ပေတရုဩဝါဒကျမ်း
ပဌမစောင်
1
1-2 ယေရှုခရစ်၏ တမန်တော်ဖြစ်သောပေတရုက ခမည်းတော်ဘုရားသခင်၏ အနာဂတံသဉာဏ်တော်အလျောက် နားထောင်ခွင့် ယေရှုခရစ်၏ အသွေးတော် ဖျန်းပက်ခံခွင့်ရစေရန် ဝိညာဉ်တော်သီးသန့်ထားခြင်း အားဖြင့် ရွေးချယ်တော်မူသူ ပုန္တု ဂလတိ ကပ္ပဒေါကိ အာရှိ ဗိသုနိပြည်များတွင် ကွဲလွင့်တည်းခိုသူတို့ထံ ရေးလိုက်သည်မှာ သင်တို့၌ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း များပြားပါစေသော။
3-4 မဟာကရုဏာတော်နှင့် အညီသူသေတို့အထဲ ယေရှုခရစ်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ရှင်သေေမျှာ်လင့်ရာကိုလည်းေကာင်း၊ ဖောက်ပြန်ညစ်ညူးပျောက်လွင့်ခြင်းကင်းသောပိုင်ရာကိုလည်းေကာင်း ခံစားကြစေခြင်းငှာ ငါတို့ကိုအသစ်ဖြစ်ပွားစေတော်မူသော ငါတို့အရှင်ယေရှုခရစ်၏ ခမည်းတော်ဘုရား သခင်၌ မင်္ဂလာရှိ၏။ ထိုပိုင်ရာကို သင်တို့အဖို့ကောင်းကင်ဘုံတွင် ရန်ထားတော်မူသည့်အလျောက် အန္တိမကာလ၌ထင်ရှားရန် အသင့်ရှိသောကယ်တင်တော်မူခြင်းခံစားကြစေရန်၊ ယုံကြည်သူသင်တို့ကိုလည်း တန်ခိုးတော်အားဖြင့် ဘုရားသခင်ကွယ်ကာစောင့်ရှောက်တော်မူလေပြီ။
6-7 မီးဖြင့်စံချပြီးသော ပျက်စီးတတ်သည့်ရွှေထက်မြတ်၍ စံတော်မီသင်တို့ ယုံကြည်ခြင်းသည် ယေရှုခရစ်ပေါ်တော်မူသည့်ကာလ ချီးမွမ်းဂုဏ်တင်၍ အသရေပေးတော်မူဖွယ်ဖြစ်စေခြင်းငှါ အထပ်ထပ်ဝမ်းနည်းဖွယ်သော စုံစမ်းခြင်းကို ယခုတစ်ခဏမျှခံသင့်သော်လည်း ထိုကာလကိုထောက်၍ များစွာရွှင်လန်းကြ၏။ ထိုအရှင်ကို သင်တို့မမြင်ဘူးလျက်ပင် ချစ်ရာ ယခုမမြင်ဘဲ ယုံကြည်သဖြင့် နှုတ်မမြွက်နိုင်အောင် ဘုန်းကြီးသော ပီတိနှင့်ရွှင်လန်းလျက်၊ အသက်ဝိညာဉ်ကယ်တင်ခြင်းတည်းဟူသော သင်တို့ယုံကြည်ခြင်းအကျိုးကို ခံစားရကြ၏။ 10 သင်တို့ထံရောက်လာမည့် ကျေးဇူးတော်အကြောင်း တင်ကူးဟောပြောသောပရောဖက်တို့ပင် ထိုကယ်တင်ခြင်းနှင့်စပ်၍ စီစစ်ရှာဖွေကြရာ၊ 11 အဇ္စျတ္တ၌တည်နေသောခရစ်တော်၏ဝိညာဉ်တော် ညွှန်ပြသည့်အတိုင်း မည်သည့်အဖြစ်အပျက် အချိန်ကာလတွင် ခရစ်တော်အ​ေသခံပြီးနောက် ဘုန်းပွင့်တော်မူမည်ကို ရှာဖွေကြပြီးလျှင်၊ 12 ကောင်းကင်ဘုံမှ စေလွှတ်တော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယခုကာလ သင်တို့အားကြားပြောပြီး သတင်းတော်တည်းဟူသော ထိုအကြောင်းအရာများကို ကိုယ့်အဖို့မဟုတ်၊ သင်တို့အဖို့ဆင့်ဆိုရကြောင်း အထင်အရှားသိမြင်ခဲ့ကြ၏။ ထိုအကြောင်းအရာများကို စေတမန်တော်တို့ပင် ဒိဋ္ဌသိမြင်လိုကြ၏။
