10
တံဆိပ်ခတ်သူတို့ဟူမူကား၊ ဟာခလိသားဘုရင်ခံမင်းနေဟမိ၊ ပရောဟိတ် ဇေဒကိ၊ စရာယ၊ အာဇရိ၊ ယေရမိ၊ 2-8 ပါရှုရ၊ အာမရိ၊ မာလခိယ၊ ဟတ္တုတ်၊ ရှေဗနိ၊ မလ္လုတ်၊ ဟာရိမ်၊ မေရမုတ်၊ ဩဗဒိ၊ ဒံယေလ၊ ဂိန္နေသုန်၊ ဗာရုတ်၊ မေရှုလံ၊ အဘိယ၊ မိယာမိန်၊ မာဇိ၊ ဗိလဂဲ၊ ရှေမာယ၊ လေဝိဂိုဏ်းဝင်အာဇနိသားယောရှု၊ ဟေနဒဒ်အနွယ် ဗိနွိ၊ 10-13 ကပ် မြေလတို့နှင့်၊ ဆွေမျိုးသားချင်းရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာယ၊ ဟာနန်၊ မိက္ခာ၊ ရဟောဘ၊ ဟာရှဘိ၊ ဇက္ကုရ၊ ရှေရဘိ၊ ရှေဗနိ၊ ဟောဒိယ၊ ဗာနိ၊ ဗေနိနု၊ 14-27 လူမျိုးတော်တွင် အအုပ်အချုပ်ဖြစ်သော ပါရုတ်၊ ပါဟတ်မောဘ၊ ဧလံ၊ ဇတ္တု။ ဗာနိ၊ ဗုန္နိ၊ အာဇဂဒ်၊ ဗေဗဲ၊ အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊ အာတာ၊ ဟေဇကိ၊ အဇ္ဇုရ၊ ဟောဒိယ၊ ဟာရှုံ၊ ဗေဇဲ၊ ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊ မာဂပျာရှ၊ မေရှုလံ၊ ဟေဇိရ၊ မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊ ပေလတိ၊ ဟာနန်၊ အနာယ၊ ဟောရှေ၊ ဟာနနိ၊ ဟာရှုပ်၊ ဟာလောဟက်၊ ပိလဟ၊ ရှောဗက်၊ ရေဟုံ၊ ဟာရှဗန၊ မာသေယ၊ အဟိယ၊ ဟာနန်၊ အာနန်၊ မလ္လုတ်၊ ဟာရိမ်၊ ဗာနာတို့တည်း။ 28 ကြွင်းသောပရောဟိတ်၊ လေဝိဂိုဏ်သား၊ တံခါးစောင့်၊ သီဆိုသူ၊ ကျွန်သီးတော်အစရှိသော၊ ဘုရားသခင့်တရားတော်ကိုစောင့်ရှောက်အံ့သောငှာ နိုင်ငံခြားသားတို့နှင့် ခွာ၍၊ အသိပညာ၊ ဉာဏ်ပညာရှိသူအပေါင်းတို့သည်၊ မယားသားသမီးနှင့်တကွ။ 29 ဆွေမျိုးသားချင်း အကြီးအကဲတို့ထံဆည်းကပ်လျက်၊ ကျွန်တော်ရင်းမောရှေအားဖြင့်၊ ဘုရားသခင်ထားတော်မူခဲ့သော တရားတော်အတိုင်းလိုက်နာခြင်း၊ ငါတို့အရှင် ထာဝရဘုရားမိန့်မှာဆုံးဖြတ်ထုံးဖွဲ့တော်မူသော အချက်ချက်ကိုစောင့်ရှောက်လိုက်နာခြင်း၊ 30 ငါတို့သားသမီးများကို တိုင်းရင်းသားတို့၏ သားသမီးများနှင့်မေပးစားမထိမ်းမြားခြင်း၊ 31 ဥပုသ်နေ့မှစ၍သီးသန့်သောနေ့များတွင် တိုင်းရင်းသားတို့ရောင်းလာသော စပါးကုန်ပစ္စည်းကုန်များကိုမဝယ်မယူခြင်း၊ သတ္တမနှစ်တွင်လယ်ယာလှပ်ထား၍၊ ကြွေးမ တောင်းမယူခြင်းများကို ပြုပါမည်ဟုအဓိဋ္ဌာန်သစ္စာဆိုကြကုန်၏။
