17
1 ထိုနောက် ခြောက်ရက်လွန်သော် ယေရှုသည် ပေတရုမှစ၍ ညီအစ်ကို ဖြစ်သူယာကုပ်၊ ယောဟန် တို့ကို မြင့်စွာတောင်ပေါ်သို့ အသီးအခြားခေါ်သွားပြီးလျှင် သူတို့ရှေ့တွင် အဆင်းပြောင်းလျက်၊
2 နေကဲ့သို့မျက်နှာတော်တောက်ပလျက် အလင်းကဲ့သို့ အဝတ်တော်ဖြူလျက် ရှိတော်မူ၏။
3 မောရှေနှင့် ဧလိယတို့လည်းထင်ရှား၍ ကိုယ်တော်နှင့်တိုင်ပင်ကြရာ၊
4 ပေတရုက အရှင်ဘုရား၊ ဤတွင် နေထိုင်ရန် ကောင်းပါသည်။ အလိုတော်ရှိလျှင် ကိုယ်တော်ဖို့တစ်ဆောင် မောရှေဖို့တစ်ဆောင် ဧလိယဖို့တစ်ဆောင် တဲသုံးဆောင်ထိုးပါမည်ဟု ယေရှုအားလျှောက်၏။
5 ထိုသို့လျှောက်စဉ်ပင် တောက်ပသောတိမ်တိုက်သည် လွှမ်းမိုးလျက် ဤသူကား ငါနှစ်သက်မြတ်နိုးရာချစ်သားပေတည်း။ သူ့အမိန့်ကိုနာခံကြဟု တိမ်တိုက်တဲက ဗျာဒိတ်တော်သံရောက်လာသည်ကိုတပည့်ေတာ်တို့ကြားသော်၊
6 အလွန်ကြောက်ရွံ့ဝပ်လျှိုးကြ၏။
7 ထိုအခါ ယေရှုသည် ကြွလာ ကိုင်ဆွဲလျက် ထကြ၊ မကြောက်ကြနှင့် ဟုမိန့်တော်မူသဖြင့်မြော်ကြည့်ကြသော်၊
8 ယေရှုတစ်ပါးတည်းပြင် မည်သူ့ကိုမျှမမြင်ချေ။
9 တောင်ပေါ်မှဆင်းလာကြစဉ် ယေရှုက သူသေတို့အထဲမှ လူ့သားမရှင်ပြန်မထမြောက်မီဤရူပါရုံကို မည်သူ့မျှအားမပြောကြနှင့်ဟုမြစ်တား တော်မူ၏။
10 တပည့်တော်တို့ကလည်း သို့ဖြစ်လျှင် ဧလိယလာနှင့်ရမည်ဟူ၍ ကျမ်းတတ်ဆရာတို့အဘယ့်ကြောင့်ဆိုကြပါသနည်းဟုမေးလျှောက်ကြသော်၊
11 ကိုယ်တော်က ဧလိယသည်လာ၍ အရာခပ်သိမ်း ကိုအသစ်ပြုပြင် ရမည်မှန်၏။
12 သို့ရာတွင် ဧလိယရောက်လာပြီ။ သူ့ကိုမသိ၍ အလိုရှိရာပြုကြလေပြီ။ ထိုနည်းတူ လူ့သားလည်းသူတို့လက်တွင်ခံရမည်၊ ငါဆိုသည်ဟုမိန့်တော်မူ၏။
13 ထိုအခါ ဗတ္တိဇံဆရာယောဟန်နှင့်စပ်လျဉ်း၍ မိန့်တော်မူသည်ကို တပည့်တော်တို့နားလည်ကြ၏။
14 လူပရိသတ်တို့ရှိရာသို့ရောက်ကြသော် လူတစ်ယောက်သည် ချဉ်းကပ်ဒူးထောက်လျက် အရှင်ဘုရား၊
15 အကျွန်ုပ်သားကို သနားတော်မူပါ။ သူသည်ဝက်ရူးစွဲ၍ မီးတွင်လည်းေကာင်း၊ ရေတွင်လည်းေကာင်း ကြိမ်ဖန်များစွာလဲလျက် ဒုက္ခကြီးစွာခံနေရပါသည်။
