19
ထိုသို့မိန့်တော်မူပြီးသည့်ကာလ ယေရှုသည် ဂါလိလဲနယ်မှထွက်၍ ယော်ဒန်မြစ်တစ်ဖက် ယုဒနယ်သို့ ရောက်တော်မူသော် ကြီးစွာသောလူပရိသတ်လိုက်လာကြရာ သူနာတို့ကို ထိုအရပ်တွင် ကျန်းမာစေတော်မူ၏။
ထိုအခါ ဖာရိရှဲတို့သည် ချဉ်းကပ်၍ မည်သည့်အကြောင်းနှင့်မဆို မယားကိုကွာအပ်သလောဟု စုံစမ်းလျက် မေးမြန်းကြသော် ကိုယ်တော်ကအစအဦး၌ ဖန်ဆင်းသောအရှင်သည် ယောက်ျားနှင့်မိန်းမကိုဖြစ်စေတော်မူပြီးလျှင် ထိုအကြောင်းကြောင့် ယောက်ျားသည်မိဘထံမှထွက်ခွာ၍ မယားနှင့်စုံဘက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတည်းဖြစ်ရလိမ့်မည်ဟူ၍ ဗျာဒိတ်တော်ရှိသည်ကို သင်တို့မဖတ်ဘူးကြသလော။ သို့ဖြစ်၍ လင်မယားသည် နှစ်ဦးမဟုတ်။ တစ်သားတည်းဖြစ်သည်နှင့် ဘုရားသခင်တွဲဖက်တော်မူသော သူတို့ကို လူမခွဲမခွာရဟုမိန့်တော်မူ၏။ ​ ဖာရိရှဲတို့ကလည်း သို့ဖြစ်လျှင် ဖြတ်စာပေး၍ ကွာစေရန် မောရှေအဘယ့်ကြောင့်ပညတ်သနည်း ဟုမေးပြန်ကြသော်၊ သင်တို့စိတ်ခဲယဉ်းသောကြောင့် မောရှေသည်မယားကွာခွင့်ပြုရ၏။ အစအဦး၌မူကား ထိုသို့မဟုတ်။ ငါဆိုသည်မှာ မည်သူမဆို မတရားသောမေထုန်မှုကြောင့်မှတစ်ပါး မယားကိုကွာ၍ တစ်ပါးသောမိန်းမနှင့် အိမ်ထောင်ဘက်ပြုလျှင် သူ့သားအိမ်ရာကိုပြစ်မှားသူ၊ ကွာပြီးမိန်းမနှင့် အိမ်ထောင်ဘက်ပြုသူလည်းသူ့သားအိမ်ရာကိုပြစ်မှားသူြဖစ်သည်ဟုမိန့်တော်မူရာ၊ 10 တပည့်တော်တို့က လင်မယားမှုမှာ ဤသို့ဖြစ်လျှင် အိမ်ထောင်ဘက်ပြုရန်မသင့်ပါဟု လျှောက်ထားကြသော်၊ 11 ထိုစကားကို လူတိုင်းမခံမယူနိုင်၊ နာယူခွင့်ရသူတို့သာ ခံယူနိုင်ကြ၏။ 12 အမိဝမ်းတွင်းပါမိန်းမစိုးများ လူပြုပြင်၍ဖြစ်သောမိန်းမစိုးများပြင် ကောင်းကင်နိုင်ငံတော်အတွက် ကိုယ်ကိုချုပ်တည်း၍ဖြစ်သောမိန်းမစိုးများရှိ၏။ ထိုစကားကိုခံယူနိုင်သောသူ ခံယူစေဟုမိန့်တော်မူ၏။
13 ထိုနောက်လက်တော်တင်၍ ပဌနာပြုခြင်းငှာ သူငယ်တို့ကိုကိုယ်တော့်ထံဆောင်ခဲ့ကြသော် တပည့်တော်တို့ဆုံးမကြသည်နှင့်၊ 14 ယေရှုကသူငယ်တို့ကို ငါ့ထံလာစေကြလော့။ မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်သည်ဟုမိန့်တော်မူလျက် 15 သူငယ်တို့အပေါ်တွင် လက်တော်တင်ပြီးမှ ထွက်ကြွတော်မူ၏။
