5
ထိုအခါ ဆင်းရဲသားယောက်ျား၊ မိန်းမတို့သည်၊ ယုဒလူမျိုးချင်းတို့ကိုဟစ်၍ မြည်တွန်ကြသည်မှာ။ အချို့က၊ ငါတို့နှင့် သားသမီးပါများလှ၏။ စပါးဆန်ကိုလုယူ၍ စားသောက်အသက်မွေးကြကုန်အံ့ဟူ၍လည်းေကာင်း၊ အချို့က၊ ငါတို့သည်၊ လယ်ယာ၊ စပျစ်ခြံ၊ အိမ်များကိုပေါင်နှံရတော့မည်။ မွတ်သိပ်သည့်အတွက် ဆန်စပါးကိုလုယူကြကုန်အံ့ဟူ၍လည်းေကာင်း၊ အချို့က၊ ငါတို့သည်၊ လယ်ယာ၊ စပျစ်ခြံများကိုပေါင်၍ အခွန်တော်အတွက်ငွေချေရ၏။ ငါတို့ကိုယ်ခန္ဓာသည်၊ သားချင်းတို့ကိုယ်ခန္ဓာ၊ သားသမီးလည်း၊ ချင်းတို့သားသမီးနှင့်တူလျက်ပင်၊ သားသမီးတို့ကိုကျွန်အဖြစ်သို့ ရောက်စေရတော့မည်။ ရောက်ပြီး သမီးတို့အဖို့လည်း၊ ပိုင်ရင်း၊ လယ်ယာ၊ စပျစ်ခြံများကို သူတစ်ပါးရပြီဖြစ်သောကြောင့်၊ လက်ရုံးရည်မရှိစွတကားဟူ၍လည်းေကာင်း ဆိုကြ၏။ ထိုသို့မြည်တွန်သောစကားကို ငါကြားရသောအခါ၊ အလွန်အမျက်ထွက်၍။ အလိုအလျောက်ဆင်ခြင်ပြီးမှ၊ မှူးမတ်အရာရှိတို့ကိုအပြစ်တင်သည်မှာ၊ သင်တို့သည်အမျိုးသားချင်းတို့၌အတိုးစားကြသည်တကားဟုငါဆိုပြီးလျှင်၊ သူတို့ရှိရာပရိ သတ်ကြီးကိုစုရုံးစေလျက်၊ လူမျိုးခြားတို့ထံရောင်းချခဲ့ပြီးသောယုဒအမျိုးသားချင်းတို့ကို၊ တတ်နိုင်သမျှငါတို့ရွေးနုတ်ကြပြီ။ သင်တို့ကား၊ ကိုယ့်အမျိုးသားချင်းတို့ကိုရောင်းချ၍၊ ငါတို့ရွေးနုတ်ရမည်လောဟုဆိုလျှင်၊ သူတို့သည် မပြောဝံ့ဘဲဆိတ်ဆိတ်နေကြ၏။ ငါကလည်း၊ သင်တို့ပြုသောအမှုမကောင်းလေစွ။ ရန်သူလူမျိုးခြားတို့ကဲ့ရဲ့မည်ဟု စိုးရိမ်လျက်၊ ငါတို့ဘုရားသခင်ကိုခန့်ညားသောစိတ်နှင့် ကျင့်ကြံသင့်သည်မဟုတ် လော။ 10 ငါနှင့်တကွညီအစ်ကိုများ၊ ငယ်သားများတို့လည်း၊ ငွေ၊ ဆန်စပါးများကို၊ အတိုးစား၍ ချေးငှားတတ်ကြ၏။ အတိုးစားသောဓလေ့ကို စွန့်ပယ်ကြကုန်အံ့။ 11 ယနေ့တွင်ပင်၊ သူတို့လယ်ယာ၊ စပျစ်၊ သံလွင်ခြံ၊ အိမ်များကိုလည်းေကာင်း၊ တစ်ရာလျှင်တစ်ခိုင်ကျခွဲယူသော၊ ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီများကိုလည်းေကာင်း၊ ပြန်ပေးကြကုန်အံ့ဟုငါဆိုသော်၊ သူတို့က အမိန့်အတိုင်းပြန်ပေးပၙါမည်။ 12 မည်သည်ကိုမျှမတောင်းမယူပါဟု၊ ဝန်ခံကြသည့်အတိုင်း၊ ပရောဟိတ်တို့ကိုငါခေါ်၍၊ ကတိနှင့်အညီပြန်ပေးပါမည်ဟု သစ္စာဆိုစေပြီးလျှင်၊ 13 ကိုယ့်ခါးပိုက်ကိုခါလျက်၊ ကတိဖျက်သူတို့ကို၊ နေအိမ်နှင့်ချွေးနှဲစာမှ၊ ဘုရားသခင်ခါပစ်တော်မူပါစေသော။ သူတို့လည်း၊ လွင့်စဉ်သည့်တိုင်အောင်၊ ထိုသို့ခံရကြပါစေသောဟု ဆိုသော်၊ တစ်ပရိသတ်လုံးသည် အာမင်ဟုဝန်ခံလျက်၊ ထာဝရဘုရားကိုချီးမွမ်း၍ ကတိအတိုင်းပြုကြ၏။
14 ထိုမှတစ်ပါး၊ အာတဇေရဇ်မင်းနန်းစံနှစ်ဆယ်တွင်၊ ယုဒဘုရင်ခံရာထူးကိုငါခံရသည့်ကာလမှစ၍၊ သုံးဆယ့်နှစ်နှစ်တိုင်အောင်၊ ဆယ့်နှစ်နှစ်ပတ်လုံး၊ ငါနှင့်ညီအစ်ကိုများပါ ရိက္ခာတော်ကိုမစား၊ 15 လွန်ခဲ့သောဘုရင်ခံတို့ကိုကား၊ ပြည်ကကျွေးရကြသည်မှာ၊ တစ်နေ့လျှင်မုန့်၊ စပျစ်ရည်ပြင်၊ ငွေလေးဆယ်ကျပေးရကြ၏။ ငယ်သားတို့လည်း၊ ပြည်သူပြည်သားတို့အပေါ်တွင် အနိုင့်အထက်မင်းမူကြ၏။ ငါမူကား၊ ဘုရားသခင်ကိုခန့်ညားသောကြောင့်၊ ထိုသို့မပြု။ 16 လယ်ယာကိုလည်းမဝယ်ဘဲ၊ ကိုယ်တိုင်မြို့ရိုးမှုကိုလုပ်မြဲလုပ်လျက်၊ ငယ်သားရှိသမျှတို့ကိုဝိုင်းညီစေသေး၏။ 17 ၎င်းပြင်၊ ပတ်ဝန်းကျင်ရှိလူမျိုးခြားတို့အရပ်မှ ရောက်လာသူတို့ကိုမဆိုဘဲ၊ အခြားယုဒလူမျိုးတို့နှင့် အရာရှိတစ်ရာ့ငါးဆယ်တို့သည် ငါ့စားပွဲ၌ အမြဲစားသောက်ကြသည် နှင့်အညီ၊ 18 ငါ့စားပွဲအဖို့၊ နေ့စဉ်နွားတစ်ကောင်၊ လက်ရွေးသိုးခြောက်ကောင်၊ ကြက်အများကိုစီရင်ရ၏။ ဆယ်ရက်တစ်ကြိမ်၊ စပျစ်ရည်အမျိုးမျိုးများစွာကိုလည်းတင်ရ၏။ ဤမျှလောက် ကုန်သော်လည်း၊ လေးလံသောတာဝန်ကို ပြည်သူပြည်သားတို့ ထမ်းဆောင်ရသောကြောင့်၊ ဘုရင်ခံရိက္ခာတော်ကိုငါမတောင်း၊ 19 အိုအကျွန်ုပ်ဘုရားသခင်၊ ဤလူမျိုးအဖို့၊ အကျွန်ုပ်ပြုသမျှကိုသတိရ၍၊ အကျွန်ုပ်အားကျေးဇူးပြုတော်မူပါ။