18
ထိုအချိန်နာရီ၌ တပည့်တော်တို့သည် ယေရှုထံချဉ်းကပ်၍၊ ကောင်းကင်နိုင်ငံတော်တွင် မည်သူသည်အကြီးမြတ်ဆုံးဖြစ်ပါသနည်းဟု မေးလျှောက်ကြသော်၊ ကိုယ်တော်သည် သူငယ်တစ်ယောက်ကိုခေါ်၍ တပည့်တော်တို့အလယ်တွင်ထားပြီးနောက် သင်တို့သည် စိတ်ပြောင်းလဲလျက် သူငယ်များကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ အလျှင်းဝင်ရမည်မဟုတ်ဟုငါအမှန်ဆို၏။ မည်သူမဆိုဤသူငယ်ကဲ့သို့ကိုယ်ကိုနှိမ့်ချလျှင် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံးဖြစ်၏။ ငါ့နာမကိုထောက်၍ ဤသို့သောသူငယ်တစ်ယောက်ကိုလက်ခံလျှင် ငါ့ကိုလက်ခံ၏။ ငါ့အားယုံကြည်သောဤလူငယ်တစ်ယောက်ယောက်ကို တိုက်လဲစေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ဆွဲလျက် ပင်လယ်နက်ရှိုင်းရာ၌နှစ်မြှုပ်ခံရလျှင်ကောင်း၏။ တိုက်လဲစေရန်အကြောင်းများကြောင့် ဤလောက၌ အမင်္ဂလာရှိ၏။ ထိုအကြောင်းများပေါ်လာရမည်မှန်သော်လည်း ပေါ်လာစေသောသူ၌ အမင်္ဂလာရှိ၏။ ထိုကြောင့်လက်ကဖြစ်စေ၊ ခြေကဖြစ်စေ၊ သင့်ကိုတိုက်လဲစေလျှင် ဖြတ်ပစ်လော။ ခြေလက်အစုံအလင်နှင့် ထာဝရမီးထဲသို့ ပစ်ချခံရသည်ထက် ခြေလက်ချို့တဲ့လျက် အသက်ရှင်ရာသို့ဝင်ရသော် ကောင်းသေး၏။ မျက်စိကတိုက်လဲစေလျှင် ထုတ်ပစ်လော။ မျက်စိနှစ်လုံးပါလျက် ငရဲမီးထဲသို့ပစ်ချခံရသည်ထက် မျက်စိတစ်လုံးနှင့် အသက်ရှင်ရာသို့ဝင်ရသော် ကောင်းသေး၏။ 10 ဤသူငယ် တစ်ယောက်ယောက်ကို မထီမဲ့မြင်မပြုမိစေရန် သတိမူကြလော့။ စောင့်ထိန်းသူကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံစံငါ့ခမည်းတော်၏ မျက်နှာတော်ကိုအစဉ် ဖူးမြင်ရကြသည် ငါဆို၏။ 18.11 လူသားလည်း၊ ေပျိာက်လွင့်သူတို့ကိုကယ်ရန်ေရာက်လာ၏။ ဟူေသာနံပါတ် ၁၁သည်ေရှးကျမ်းေဟာင်းအချို့၌ပါရှိ၏။ 12 မည်သို့ထင်ကြသနည်း။ လူတစ်ယောက်မှာသိုးတစ်ရာရှိ၍ တစ်ကောင်လမ်းလွဲလျှင် ကျန်ကိုးဆယ့်ကိုးကောင်ကို တောင်တန်းပေါ်တွင်ထားခဲ့ပြီးသော်လမ်းလွဲသောသိုးကိုရှာရန် သွားမည်မဟုတ်လော။ 13 တွေ့မိခဲ့လျှင် လမ်းမလွဲသောကိုးဆယ့်ကိုးကောင်အတွက်ထက် ထိုတစ်ကောင်အတွက် သာ၍ဝမ်းမြောက်ဝမ်းသာရှိသည်ဟု ငါအမှန်ဆို၏။ 14 ဤသူငယ်တစ်ဦးတစ်ယောက်မျှ ပျက်စီးသည်ကို ကောင်းကင်ဘုံစံသင်တို့အဘ အလိုရှိတော်မူမည်မဟုတ်။
15 ၎င်းပြင် ညီအစ်ကိုချင်းသည် သင့်ကိုပြစ်မှားမိလျှင် သူ့အပြစ်ကိုနှစ်ယောက်တည်း ဖော်ပြရန်သွားလော့။ သင်၏စကားကိုနာယူလျှင် ထိုညီအစ်ကိုကို သင်ရလေပြီ။ 16 မနာယူလျှင်မူကား သက်သေခံ နှစ်ဦးသုံးဦးထွက်ဆိုက ပြစ်မှုရှိသမျှတည်စေရန် တစ်ဦးနှစ်ဦးကို ခေါ်သွားဦးလော့။ 17 ထိုသူတို့စကားကို နားမထောင်ရှိနေလျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏ စကားကိုပင် နားမထောင်လျှင် ထိုသူ့ကိုသာသနာပ အနေနှင့်လည်းေကာင်း၊ အခွန်ကောက်အနေနှင့်လည်းေကာင်း မှတ်ယူလော့။ 18 မြေကြီးပေါ်တွင်မည်သည့်အရာကိုမဆို သင်တို့မြစ်တားလျှင် ကောင်းကင်ဘုံတွင်မြစ်တားလျက်ရှိလိမ့်မည်။ မြေကြီးပေါ်တွင် မည်သည့်အရာကိုမဆို သင်တို့ခွင့်ပြုလျှင် ကောင်းကင်ဘုံတွင် ခွင့်ပြုလျက်ရှိလိမ့်မည်ဟု ငါအမှန်ဆို၏။ 19 တစ်ဖန်ငါအမှန်ဆိုသည်မှာ သင်တို့အနက် နှစ်ဦးနှစ်ယောက်သည် တောင်းလေရာရာ၌စပ်၍ မြေကြီးပေါ်တွင် သဘောချင်းတူညီလျှင် ကောင်းကင်ဘုံစံငါ့ခမည်းတော်သည် ထိုအရာကိုသနားတော်မူမည်။ 20 ငါ့နာမကိုထောက်၍ နှစ်ဦးသုံးဦးတို့ စည်းဝေးလျှင် စည်းဝေးရာ ထိုသူတို့အလယ်တွင် ငါရှိသည်ဟုမိန့်တော်မူ၏။
21 ထိုအခါပေတရုသည် ချဉ်းကပ်လျက် အရှင်ဘုရား ညီအစ်ကိုချင်းသည် တပည့်တော်ကိုပြစ်မှား၍ တပည့်တော်ဖြေလွတ်ရမည်မှာ ဘယ်နှစ်ကြိမ်ပါနည်း။ ခုနစ်ကြိမ်တိုင်လောဟုမေးလျှောက်သော်၊ 22 ယေရှုက ခုနစ်ကြိမ်တိုင်မဟုတ်၊ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင် ဖြေလွတ်ရမည်ဟု ငါဆို၏။ 23 ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည် ကျေးကျွန်သင်းပင်းတို့နှင့် စာရင်းရှင်းလိုသော ဘုရင်မင်းတစ်ပါးနှင့်တူ၏။ 24 ရှင်းမိသော် ရွှေဒင်္ဂါးနှစ်သန်းကြွေးမြီးတင် သူတစ်ဦးကို ရှေ့တော်သို့သွင်းလာကြသဖြင့် ဆပ်ပေးရန်မရှိသောကြောင့် 25 ထိုသူမှစ၍ သားမယား ဥစ္စာပစ္စည်းရှိသမျှကို ရောင်းချဆပ်ပေးစေဟု အမိန့်ရှိတော်မူသော် 26 ထိုကျွန်သည် ပျပ်ဝပ်ရှိခိုးလျက် အရှင် သည်းခံတော်မူပါ။ ကုန်စင်အောင်ဆပ်ပါမည်ဟုတင်လျှောက်သည့်ကာလ၊ 27 အရှင်သည် ကရုဏာသက်သဖြင့်သူ့ကိုလွှတ်၍ ကြွေးမြီကိုလည်း ပလပ်စေ၏။ 28 ထိုသူမူကားထွက်သွားလျက် ငွေတစ်ရာတင်သော မြီစားကျွန် ချင်းတစ်ယောက်ကို တွေ့သော် ဖမ်းဆီး၍လည်ကိုညှစ်ပြီးလျှင် ငါ့ငွေကိုဆပ်လော့ဟုတောင်းဆိုသည့်ကာလ၊ 29 ထိုကျွန်ချင်းသည် ပျပ်ဝပ်လျက်၊ သည်းခံပါဦး။ ကုန်စင်အောင်ဆပ်ပါမည်ဟုတောင်းပန်သော်လည်း 30 သည်းမခံဘဲသွား၍ မဆပ်မချင်း ထောင်ချလေ၏။ 31 အခြားသောကျွန်ချင်းတို့သည် ထိုအချင်းအရာကိုသိမြင်သော် အလွန်ဝမ်းနည်း၍ အရှင့်ထံသွားလျက် အလုံးစုံသံတော်ဦးတင်ကြသည့်အတိုင်း အရှင်သည် ထိုသူ့ကိုခေါ်၍၊ 32 အချင်းကျွန်ဆိုး၊ သင်တောင်းလျှောက်သောကြောင့် ကြွေးမြီရှိသမျှကို ငါပလပ်စေပြီ။ 33 ငါသည်သင့်ကိုသနားသည့်နည်းတူ၊ ကျွန်ချင်းဖြစ်သူ့ကို သင်သနားသင့်သည်မဟုတ်လောဟု မိန့်ဆိုလျက် 34 အမျက်တော်ထွက်၍ ကြွေးရှိသမျှကိုမဆပ်မချင်း အာဏာသားတို့ထံ အပ်ထားတော်မူ၏။ 35 သင်တို့ရှိသမျှလည်း ညီအစ်ကိုချင်းကို စိတ်ပါကိုယ်ရောက် အပြစ်မလွှတ်လျှင် ကောင်းကင်ဘုံရှင်ငါ့ခမည်းတော်သည် ထိုနည်းတူ စီရင်တော်မူလိမ့်မည်ဟုမိန့်တော်မူ၏။