16 ထိုအခါ လူတစ်ယောက်သည် ချဉ်းလာ၍ ဆရာ ထာဝရအသက်ရခြင်းငှာ မည်သည့်ကောင်းမှုကိုပြုရပါမည်နည်းဟုမေးသော် 17 ကိုယ်ေတာ်က ကောင်းမှုနှင့်စပ်၍ ငါ့ကိုအဘယ်ကြောင့်မေးသနည်း။ ကောင်းသောအရှင်တစ်ပါးသာရှိသည်။ အသက်ရှင်ရာသို့သင်ဝင်လိုလျှင် ပညတ်တော်များကို စောင့်ရှောက်လော့ဟုမိန့်တော်မူ၏။ 18 ထိုသူကလည်း မည်သည့်ပညတ်တော်များနည်ဟု မေးပြန်သော်ယေရှုက သူ့အသက်ကိုမသတ်နှင့်။ သူ့သားအိမ်ရာကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မုသာသက်သေကိုမခံနှင့်။ 19 မိဘကိုရိုသေသမှုပြုလော့၊ အပေါင်းအေဖာ်ကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူသည့်ကာလ၊ 20 ပျိုရွယ်သူက ထိုပညတ်တော်ရှိသမျှတို့ကို စောင့်ရှောက်ပါပြီ၊ မည်သည့်အရာလိုပါသေးသနည်းဟု မေးပြန်သော် 21 ယေရှုက သင်စုံလင်လိုလျှင် သွား၍ပစ္စည်းများကိုရောင်းချလျက် သူဆင်းရဲတို့အားပေးကမ်းလော့။ သို့မှကောင်းကင်ဘုံတွင် ဘဏ္ဍာရရှိလိမ့်မည်။ ငါ့နောက်သို့လည်းလိုက်လာလော့ဟုမိန့်တော်မူ၏။ 22 ထိုစကားကိုပျိုရွယ်သူကြားလျှင် ဥစ္စာပစ္စည်းကြွယ်ဝသောကြောင့် နှလုံးမသာထွက်သွားလေ၏။ 23 ထိုအခါ တပည့်တော်တို့အားယေရှုက သူဌေးသူကြွယ်သည် ကောင်းကင်နိုင်ငံေတာ်သို့ဝင်ခဲလေစွ။ ငါအမှန်ဆို၏။ 24 တစ်နည်း သူဌေးသူကြွယ်သည် ဘုရားသခင့်နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုပ်သည် အပ်နဖားကို လျှိုရန်လွယ်ကူသည် ငါဆို၏ဟုမိန့်တော်မူသော်၊ 25 ကြားသောတပည့်ေတာ်တို့ အလွန်အံ့သြလျက် သို့ဖြစ်လျှင်ကယ်တင်ခြင်းသို့ မည်သူရောက်နိုင်အံ့နည်းဟုမေးေလျှာက်ကြရာ ယေရှုသည် ရှုကြည့်တော်မူလျက် 26 ဤသို့လူမတတ်နိုင်။ ဘုရားသခင်မူကား အရာခပ်သိမ်းကိုတတ်နိုင်တော်မူသည် ဟုဖြေဆိုတော်မူ၏။ 27 ထိုကာလပေတရုက တပည့်တော်တို့သည်အလုံးစုံစွန့်ခဲ့ပြီလျှင် နောက်တော်ကလိုက်ကြပါပြီ။ သို့ဖြစ်၍မည်သည့်ဆုကိုရပါအံ့နည်းဟုမေးလျှောက်သော်၊ 28 ယေရှုက လူ့သားသည်အသစ်ပြုပြင်ရာကာလ ဘုန်းတော်ဆိုင်ရာ ပလ္လင့်ပေါ်တွင် ထိုင်တော်မူသောအခါ ငါ့နောက်လိုက်ခဲ့သောသင်တို့လည်း ဆယ့်နှစ်ပလ္လင် ပေါ်တွင် ထိုင်လျက် ဣသရေလ တစ်ဆယ့်နှစ်နွယ် ကိုတရားစီရင်ရကြလတ္တံ။ 29 ငါ့နာမအတွက်ကြောင့် ညီအစ်ကို၊ မောင်နှမ၊ မိဘ၊ သားသမီး၊ အိမ်မြေများကိုစွန့်ခဲ့သူတိုင်း အဆများစွာပင် ထာဝရအသက်ကို အပိုင်ရလိမ့်မည်။ 30 သို့ရာတွင် အဦးဆုံးကျသူအများသည် နောက်ဆုံးကျလိမ့်မည်၊ နောက်ဆုံးကျသူအများလည်းအဦးဆုံးကျလိမ့်မည်။