20
အသို့ဆိုသော် ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်တွင် လုပ်ကိုင်စေရန် နံနက်စောစောလုပ်သားငှားသွားသောမြေ့ရှင်နှင့်တူ၏။ လုပ်သားများကိုတစ်နေ့လျှင် ငွေတစ်ကျပ်ကျနှင့် သဘောတူငှားရမ်းပြီးမှ စပျစ်ဥယျာဉ်သို့စေလွှတ်လိုက်၏။ နံနက် ကိုးနာရီအချိန်တွင်သွားပြန်၍ စျေးတွင်အလုပ်မဲ့ရပ်နေသော အခြားသူတို့ကိုတွေ့မြင်သော်၊ သင်တို့လည်း ငါ့စပျစ်ယျာဉ်သို့သွားကြ၊ ထိုက်သင့်ရာပေးမည်ဟုဆိုသဖြင့် ထိုသူတို့သွားကြ၏။ မွန်းတည့်နှင့် မွန်းလွဲသုံးနာရီအချိန်များတွင်လည်း တစ်ဖန်သွား၍ ထိုနည်းတူပြု၏။ ညနေငါးနာရီအချိန်ကျသော် သွားပြန်၍ ရပ်နေသူများကို ထပ်မံတွေ့သည့်ကာလ အဘယ်ကြောင့်တစ်နေ့လုံးအလုပ်မဲ့ရပ်နေကြသနည်းဟုမေးသောအခါ၊ မည်သူမျှမငှားပါဟုပြန်ပြောကြလျှင် သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြဟုဆို၏။ ညနေချမ်းအချိန်ရောက်သော် ဥယျာဉ့်ရှင်က လုပ်သားတို့ကိုခေါ်လျက် နောက်ဆုံးလုပ်သူမှစ၍ အဦးဆုံးလုပ်သူတိုင် အခပေးလော့ဟု ဘဏ္ဍာစိုးအားဆိုသည့်အတိုင်း ညနေငါးနာရီခန့်ငှားသူတို့လာရောက်၍ ငွေတစ်ကျပ်စီရသည်နှင့်၊ 10 အဦးဆုံးလုပ်သူတို့လာကြသော် ပိုမိုရလိမ့်မည်ထင်မှတ်သော်လည်းငွေတစ်ကျပ်စီသာရကြ၏။ 11-12 ထိုသူတို့သည် ညည်းညူ၍ ဤနောက်ဆုံးလုပ်သူတို့သည် တစ်နာရီမျှသာလုပ်ကိုင်ကြပါလျက် တစ်နေ့လုံး အလုပ်ဝန်ကိုထမ်းရွက်၍ နေပူစပ်ခါးခံသော ကျွန်တော်တို့နှင့်အညီအမျှ ထားပါသည်တကားဟု မြေ့ရှင်အား ဆိုကြသော်၊ 13 အဆွေ ငါသည် သင်၌မတရားပြုသည်မဟုတ်။ ငွေတစ်ကျပ်နှင့်သဘောတူငှားခဲ့သည်မဟုတ်လော၊ 14 ကိုယ့်ငွေကိုခံယူထွက်သွားလော့။ သင့်အားပေးသည့်နည်းတူ ဤနောက်ဆုံးလုပ်သူ့အားလည်း ငါပေးလို၏။ 15 ကိုယ်ပိုင်ပစ္စည်းကို ငါပြုလိုရာမပြုအပ်သလော။ ငါသဘောကောင်း၍ သင်မျက်မုန်းကြိုးရသလောဟု တစ်ယောက်ယောက်အားပြန်ဆို၏။ 16 ထိုကြောင့်နောက်ဆုံးကျသူတို့သည် အဦးဆုံးကျလိမ့်မည်။ အဦးဆုံးကျသူတို့လည်း နောက်ဆုံးကျလိမ့်မည်ဟု မိန့်တော်မူ၏။
17 ထိုနောက်ယေရှုသည် ယေရုရှလင်မြို့သို့ကြွတော်မူရာ လမ်းတွင် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို အသီးအခြားခေါ်၍ 18 ယေရုရှလင်မြို့ရောက် ငါတို့သွားကြ၏။ လူ့သားသည် ပရောဟိတ်ကြီးတို့ နှင့် ကျမ်းတတ်ဆရာတို့ထံပို့အပ်ခံရသဖြင့် ထိုသူတို့သည် သေဒဏ်စီရင်ပြီးလျှင် 19 သရော်ရိုက်နှက်၍ ကားတင်စေရန် လူမျိုးခြားတို့အား အပ်လိုက်ကြလိမ့်မည်။ သို့ရာတွင် သုံးရက်လည်သောနေ့၌ ရှင်ပြန်ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
