3
ထိုကာလပရောဟိတ်မင်းဧလျာရှိပ်သည်၊ ဆွေမျိုးသားချင်းပရောဟိတ်တို့နှင့်တကွထ၍၊ သိုးတံခါးကိုတည်ဆောက်လျက်၊ သီးသန့်ထားပြီးလျှင်တံခါးရွက်တပ်ထားကြ ၏။ မေအာပြအိုးမှ ဟာနနေလပြအိုးတိုင်အောင်သီးသန့်ထားကြသတည်း။ သူတို့အစပ်၊ ယေရိခေါမြို့သားများ။ ၎င်းအစပ်၊ ဣမရိသားဇက္ကုရတို့တည်ဆောက်၏။ ဟဿေနာ့သားတို့သည်၊ ငါးတံခါးကိုတည်ဆောက်၍၊ တံခါးထုပ်၊ တံခါးရွက်၊ တံခါးကျင်၊ မင်းထုပ်များကိုတပ်ထားကြ၏။ ၎င်းအစပ်၊ ဟက္ကုတ်မြေး၊ ဥရိယသားမေရမုတ်။ ၎င်းအစပ်၊ မေရှဇဗေလမြေး၊ ဗေရခိသားမေရှုလံ။ ၎င်းအစပ်၊ ဗာနာ့သား ဇာဒုတ်တို့ပြင်ဆင်ကြ၏။ ၎င်းအစပ်၊ တေကောမြို့သားတို့ပြင်ဆင်ကြသော်လည်း၊ ဆိုင်ရာအကြီးအကဲတို့သည်၊ ကိုယ့်အရှင့်တာဝန်ကိုမထမ်းမဆောင်ကြ။ ပါသာ့သားယောယဒနှင့်၊ ဗေသောဒေယသားမေရှုလံတို့သည်၊ မြို့ဟောင်းတံခါးကိုပြင်ဆင်၍၊ တံခါးထုပ်၊ တံခါးရွက်တံခါးကျင်၊ မင်းထုပ်များကိုတပ်ထားကြ၏။ ၎င်းအစပ်၊ ဂိဗောင်မြို့နေမေလတိ၊ မေရောနုတ်မြို့နေယာဒုန်တို့သည်၊ ဂိဗောင်၊ မိဇပါမြို့သားတို့နှင့်တကွ၊ မြစ်ကြီးအနောက်ဘက်ဘုရင်ခံ့ပလ္လင်တိုင်အောင်ပြင်ဆင် ကြ၏။ ၎င်းအစပ်၊ ပန်းတိမ်သမား ဟာဟာယသားဩဇေလ။ ၎င်းအစပ်၊ အမွှေးပညာသည် ဟာနနိတို့သည်၊ မြို့ရိုးကျယ်အထိ ပြင်ဆင်ကြ၏။ ၎င်းအစပ်၊ ဟုရသား၊ ယေရုရှလင်တစ်ပိုင်းနယ်ပိုင်ရေဖာယ။ 10 ၎င်းအစပ်၊ ကိုယ့်အိမ်မျက်နှာစာတွင်၊ ဟာရုမပ်သားယေဒါယ။ ၎င်းအစပ်၊ ဟာရှဗနိသား ဟတ္တုတ်တို့ပြင်ဆင်ကြ၏။ 11 မြို့ရိုးတစ်ပိုင်းနှင့် တန္နုရိမ်ပြအိုးကို၊ ဟာရိမ့်သားမာလခိယ၊ ပါဟတ်မောဘသားဟာရှုတ်တို့ပြင်ဆင်ကြ၏။ 12 ၎င်းအစပ်၊ ဟာလောဟက်သား၊ ယေရုရှလင်တစ်ပိုင်း၊ နယ်ပိုင်ရှလ္လုံနှင့်သမီးတို့ပြင်ဆင်ကြ ၏။ 13 ဟာနုန်သည်၊ ဇာနောမြို့သားတို့နှင့်တကွ၊ ချိုင့်တံခါးကိုတည်ဆောက်၍၊ တံခါးရွက်၊ တံခါးကျင်၊ မင်းတုပ်များကိုတပ်ထားပြီးလျှင်၊ အာလဝီတံခါးထိ၊ မြို့ရိုးတောင်ရေတစ်ထောင်ကို ပြင်ဆင်ကြ၏။ 14 ရေခပ်သား၊ ဗေသက္ကရင်နယ်ပိုင်မာလခိယသည်၊ တံခါးကိုတည်ဆောက်၍၊ တံခါးရွက်၊ တံခါးကျင်၊ မင်းတုပ်များကိုတပ်ထား၏။ 15 ကောလဟောဇသား၊ မိဇပါနယ်ပိုင်ရှလ္လုံသည်၊ စမ်းတွင်းတံခါးကိုတည်ဆောက်၍၊ တံခါးမိုး၊ တံခါးရွက်၊ တံခါးကျင်၊ မင်းထုပ်များကိုတပ်ထားလျက်၊ ဥယျာဉ်တော်အနီး၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့တော်အထက်စောင်းတန်းတိုင်အောင်ပြင်ဆင်၏။ 