13 သို့ဖြစ်၍ စိတ်အားယူလျက် လုံးလုံးသတိရှိလျက် ယေရှုခရစ်ပေါ်တော်မူသည့်ကာလ သင်တို့ထံရောက်လာမည့်ကျေးဇူးတော်ကို စောင့်ေမျှာ်လျက်နေကြလော့။ 14-16 အထက်အဝိဇ္ဇာ့ဆိုင်ရာ တပ်မက်ခြင်းများအတိုင်း မလိုက်ဘဲ ငါသည်သန့်ရှင်းသည်နှင့်အညီကိုယ်ကိုသန့်ရှင်းစေကြလော့ ဟူသောကျမ်းချက်အရ သင်တို့ကိုခေါ်ထားတော်မူသောအရှင်သည် သန့်ရှင်းတော်မူသည့်နည်းတူ လိုက်နာတတ်သူတို့အဖြစ် အရာရာ၌ သန့်ရှင်းစွာ ကျင့်ကြံပြုမူကြလော့။ 17-19 ၎င်းပြင် လူအသီးသီးတို့အကျင့်အတိုင်း မျက်နှာမငဲ့ဘဲစီရင်ဆုံးဖြတ်တော်မူသော အရှင့်ထံ အဘခမည်းတော်အနေနှင့် သင်တို့ပဌာနာပြုကြလျှင် မိရိုးဖလာထုံးနည်းအလိုက် အချည်းအနှီးသောအကျင့်အကြံများမှ ပျက်စီးတတ်သော ရွှေငွေမဟုတ် ကြန်အင်မယွင်း စုံလင်သောသိုးသားငယ်သဘွယ် ခရစ်တော်၏ အသွေးတော်မြတ်ဖြင့် သင်တို့ကိုရွေးနုတ်တော်မူကြောင်းကို သိသည့်အလျောက် တည်းခိုရာကာလအတွင်းခန့်ညားစွာ ကျင့်ကြံပြုမူကြလော့။ 20 ဤလောကမတည်မီတင်ရင်မှတ်သားထားသော်လည်း အန္တိမကာလမှ သင်တို့အဖို့ ပေါ်ထွန်းစေတော်မူသော ထိုအရှင်ကြောင့်ပင် 21 သင်တို့သည် သူသေတို့ထဲမှ ကိုယ်တော်ကိုရှင်ပြန်ထမြောက်စေ၍ ဘုန်းပွင့်စေတော်မူသော ဘုရားသခင်အား ယုံကြည်ကြသည့်အလျောက် သင်တို့ယုံကြည်ခြင်းနှင့် ေမျှာ်လင့်ခြင်းလည်း ဘုရားသခင်နှင့်ဆိုင်သတည်း။ 22-23 သင်တို့သည် သင်္ဂဟဝတ်ကို အယောင်မဆောင်မေတ္တာရှိကြစေရန် သမ္မာတရားအတိုင်းလိုက်နာခြင်းအားဖြင့် စိတ်သန့်ရှင်းစေပြီးဖြစ်သောကြောင့်ပျက်စီးတတ်သောမျိုးအားဖြင့်မဟုတ်ရှင်လျက်တည်မြဲသောဘုရားသခင့်တရားတော်မပျက်စီးတတ်သောမျိုးတော်အားဖြင့်အသစ်ဖွားကြသည့်အလျောက် တစ်ဦးကိုတစ်ဦး စိတ်ပါကိုယ်ရောက်ချစ်ကြလော့။ 24 လူအပေါင်းတို့သည် မြက်သဖွယ်ဖြစ်လျက်၊ ဆိုင်ရာဘုန်းအသရေတိုင်းမြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ညှိုးလျက် အပွင့်နွမ်းလျက်ရှိတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကား ကမ္ဘာအဆက်ဆက်တည်သည်ဟူ၍ဆိုရာ၌ 25 သင်တို့အားကြားပြောပြီးဖြစ်သောနှုတ်ကပတ်တော်ဟုဆိုလိုသတည်း။