7
မောရှေသည် စံရာတော်နှင့်ကိရိယာတန်ဆာရှိသမျှကိုလည်းကောင်း၊ ပူဇော်ရာပလ္လင်တော်နှင့် ကိရိယာတန်ဆာရှိသမျှကိုလည်းကောင်း၊ အပြီးသတ်စိုက်ထူ၍ ဘိသိက်ဆီသွန်းသဖြင့် သီးသန့်ထားသည့်နေ့ရက်၌၊ စာရင်းဝင်သူတို့ဗိုလ်၊ အိမ်ထောင်များအအုပ်အချုပ်၊ ဣသရေလအမျိုးအနွယ်အသီးအသီး၏ အကြီးအကဲတို့သည်၊ နှစ်ပါးလျှင် ပေါင်းမိုးပါသောလှည်းတစ်စီး၊ နွားတစ်ရှဉ်းကျ ပေါင်းလှည်းခြောက်စီး၊ နွားခြောက်ရှဉ်းကို ထာဝရဘုရားရှေ့ စံရာတော်မျက်နှာစာသို့ ဆောင်သွင်းလှူဒါန်းကြရာ၊ 4-5 ထာဝရဘုရားက၊ တွေ့ဆုံရာတဲတော်နှင့်စပ်လျဉ်း၍ အသုံးပြုရန်ခံယူလျက်၊ အသီးအသီးတို့အငန်းအတာအလိုက် လေဝိအနွယ်သားတို့အားအပ်လော့ဟု မိန့်တော်မူသည့်အတိုင်း မောရှေသည် လှည်းရောနွားပါလက်ခံ၍ လေဝိအနွယ်သားတို့အားအပ်ရာ၊ အငန်းအတာအလိုက် ဂေရရှုံ့သားတို့အားလှည်းနှစ်စီး၊ နွားနှစ်ရှဉ်းကိုလည်းကောင်း၊ အငန်းအတာအလိုက် မေရာရိသားတို့အားလှည်းလေးစီး၊ နွားလေးရှဉ်းကိုလည်းကောင်း၊ ပရောဟိတ်အာရုန့်သားဣသမာ့လက်ဖြင့် အပ်လေ၏။ ကောဟတ်သားတို့အားကား၊ သန့်ရှင်းရာများအမှုကိုဆောင်ရွက်လျက် ပခုံးဖြင့်ထမ်းကြရသောကြောင့် မအပ်ချေ။
10 ပူဇော်ရာပလ္လင်တော်ကို ဘိသိက်ဆီသွန်းသောနေ့၌ အကြီးအကဲတို့သည် အနုမောဒနာပဏ္ဏာများကို ပလ္လင်တော်ရှေ့ဆောင်သွင်းလှူဒါန်းကြရာ၊ 11 ထာဝရဘုရားက၊ ပူဇော်ရာပလ္လင်တော်ကို အနုမောဒနာပြုရန် အကြီးအကဲအသီးအသီးတို့ အလှည့်ကျရက်၌ ဆက်သွင်းလှူဒါန်းကြစေဟု မောရှေအားမိန့်တော်မူသည့်အတိုင်း၊ 12 ပထမနေ့၌ ယုဒအနွယ်၊ အမိနဒပ်သားနာရှုန် ဆက်သွင်းလှူဒါန်းသောဝတ္ထုများကား၊ 13 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီး မုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး။ 14 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 15 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ။ 16 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 17 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီး ငါးကောင်စီကို အမိနဒပ်သားနာရှုန်လှူဒါန်းသတည်း။
18 ဒုတိယနေ့၌ ဣသခါ့အနွယ်တွင် အကြီးအကဲ၊ ဇုအာ့သားနာသနေလ ဆက်သွင်းလှူဒါန်းသည်ကား၊ 19 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက်တစ်ပိဿာသုံးဆယ်စီး၊ ငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ 20 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 21 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 22 အပြစ်ဖြေရာသက္ကာအဖြစ်၊ ဆိတ်ထီးတစ်ကောင်၊ 23 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ၊ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို ဇုအာ့သားနာသနေလလှူဒါန်းသတည်း။
24 တတိယနေ့၌ ဇာဗုလုန့်အနွယ်သားတို့အကြီးအကဲ၊ ဟေလုန့်သားဧလျာဘ လှူဒါန်းသည်ကား၊ 25 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ 26 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 27 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 28 အပြစ်ဖြေရာသက္ကာအဖြစ်၊ ဆိတ်ထီးတစ်ကောင်၊ 29 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သော သိုးသားငယ်အထီးငါးကောင်စီကို ဟေလုန့်သားဧလျာဘလှူဒါန်းသတည်း။
30 စတုတ္ထနေ့၌ ရုဗင့်အနွယ်သားတို့အကြီးအကဲ၊ ရှေဒုရသားဧလိဇုရလှူဒါန်းသည်ကား၊ 31 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ 32 ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 33 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 34 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 35 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို ရှေဒုရသားဧလိဇုရလှူဒါန်းသတည်း။
36 ပဉ္စမနေ့၌ ရှိမောင်အနွယ်သားတို့အကြီးအကဲ၊ ဇုရိရှဒ္ဒဲသား ရှေလုမျေလလှူဒါန်းသည်ကား၊ 37 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ 38 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 39 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 40 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 41 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို ဇုရိရှဒ္ဒဲသား ရှေလုမျေလလှူဒါန်းသတည်း။
42 ဆဌမနေ့၌ ဂဒ်အနွယ်သားတို့အကြီးအကဲ၊ ဒွေလသားဧလျာသပ်လှူဒါန်းသည်ကား၊ 43 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ 44 ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 45 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 46 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 47 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို ဒွေလသားဧလျာသပ်လှူဒါန်းသတည်း။
