ်တွင် ရှေးဟောင်းစီရင်ဒဏ်မနှောင့်နှေး။ ပျက်စီးခြင်းဘေးသည် ဆိုင်းလင့်သည်မဟုတ်။ ဘုရားသခင်သည် ပြစ်မှားသောစေတမန်တော်များကိုပင်မညှာဘဲ စီရင်ဆုံးဖြတ်ချိန်မတိုင်မချင်း အပါယ်မှောင်မိုက်တွင်းများ၌ သွင်းထားတော်မူလျှင်လည်းေကာင်း၊ ဘုရားတရားမဲ့သူတို့အပေါ်တွင် ရေဘေးသင့်စေသည့်ကာလ ရှေးလောကကိုမညှာဘဲ ဖြောင့်မတ်ခြင်းတရားဆင့်ဆိုသူနောဧနှင့် အပေါင်းအပါခုနစ်ယောက်တို့ကို ထိန်းသိမ်းထားတော်မူလျှင်လည်းေကာင်း၊ ဘုရားတရားမဲ့နေသူတို့အားပုံစံထားရန် သောဒုံနှင့်ဂေါမောရမြို့များကိုဒဏ်ခတ်သဖြင့် ပြာပုံအဖြစ်ဖြိုလှဲတော်မူသည့်ကာလ၊ 7-8 ချင်းတို့ဘောင်တွင်နေထိုင်၍ မတရားမှုများကိုကြားမြင်ရသဖြင့် နေ့စဉ်မပြတ် ဖြောင့်မတ်သောစိတ်ကိုညှဥ်းပန်းသည့်အလျောက် တရားလွတ်သူတို့ကာမလိုက်စားမှုများကြောင့် ညှိုးငယ်သောသူတော်ကောင်းလောတကို ကယ်နုတ်တော်မူလျှင်လည်းေကာင်း၊ 9-11 လောဘဆိုင်ရာတဏှာအားဖြင့် ဇာတိသဘောနောက်သို့ေလျှာက်လိုက်သူအာဏာပိုင်များကို မထီလေးစားပြုသူတို့မှစ၍ မတရားသူတို့အားစီရင်ဆုံးဖြတ်ချိန် မတိုင်မချင်းဒဏ်ခတ်လျက်အကျဉ်းထားခြင်း၊ ဘုရားတရားကြည်ညိုသူတို့ကို စုံစမ်းရာမှကယ်နှုတ်ခြင်းကို ထာဝရဘုရားပြုတော်မူတတ်၏။ ဘုန်းရှင်များကို ခွန်အားတန်ခိုးကြီးသောစေတမန်တော်တို့ပင် ထာဝရဘုရားရှေ့တော်၌ကဲ့ရဲ၍ စွဲဆိုချက်ကိုမထားဝံ့ကြဘဲလျက် ဆိုခဲ့သည့်ရဲဝံ့စော်ကားသောလူယုတ်တို့သည် ကဲ့ရဲ့ဝံကြသည်တကား။ 12-13 ပြကတေ့အတိုင်းဉာဏ်မဲ့လျက်ဖမ်းမိခြင်း၊ ပျက်စီးခြင်းသို့ကျရောက်ရန် ဖြစ်ပွားသည့် တိရစ္ဆာန်များကဲ့သို့ ကိုယ်မသိသောအရာများကိုပုတ်ခတ်၍ မတရားခြင်းအတွက်ပြစ်ဒဏ်ခံရလျက် သင်္ခါရအဖြစ်ဖြင့် ပျက်စီးရကြလိမ့်မည်။ သင်တို့နှင့်စားသောက်ပွဲပြုကြစဉ် ထိုနေ့စားပွဲကိုအပျော်အပါးဟု ထင်မှတ်သည့်အလျောက် ဟန်ဆောင်သဖြင့် အစွန်းအကွက်များဖြစ်လျက်၊ 14 ချင်ရဲမပြေနိုင်သော ကိလေသာမျက်စိရှိလျက်၊ မတည်ကြည်သူတို့ကိုဖြားယောင်းလျက်၊ လောဘ၌ကျင်လည်သောစိတ်ရှိလျက် အမင်္ဂလာခံထိုက်သူများဖြစ်ကြသည်တကား။ 15-16 လူ့အသံနှင့်ပြောဆိုခွင့်ရသောမြည်းအသည် ပရောဖက်၏ရူးသွပ်မှုကို ကန့်ကွက်သည့်အလျောက် လွန်ကျူးခြင်းကြောင့် ဆုံးမခံရသောဗာလမ်၊ မတရားခြင်းဆိုင်ရာအခကိုနှစ်သက်သောဗောရသားဗာလမ်၏ လမ်းကိုေလျှာက်လိုက်၍ လမ်းမှန်ကိုစွန့်ပစ်လေလွင့်သူများဖြစ်သည့်ပြင်၊ 17 ရေမရှိသောစမ်း၊ လေပြင်းတိုက်သောနှင်းများဖြစ်ကြသဖြင့် ချင်းတို့အဖို့မှောင်မိုက်အတိ ဒဏ်ခံရန်ထားလျက်ရှိ၏။ 18-19 လူသည် မအောင်နိုင်သောအရာအောက် ကျွန်ခံရသည့်အတိုင်း ထိုသူတို့လည်းသင်္ခါရတရားအောက် ကျွန်ခံလျက်နေစဉ် အချည်းနှီးသောစကားလုံးကြီးများကိုပြောဆို၍ မိုက်မှားသူတို့ဘောင်မှ ထွက်လွတ်စသူတို့အား လွတ်ခွင့်ကိုကတိထားလျက် ရုပ်ခန္ဓာ့ကာမလိုက်စားခြင်းဖြင့် ဖြားယောင်းတတ်ကြ၏။ 20 ထိုသူတို့သည် ကယ်တင်သောယေရှုခရစ်အရှင်ဘုရားနှင့် အကျွမ်းဝင်ခွင့်ကြောင့် ဤလောကဆိုင်ရာတဏှာများနှင့်ကင်းလွတ်သည့်နောက် တစ်ဖန်ငြိတွယ်လျက်အောင်မြင်ခံရပြီးဖြစ်၍ နောက်အဖြစ်အနေသည် အရင်ထက်ဆိုးလေပြီ။ 21 ဖြောင့်မတ်ရာနည်းလမ်းကိုသိပြီးနောက် ခံယူရသည့်သန့်ရှင်းသောအမိန့်ပညတ်တော်မှ ဆုတ်သွားသည်ထက် မသိခဲ့လျှင်ကောင်းလေစွ။ 22 ခွေးသည် အန်ဖတ်ကိုပြန်၍စားတတ်သည်။ ရေချိုးပြီးဝက်လည်း ရွှံ့တွင်ပြန်၍လူးတတ်သည်ဟု ဟုတ်မှန်သောနယပုံပြင်အတိုင်း ထိုသူတို့၌ဖြစ်ပျက်ပြီတကား။