6
ကိုယ့်ကောင်းမှုကို ထင်ရှားလိုသည့် အကြံနှင့် လူတို့ရှေ့မပြုမိစေရန် သတိမူကြလော့။ ပြုမိလျှင်ကောင်းကင်ဘုံစံ သင်တို့အဘထံမှ အကျိုးဆက်မခံရ။ ထို့ကြောင့် သင်လှူဒါန်းသောအခါ လူတို့ထံမှ ဂုဏ်ပကာသနရခြင်းငှာ ဓမ္မာရုံများ၊ လမ်းများတွင် သီလကြောင်တို့ တီးမှုတ်လေ့ရှိကြသည့်နည်းတူ သင့်ရှေ့မတီးမမှုတ်စေနှင့်။ ထိုသူတို့မှာ လှူသောအကျိုးကို ခံရကြပြီ၊ငါအမှန်ဆို၏။ သင်မူကား လှူဒါန်းသည့် ကာလ ယာလက်ပြုသည့်အမှုကို ဝဲလက်မျှမသိစေနှင့်။ သို့မှ သင်၏အလှူဒါန မထင်ရှားသဖြင့် မထင်ရှားရာကိုရှုမြင်တော်မူသော သင့်အဘသည်အကျိုးဆက်ကို သနားတော်မူလိမ့်မည်။
ပဌနာပြုသောအခါလည်း ထင်ရှားလိုသည့်အကြံနှင့် ဓမ္မာရုံများ၊ လမ်းဆုံများတွင်ရပ်၍ ပဌနာပြုရန်လိုလားသော သီလကြောင်တို့ကဲ့သို့ မပြုကြနှင့်။ ထိုသူတို့မှာ တူသောအကျိုးကို ခံရကြပြီ ငါအမှန်ဆို၏။ သင်မူကားပဌနာ ပြုသည့်ကာလ အတွင်းခန်းထဲသို့ဝင်၍ တံခါးပိတ်ထားပြီးလျှင် မထင်မရှားစံနေသော ကိုယ့်အဘအား ပဌနာပြုလော့၊ မထင်ရှားရာကို ရှုမြင်တော်မူသော သင့်အဘသည် အကျိုးဆက်ကို သနားတော်မူလိမ့်မည်။ ပဌနာပြုရာတွင် များစွာရွတ်သည့်အတွက် နားညောင်းတော်မူလိမ့်မည်ဟု ထင်မှတ်သော သာသနာပတို့ကဲ့သို့ ပေါ့ပေါ့ဆဆမမြွက်ကြနှင့်။ မည်သည့်အရာလိုသည်ကို မတောင်းမီက သင်တို့အဘ သိနှင့်တော်မူသောကြောင့် ထိုသူတို့နှင့်မတူစေကြလင့်။ သင်တို့ပဌနာပြုရမည့်နည်းမှာ၊ ကောင်းကင်ဘုံ၌ စံနေတော်မူသော အကျွန်ုပ်တို့အဘ၊ နာမတော်ကို ရိုသေကြပါစေသော၊ 10 နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့၊ 11 မြေကြီးပေါ်မှာ ပြည့်စုံပါစေသော၊ တစ်ရက်စာကို ယနေ့သနားတော်မူပါ။ 12 အပြစ်မြီစားတို့အပေါ်တွင် ကိုယ်တိုင်ဖြေလွှတ်ကြသကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်မြီများကို ဖြေလွှတ်တော်မူပါ။ 13 စုံစမ်းရာသို့မဝင်စေဘဲ အဆိုးမှကယ်လွှတ်တော်မူပါ 6.13: နိုင်ငံေတာ် တန်ခိုးေတာ်ဘုန်းေတာ်ကို။ ကမ္ဘာအဆက်ဆက်ပိုင်ေတာ်မူေသာအဘဘုရား။ အာမင် ဟူေသာစကားများသည် ေရှးကျမ်းေဟာင်းအချၖို့၌ပါရှိသည်။ ဟူ၍တည်း။ 14 သင်တို့သည်သူတစ်ထူးတို့ လွန်ကျူးမှုများကို ဖြေလွှတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့အဘလည်း သင်တို့အပေါ်တွင်ဖြေလွှတ်တော်မူလိမ့်မည်။ 15 သူတစ်ထူးတို့ ကျူးလွန်မှုများကို မဖြေလွှတ်ကြလျှင်မူကား၊ သင်တို့ကျူးလွန်မှုများကို သင်တို့အဘ ဖြေလွှတ်တော်မူမည်မဟုတ်။
16 ၎င်းပြင်အစာရှောင်သောအခါ အစာရှောင်သည်ကိုလူတို့မြင်စေရန် မျက်နှာဖျက်တတ်သောသီလကြောင် တို့ကဲ့သို့မျက်နှာညှိုးငယ်မရှိစေကြနှင့်။ ထိုသူတို့မှာ တူသောအကျိုးကိုခံရကြပြီ ငါအမှန်ဆို၏။ 17 သင်မူကားအစာရှောင်သည့်ကာလ ဦးခေါင်းကိုဆီလိမ်း၍ မျက်နှာကိုလည်းသစ်လော့။ 18 သို့မှ သင်အစာရှောင်သည်ကို လူတို့မမြင်ဘဲမထင်မရှားစံနေလျက် မထင်ရှားရာကို ရှုမြင်တော်မူသော သင့်အဘသည်သိ၍ အကျိုးဆက်ကိုသနားတော်မူလိမ့်မည်။