48 သတ္တမနေ့၌ ဧဖရိမ့်အနွယ်သားတို့အကြီးအကဲ၊ အမိဟုဒ်သားဧလိရှာမာလှူဒါန်းသည်ကား၊ 49 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ 50 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 51 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 52 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 53 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို အမိဟုဒ်သားဧလိရှမာလှူဒါန်းသတည်း။
54 အဌမနေ့၌ မနာရှေ့အနွယ်သားတို့အကြီးအကဲ၊ ပေဒါဇုရသား ဂါမလျေလလှူဒါန်းသည်ကား၊ 55 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ 56 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 57 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 58 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 59 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို ပေဒါဇုရသားဂါမလျေလ လှူဒါန်းသတည်း။
60 နဝမနေ့၌ ဗင်္ယာမိန်အနွယ်သားတို့အကြီးအကဲ၊ ဂိေဒါနိသားအဘိဒန်လှူဒါန်းသည်ကား၊ 61 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော၊ ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ 62 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 63 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 64 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 65 မိတ်သဟာယူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို ဂိဒေါနိသားအဘိဒန်လှူဒါန်းသတည်း။
66 ဒသမနေ့၌ ဒန့်အနွယ်သားတို့အကြီးအကဲ၊ အမိရှဒ္ဒဲသားအဟေဇာလှူဒါန်းသည်ကား၊ 67 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ 68 ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 69 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 70 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 71 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို အမိရှဲဒ္ဒဲသားအဟေဇာလှူဒါန်းသတည်း။
72 ဧကာဒသမနေ့၌ အာရှာ့အနွယ်သားတို့အကြီးအကဲ၊ သြကရန့်သားပါဂျေလလှူဒါန်းသည်ကား၊ 73 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ 74 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 75 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 76 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 77 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို သြကရန့်သားပါဂျေလလှူဒါန်းသတည်း။
78 ဒွါဒသမနေ့၌ နဿလိအနွယ်သားတို့အကြီးအကဲ၊ ဧနန့်သားအဟိရလှူဒါန်းသည်ကား၊ 79 ဘောဇဉ်သက္ကာအဖြစ် ဆီရောပြီးမုန့်ညက်အပြည့်ရှိသော ကျပ်ချိန်တော်အလိုက် တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းတစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံတစ်လုံး၊ 80 နံ့သာပေါင်းအပြည့်ရှိသော ကျပ်တစ်ဆယ်စီးရွှေခွက်တစ်လုံး၊ 81 မီးရှို့ရာသက္ကာအဖြစ် နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီးတစ်ကောင်စီ၊ 82 အပြစ်ဖြေရာသက္ကာအဖြစ် ဆိတ်ထီးတစ်ကောင်၊ 83 မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားနှစ်ကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီးငါးကောင်စီကို ဧနန့်သားအဟိရလှူဒါန်းသတည်း။
84-85 သို့နှင့်အညီ ပူဇော်ရာပလ္လင်တော်ကို ဘိသိက်ဆီသွန်းသောကာလ၊ ဣသရေလလူမျိုးအကြီးအကဲတို့၏ အနုမောဒနာပဏ္ဏာပေါင်းကား၊ တစ်ပိဿာသုံးဆယ်စီးငွေလင်ပန်းဆယ့်နှစ်ချပ်၊ ကျပ်ခုနစ်ဆယ်စီးငွေအင်တုံဆယ့်နှစ်လုံး၊ ကျပ်ချိန်တော်အလိုက် ငွေချိန်ပေါင်းနှစ်ဆယ့်လေးပိဿာ၊ 86 ကျပ်ချိန်တော်အလိုက် နံ့သာပေါင်းအပြည့်ရှိသောတစ်ဆယ်စီးရွှေခွက်ဆယ့်နှစ်လုံး၊ ရွှေချိန်ပေါင်တစ်ပိဿာနှစ်ဆယ်၊ 87 မီးရှို့ရာသက္ကာအဖြစ် ဆိုင်ရာဘောဇဉ်သက္ကာနှင့်တကွ နွားပေါက်၊ သိုးထီး၊ အခါလည်သောသိုးသားငယ်အထီး ဆယ့်နှစ်ကောင်စီ၊ အပြစ်ဖြေရာသက္ကာအဖြစ်၊ 88 ဆိတ်ထီးဆယ့်နှစ်ကောင်၊ မိတ်သဟာယပူဇော်သက္ကာအဖြစ် နွားပေါက်နှစ်ဆယ့်လေးကောင်နှင့်တကွ သိုးထီး၊ ဆိတ်ထီး၊ အခါလည်သောသိုးသားငယ်အထီး ခြောက်ဆယ်စီများတည်း။ ပူဇော်ရာပလ္လင်တော်ကို ဘိသိက်ဆီသွန်းပြီးနောက် အနုမောဒနာပဏ္ဏာပေါင်းသည် ထိုသို့ဖြစ်၏။
89 မောရှေသည် ထာဝရဘုရားအားလျှောက်ဆိုရန် တွေ့ဆုံရာတဲတော်တွင်းသို့ဝင်သော် သက်သေတော်သေတ္တာအပေါ်ရှိ အပြစ်ဖြေရာပလ္လင်တော်ထက် ခေရုဗနှစ်ပါးစပ်ကြားမှာ ဗျာဒိတ်တော်သံကိုကြား၍ ပြန်လျှောက်ရ၏။