16 ၎င်းအစပ်၊ အာဇဗုတ်သား၊ ဗက်ဇုရတစ်ပိုင်း၊ နယ်ပိုင်ေနဟမိသည်၊ ဒါဝိဒ်မင်းသင်္ချိုင်းတော်တူရူ၊ လုပ်ခဲ့သောကန်တော်၊ ရဲဗိုလ်တို့အိမ်ရာတိုင်အောင် ပြင်ဆင်၏။ 17 ၎င်းအစပ်၊ လေဝိအနွယ်၊ ဗာနိသား ရေဟုပြင်ဆင်၏။ ၎င်းအစပ်၊ ကိလတစ်ပိုင်း၊ နယ်ပိုင်ဟာရှဘိသည်၊ နယ်တာဝန်ကိုပြင်ဆင်၏။ 18 ၎င်းအစပ်၊ ဟေနဒဒ်သား၊ ဟာရှဘိညီ၊ ကိလတစ်ပိုင်း၊ နယ်ပိုင်ဗာဝဲပြင်ဆင်၏။ 19 ၎င်းအစပ်၊ ယောရှုသား၊ မိဇပါမြို့အုပ်ဧဇာသည်၊ လက်နက်တိုက်သို့တက်ရာ မြို့ရိုးထောင့်ထိ ပြင်ဆင်၏။ 20 ၎င်းအစပ်၊ ဇဗ္ဗဲသားဗာရုတ်သည်၊ မြို့ထောင့်မှ၊ ပရောဟိတ်မင်းဧလျာရှိပ်ဝင်းတံခါးအထိတစ်ပိုင်းကို၊ စိတ်အားကြီးစွာပြင်ဆင်၏။ 21 ၎င်းအစပ်၊ ဟက္ကုတ်မြေး၊ ဥရိယသားမေရမုတ်သည်၊ ဧလျာရှိပ်ဝင်းတံခါးမှ၊ ဝင်းထောင့်အထိတစ်ပိုင်းကို၊ ပြင်ဆင်၏။ 22 ၎င်းအစပ်၊ မြစ်ကမ်းပြင်နေပရောဟိတ်တို့ပြင်ဆင်ကြ၏။ 23 ၎င်းအစပ်၊ ကိုယ့်အိမ်မျက်နှာစာတွင်၊ ဗင်္ယာမိန်၊ ဟာရှုပ်တို့၊ ၎င်းအစပ်၊ ကိုယ့်အိမ်ရှေ့တွင် အာနနိမြေးမာသေယသား အာဇရိတို့ပြင်ဆင်ကြ၏။ 24 ၎င်းအစပ်၊ ဟေနဒဒ်သားဗိနွိသည်၊ အာဇရိအိမ်မှမြို့ရိုးကွေ့ထောင့်အထိတစ်ပိုင်းကို၊ ပြင်ဆင်၏။ 25 မြို့ရိုးထောင့်နှင့်တကွ၊ ထောင့်ဝင်းအနီး၊ နန်းမြင့်ရှေ့၊ အငူပြအိုးကို၊ ဥဇဲသားပါလလ၊ ၎င်းအစပ်၊ ပါရုတ်သားပေဒါယတို့ပြင်ဆင်၏။ 26 အငူပြအိုးနှင့်အရှေ့မျက်နှာရေတံခါးအနီး၊ ဩဖေလအရပ်တွင်၊ ကျွန်သီးတော်တို့နေရကြသတည်း။ 27 ၎င်းအစပ်၊ တေကောမြို့သားတို့သည်၊ အငူပြအိုးကြီးမှ ဩဖေလအရပ်မြို့ရိုးအထိ၊ တစ်ပိုင်းကိုပြင်ဆင်ကြ၏။ 28 ပရောဟိတ်တို့သည် မြင်းတံခါးအထက်၊ ကိုယ့်အိမ်မျက်နှာစာတွင်၊ အသီးအသီးပြင်ဆင်ကြ၏။ 29 ၎င်းအစပ်၊ ဣမေရသားဇာဒုတ်သည်၊ ကိုယ့်အိမ်မျက်နှာစာတွင်ပြင်ဆင်၏။ ၎င်းအစပ်၊ ရှေကနိသား၊ ရှေ့တံခါးမှူးရှေမာယပြင်ဆင်၏။ 30 ၎င်းအစပ်၊ ရှေလမိသားဟာနနိနှင့်၊ ဇာလပ်၏ဆဋ္ဌမသားဟာနုန်တို့သည်၊ တစ်ပိုင်းကိုပြင်ဆင်ကြ၏။ ၎င်းအစပ်၊ဗေရခိသားမေရှုလံသည်ကိုယ့်အဆောင်မျက်နှာစာတွင် ပြင်ဆင်၏။​ 31 ၎င်းအစပ်၊ ပန်းထိမ်သမားမာလခိယသည်၊ ဥပစာတံခါးတူရူ၊ မြို့ရိုးကွေ့ရှိတန်ဆောင်းအထိ၊ ကျွန်သီးတော်နှင့် ကုန်သည်တို့နေရပ်အရောက်ပြင်ဆင်၏။ 32 မြို့ရိုးကွေ့ရှိ တန်ဆောင်းနှင့်သိုးတံခါးကြားတွင်၊ ပန်းထိမ်သမားနှင့်ကုန်သည်တို့ပြင်ဆင်ကြ၏။