19 ပိုးမွှားချေး​ေညှာ်စားလျက် သူခိုးထွင်းဖောက် ခိုးယူတတ်ရာ ဤမြေကြီးပေါ်တွင် ဘဏ္ဍာများကို သိုမှီး၍မထားကြနှင့်။ 20 ပို့မွှားချေးေညှာ်စားခြင်း၊ သူခိုးထွင်းဖောက်ခိုးယူခြင်းကင်းရာ ကောင်းကင်ဘုံတွင်သာ သိုမှီး၍ထားကြလော့။ 21 အသို့ဆိုသော် သင့်ဘဏ္ဍာရှိရာအရပ်သို့ သင့်စိတ်စွဲရောက်လိမ့်မည်။ 22 မျက်စိသည်ကိုယ်ခန္ဓာ၏ မီးရှုးသဖွယ်ဖြစ်သည်နှင့်အညီသင့်မျက်စိကောင်းလျှင် တစ်ကိုယ်လုံးအလင်းနှင့်ပြည့်လိမ့်မည်။ 23 မျက်စိမကောင်းလျှင်မူကား တစ်ကိုယ်လုံးမှောင်နှင့်ပြည့်လိမ့်မည်။ သင်၌ရှိသောအလင်းမှာမှောင်ဖြစ်လျှင် ထိုမှောင်သည်အလွန်ကြီးစွတကား။ 24 တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်ခြင်း၊ တစ်ဦးကိုလိုက်နာ၍ တစ်ဦးကို မလေးမြတ်ခြင်းမပြုဘ၊ဲ သခင်နှစ်ဦးထံမည်သူမျှအစေမခံနိုင်သည့်နည်းတူ သင်တို့သည်ဘုရားသခင်၏အစေ၊ ဓန၏အစေနှစ်ရပ်ကို မခံနိုင်ကြ။ 25 သို့ဖြစ်၍ ငါဆိုသည်ကားမည်သည့်အရာကိုစားရမည်။ မည်သည့်အရာကိုသောက်ရမည်ဟူ၍ ကိုယ့်အသက်အတွက်မစိုးရိမ်ကြနှင့်။ မည်သည့်အရာကိုဝတ်ရမည်ဟူ၍ ကိုယ်ခန္ဓာအတွက်လည်းမစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက်ထက်၊ ကိုယ်ခန္ဓာသည်အဝတ်ထက်မြတ်သည်မဟုတ်လော။ 26 စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ကျီသွင်းခြင်းကင်းသောလေသတ္တဝါများကို ကောင်းကင်ဘုံရှင်သင်တို့အဘ ကျွေးမွေးတော်မူကြောင်းရှုကြည့်ကြလော့။ သင်တို့သည် ထိုသတ္တဝါများထက်သာ၍ မြတ်သည်မဟုတ်လော့။ 27 သင်တို့တွင် မည်သူသည်စိုးရိမ်ခြင်းအားဖြင့် ကိုယ့် 6.27: သို့မဟုတ်။ အသက်တာ။ အရပ်အမောင်းကို တစ်တောင်တိုးစေနိုင်သနည်း။ 28 အဝတ်အတွက်လည်းအဘယ့်ကြောင့်စိုးရိမ်ကြသနည်း။ တောပေါက်နှင်းပန်းပင်များသည်မလုပ်မကိုင် မငင်မဝင့်ကြဘဲ မည်သို့ကြီးပွားသည်ကိုဆင်ခြင်ကြလော့။ 29 ရှောလမုန်မင်းသည်မင်းမြောက်တန်ဆာပြည့်စုံသော်လည်း ထိုအပင်တစ်ပင်ကဲ့သို့မဝတ်ဆင်ရ ငါဆို၏။ 30 ယုံကြည်ခြင်းနည်းပါးသူတို့၊ ယနေ့ရှိ၍ နက်ဖြန်မီးဖိုထဲသို့ရောက်သောတောပင်ကို ဘုရားသခင်သည်ထိုသို့ဆင်ယင်တော်မူလျှင်သင်တို့ကိုသာ၍ ဆင်ယင်တော်မူမည် မဟုတ်လော။ 31 သို့ဖြစ်၍မည်သည့်အရာကိုစားရမည်။ မည်သည့်အရာကိုသောက်ရမည်။ မည်သည့်အရာကိုဝတ်ရမည်ဟူ၍မစိုးရိမ်ကြနှင့်။ 32 ထိုအရာအလုံးစုံကို လူမျိုးခြားတို့ရှာကြံတတ်ကြ၏။ သင်တို့၌ကား လိုသောအရာများဖြစ်ကြောင်းကို ကောင်းကင်ဘုံရှင် သင်တို့အဘ သိတော်မူသတည်း။ 33 ဘုရားသခင့် 6.33: သို့မဟုတ်။ ကိုယ်ေတာ်။ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ဦးစွာရှာကြလော့၊ ထိုအရာအလုံးစုံကို ထပ်မံသနားတော်မူလိမ့်မည်။ 34 ထို့ကြောင့် နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့ကပင်ကိုယ့်အဖို့ စိုးရိမ်လိမ့်မည်။ တစ်ရက်နှင့်ဆိုင်သောဒုက္ခသည်ထိုရက်အဖို့တော်လောက်၏။