32-33 ထိုမှတစ်ပါး၊ ငါတို့ဘုရားသခင့် ဗိမာန်တော်ဝတ်တည်းဟူသော ရှေ့တော်တင်မုန့်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ပြုမြဲပွဲနေ့များတွင် အစဉ်ဆက်သောဘောဇဉ်သက္ကာနှင့်မီးရှို့ရာ သက္ကာ၊ ဣသရေလလူမျိုး၏အပြစ်အဖို့၊ ဖြေခြင်းကိုပြုရန် အပြစ်ဖြေရာသက္ကာ၊ သီးသန့်ရာအလှူတော်မှစသော ဝတ်အမျိုးမျိုးအဖို့၊ တစ်နှစ်လျှင် သုံးမူးကျလူတိုင်းပေးရမည်ဟု ပြဋ္ဌာန်းကြ၏။ 34 ၎င်းပြင်နှစ်တိုင်းအလှည့်ကျအချိန်၌၊ ပညတ္တိကျမ်းဆိုနှင့်အညီ၊ ငါတို့ဘုရားသခင့်ဗိမာန်တော်အတွင်း၊ ထိုဘုရားသခင်ထာဝရဘုရား၏ပလ္လင်ပေါ်မှာ ရှို့ရန်ထင်းအလှူကို၊ အိမ်ထောင်များအလိုက်ဆောင်သွင်းကြရန်၊ ပရောဟိတ်၊ လေဝိဂိုဏ်းသား၊ အသည်သားတို့မဲချ၍၊ 35 ထာဝရဘုရားဗိမာန်တော်တွင်၊ နှစ်စဉ်မြေထွက်အသီးအနှံမှစ၍ သီးဦးအမျိုးမျိုးကိုလည်းေကာင်း၊ 36 ပညတ္တိကျမ်းဆိုချက်အရ၊ ငါတို့ဘုရားသခင့်ဗိမာန်တော်၌ အမှုတော်ဆောင်ပရောဟိတ်တို့ထံ၊ ငါတို့သားဦးနှင့်၊ နွား၊ သိုး၊ ဆိတ်သားဦးများကိုလည်းေကာင်း၊ 37 ပရောဟိတ်တို့ထံ၊ ငါတို့ဘုရားသခင့်ဗိမာန်တော်ဘဏ္ဍာခန်းသို့၊ မုန့်ဆန်း၊ မြှောက်ဆက်ရာအလှူ၊ အသီးအမျိုးမျိုး၊ စပျစ်ရည်၊ ဆီ၊ လက်ဦးလက်ဖျားများကိုလည်းေကာင်း၊ လယ်လုပ် သော မြို့ရွာတိုင်းမှ ခံစားအပ်သူလေဝိဂိုဏ်းသားတို့ထံ၊ မြေထွက်ဆယ်ဖို့တစ်ဖို့ကိုလည်းေကာင်း၊ ပေးသွင်းရန်ပြဋ္ဌာန်းကြ၏။ 38 ထိုဆယ်ဖို့တစ်ဖို့ကို၊ အာရုန့်အနွယ်ပရောဟိတ်တစ်ပါးရှေ့၊ လေဝိဂိုဏ်းသားတို့ခံယူလျက်၊ ၎င်းအနက် ဆယ်ဖို့တစ်ဖို့ကို၊ ငါတို့ဘုရားသခင့်ဗိမာန်တော် ဘဏ္ဍာခန်းသို့ သွင်းဆောင်ကြရမည်။ 39 ထိုသို့လေဝိဂိုဏ်းသားမှစသောဣသရေလအမျိုးသားတို့သည်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ မြှောက်ဆက်ရာအလှူများကို၊ ဗိမာန်တော်အသုံးအဆောင်သိုထားသော၊ အမှုဆောင်ပရောဟိတ်၊ တံခါးစောင့်၊ သီဆိုသူတို့ရှိရာ အခန်းသို့၊ ဆောင်သွင်းကြရမည်။ ငါတို့ဘုရားသခင့်ဗိမာန်တော်ကို ငါတို့မစွန့်မခွာရချေ။