20 ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်တကွ ချဉ်းကပ်ရှိခိုးလျက် ဆုကျေးဇူးကိုတောင်းလျှောက်သည့်တိုင်း၊ 21 မည်သည့်ဆုကိုလိုသနည်းဟုမေးတော်မူသော် ထိုမိန်းမက ကျွန်မ၌ရှိသောဤသားနှစ်ယောက်ကို နိုင်ငံတော်တွင် ဝဲယာတော်၌ တစ်ယောက်စီထိုင်ရန် အမိန့်ရှိတော်မူပါဟုလျှောက်တောင်းလျှင်၊ 22 မည်သည့်အရာတောင်းမှန်းကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သောက်နိုင်ကြသလောဟု ယေရှုမေးတော်မူပြန်သော် သောက်နိုင်ပါသည်ဟု လျှောက်ကြ၏။ 23 ကိုယ်တော်ကလည်း သင်တို့သည်ငါ့ခွက်ကိုသောက်ရမည်။ ဝဲယာ၌ထိုင်ခွင့်ကိုကား ငါမပေးပိုင်။ ခမည်းတော်ပြင်ဆင်နှင့်တော်မူသည့်အတိုင်းသာ ထိုင်ခွင့်ရရှိကြသည်ဟုမိန့်တော်မူ၏။ 24 ဆယ်ပါးသောတပည့်တော်တို့သည် ကြားကြသော် ထိုညီအစ်ကိုနှစ်ပါးကို အမျက်ထွက်ကြသဖြင့် ယေရှုခေါ်တော်မူ၍။ 25 လူမျိုးခြားမင်းတို့သည် အစိုးတရပြုတတ်ကြသည်ကိုလည်းေကာင်း၊ ကြီးမြင့်သူတို့လည်း အာဏာထားတတ်ကြသည်ကိုလည်းေကာင်း သင်တို့သိကြ၏။ 26 သင်တို့တွင်မူကား ထိုသို့မဖြစ်စေရ၊ မည်သူမဆိုကြီးမြင့်လိုလျှင် သင်တို့အစေကိုခံစေ။ 27 အဦးဆုံးကျလိုသူလည်း သင်တို့ထံကျွန်ခံစေ။ 28 လူ့သားသည် စေစားရန်မဟုတ်။ အစေခံ၍ လူများအတွက် ရွေးနုတ်ရာအဖြစ်အသက်ကို စွန့်ရန်ရောက်လာသည့်နည်းတူပင်ဖြစ်စေဟု မိန့်တော်မူ၏။
29 ထိုနောက် ယေရိခေါမြို့မှ ထွက်သွားကြစဉ် နောက်တော်ကကြီးစွာလူပရိသတ်လိုက်ကြရာ၊ 30 လမ်းနံဘေးတွင် ထိုင်နေသော သူကန်းနှစ်ယောက်သည် ယေရှုေလျှာက်ကြွတော်မူသည်ကို ကြားသော် ဒါဝိဒ်မင်းသားတော် အရှင်ဘုရား သနားတော်မူပါဟုအော်ဟစ်သည့်ကာလ ဆိတ်ဆိတ်နေစေရန် လူပရိသတ်ဆုံးမကြသော်လည်း၊ 31 ဒါဝိဒ်မင်းသားတော်အရှင်ဘုရား၊ သနားတော်မူပါဟု တိုး၍ အော်ဟစ်လျှင်၊ ယေရှုသည် ရပ်တန့်လျက် 32 မည်သို့ပြုစေလိုသနည်းဟု ခေါ်ငင်မေးမြန်းတော်မူသောအခါ 33 မျက်စိမြင်လိုပါသည်အရှင်ဘုရားဟု လျှောက်ကြသည့်အတိုင်း ကရုဏာသက်လျက် 34 သူကန်းတို့မျက်စိကို တို့တော်မူသဖြင့် ချက်ခြင်း စက္ခုအလင်းရ၍ နောက်တော်ကလိုက်ကြ၏။