6
ထိုအခါ၊ မြို့တံခါးရွက်များကိုမတပ်ရသေးမီ၊ သမ္ဘာလတ်၊ တောဘိယ၊ အာရပ်အမျိုးဂေရှင်မှစ၍၊ အခြားရန်သူတို့ပါ၊ မြို့ရိုးတည်၍ ခိုင်လုံကြောင်းကိုကြားသိသော်၊ သမ္ဘာလတ်နှင့်ဂေရှင်တို့က၊ ဩနောချိုင့်ရှိခေဖိရိမ်ရွာတွင် တွေ့ဆုံရန်လာပါဟု၊ မကောင်းပြုလိုသောသဘောနှင့် ငါ့ကိုကြားမှာလျှင်၊ ငါက၊ ကြီးသောအမှုကို အကျွန်ုပ်ဆောင်ရွက်ရသည့်အတွက်၊ မဆင်းမလာနိုင်။ သင်တို့ရှိရာသို့ဆင်းလာရန်၊ အသို့ကြောင့်ထိုအမှုကိုလက်လွှတ်၍ရပ်ဆိုင်းရအံ့နည်းဟု ခြေလျင်စေလွှတ်ပြန်ကြားလျက်၊ ထိုသို့ပင်လေးကြိမ်မြောက်ကြားမှာသည်နှင့်၊ ထိုသို့ပင်ငါပြန်ကြားရ၏။ ထိုနောက်၊ ငါးကြိမ်မြောက်သမ္ဘာလတ်စေလွှတ်သောလူငယ်တွင်၊ တံဆိပ်မခတ်သောစာကား၊ လူမျိုးခြားတို့အချင်းချင်းပြောဆိုသည့်ပြင်၊ ဂေရှင်လည်းထောက်ခံသည်မှာ၊ သင့်ကိုယ်တိုင်ဘုရင်လုပ်လို၍၊ ယုဒလူမျိုးတို့နှင့်ပုန်ကန်လိုသောသဘောရှိသဖြင့်၊ မြို့ရိုး ကိုတည်လုပ်ပြီ။ သင့်အားရည်၍၊ ယုဒပြည်တွင် ဘုရင်ရှိသည်ဟုဟောပြောသောပရောဖက်တို့ကို၊ ယေရုရှလင်မြို့၌သင်ခန့်ထားပြီဟူသောသတင်းအတိုင်း၊ ဘုရင်မင်းထံတင်လျှောက် ရမည်ဖြစ်သောကြောင့်၊ တိုင်ပင်ရန်လာပါလော့ဟူ၍တည်း။ ငါကလည်း၊ သင်ပြောသည့်အတိုင်းငါမပြု။ သင့်အလိုအလျောက်ကြံစည်သည်တကားဟုပြန်ကြားလိုက်၏။ ထိုသို့ခြောက်လှန့်ခြင်းကား၊ အမှုမပြီးဘဲလက်လျော့လိမ့်မည်ဟု၊ သူတို့ရှိသမျှအောက်မေ့ကြသတည်း။ သို့ရာတွင်၊ ငါသည် သာ၍လက်သန်မာ၏။
10 ထိုကာလ၊ မဟေတဗေလမြေးေဒလာယသားဖြစ်သော၊ တံခါးပိတ်လျက်နေသူရှေမာယအိမ်သို့ငါသွားလျှင်၊ သူက၊ ဘုရားသခင်စံရာတော်ဗိမာန်အတွင်းတွေ့ဆုံလျက်၊ တံခါးတော်ပိတ်၍နေကြကုန်အံ့။ ကိုယ်တော်ကိုသတ်ရန်လာကြလိမ့်မည်။ 11 ညဉ့်၌မုချလာကြလိမ့်မည်ဟုဆိုရာ၊ ငါက၊ ငါသို့သောသူသည်၊ ပြေးရအံ့လော။ ငါသို့သောသူသည်၊ ဗိမာန်တော်သို့ဝင်၍ အသက်ချမ်းသာအံ့လော။ 12-13 ငါမဝင်ထိုက်ဟု ပြန်ပြောခြင်းအကြောင်းကား၊ ထိုသူသည် ဘုရားသခင်စေလွှတ်သူမဟုတ်။ ငါကြောက်ရွံ့၍ ထိုသို့ပြစ်မှားမိက၊ နာမည်ပျက်လျက်ကဲ့ရဲ့ဖွယ်ရာဖြစ်စေ ရန်၊ တောဘိယနှင့်သမ္ဘာလတ်တို့ငှား၍ ဟောပြောသည်ကိုငါရိပ်မိ၏။ 14 အိုအကျွန်ုပ်၏ဘုရားသခင်၊ ထိုသို့ပြုသောတောဘိယနှင့် သမ္ဘာလတ်တို့ကိုလည်းေကာင်း၊ အကျွန်ုပ်အားခြောက်လှန့်သူပရောဖက်မနောဒိနှင့်တကွ၊ အခြားပရောဖက်တို့ကိုလည်းေကာင်း မှတ်တော်မူပါ။
15 ရက်ပေါင်းငါးဆယ့်နှစ်ရက်စေ့သော်၊ ဧလုလခေါ်လနှစ်ဆယ့်ငါးရက်တွင်၊ မြို့ရိုးအပြီးသတ်သတည်း။ 16 ထိုသတင်းကိုပတ်ဝန်းကျင်ရှိရန်သူလူမျိုးခြားအပေါင်းတို့ကြားလျှင်၊ ငါတို့ဘုရားသခင်၏တန်ခိုးတော်ဖြင့် အမှုပြီးကြောင်းကိုရိပ်မိ၍၊ မျက်နှာပျက်လျက် ကြောက်ရွံ့ကြ၏။ 17-18 တောဘိယသည်၊ အာရာ့သားရှေကနိ၏သမက်ဖြစ်သောကြောင့်လည်းေကာင်း၊ သားယောဟနန်သည်၊ ဗေရခိသားမေရှုလံ၏သမီးနှင့်ထိမ်းမြားသောကြောင့်လည်းေကာင်း၊ ယုဒလူမျိုးအများပင်၊ တောဘိယထံသစ္စာခံကြသည်နှင့်အညီ၊ ယုဒမှူးမတ်တို့နှင့်တောဘိယသည်၊ ထိုကာလအပြန်အလှန်မေတ္တာစာပေးပို့ကြကုန်၏။ 19 ထိုသူတို့သည်၊ တောဘိယကောင်းကြောင်းကို ငါ့ထံပြောဆိုခြင်း၊ ငါ့စကားကိုလည်းတောဘိယထံပြန်ကြားခြင်းများကိုပြုကြသည့်ပြင်၊ တောဘိယသည်၊ ငါ့ကိုကြောက် ရွံ့စေရန်စာပေးလိုက်၏။