16 အရှင့်တပည့်တို့ထံခေါ်ခဲ့သော်လည်းမကျန်းမာစေနိုင်ကြပါဟု လျှောက်သည့်ကာလ
17 ယေရှုက ယုံကြည်ခြင်းကင်း၍ ကောက်ကျစ်သောအိုလူမျိုး၊ ငါသည်သင်တို့နှင့်မည်မျှကြာရှိနေရမည်နည်း။ သင်တို့ကိုမည်မျှ ကြာသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံယူခဲ့ကြဟုမိန့်ဆိုပြီးလျှင် ဆုံးမတော်မူရာ၊
18 နတ်ထွက်ခွာသဖြင့် ထိုအချိန်နာရီကစ၍ သူငယ်ကျန်းမာလေ၏။ ထိုနောက်တပည့်တော်တို့သည်
19 ယေရှုထံအသီးအခြားချဉ်းကပ်လျက် အဘယ်ကြောင့်ထိုနတ်ကို တပည့်တော်တို့မနှင်ထုတ်နိုင်ပါသနည်းဟုမေးလျှောက်ကြသော်၊
20 သင်တို့ယုံကြည်ခြင်းနည်းကြသောကြောင့်တည်း။ သင်တို့တွင် မုံညင်းစေ့ခန့်မျှယုံကြည်ခြင်းရှိလျှင် ဤတောင်အား ဤအရပ်မှ ထိုအရပ်သို့ ရွှေ့လော့ဟုဆိုသော် ရွေ့လိမ့်မည်။ သင်တို့မတတ်စွမ်းနိုင်သောအရာမည်သည်မျှရှိမည်မဟုတ်။ ငါအမှန်ဆိုသည်ဟုမိန့်တော်မူ၏။၁ 17.21 သို့ေသာ်လည်း။ ပဌနာပြုခြင်း၊ အစာေရှာင်ခြင်းများအားဖြင့်မှတစ်ပါး၊ ထိုနတ်မျိုးကိုမထွက်ေစနိုင်ဟူေသာနံပါတ် ၂၁သည်ေရှးကျမ်းေဟာင်းအချို့၌ပါရှိ၏။
22 ဂါလိလဲနယ်တွင် စုရုံးသောတပည်တော်တို့အား ယေရှုက လူ့သားသည်လူတို့လက်သို့ပို့အပ်ခံရ၍ အသေသတ်ခြင်းခံရလိမ့်မည်။
23 သုံးရက်လည်သောနေ့တွင် ရှင်ပြန်ထမြောက်ရလိမ့်မည်ဟု မိန့်တော်မူသဖြင့် အလွန်ဝမ်းနည်းကြ၏။
24 ကပေရနောင်မြို့သို့ရောက်ကြသော် အလှူငွေခံသူတို့သည် ပေတရုအား သင့်ဆရာသည်အလှူငွေပေးသည် မဟုတ်လောဟုမေးလာသည့်ကာလ ပေတရုကပေးသည်ဟု ပြန်ဆို၏။
25 ထိုနောက်ပေတရုသည် အိမ်သို့ဝင်လာသောအခါ ယေရှုက အိုရှိမုန်၊ မည်သို့ထင်သနည်း။ ပြည့်ရှင်မင်းတို့သည် အခွန်အကောက်များကို မည်သူ့ထံမှကောက်ခံကြသနည်း။ သားရင်းတို့ထံမှလော။ သူတစ်ထူးတို့ထံမှလောဟု ကြိုတင်မေးတော်မူရာ၊
26 ပေတရုက သူတစ်ထူးတို့ထံမှ ခံပါသည်ဟု ဖြေဆိုသည့်ကာလ ယေရှုကသို့ဖြစ်လျှင် သားဖြစ်သူတို့မှာလွတ်ရသည်။
27 သို့ရာတွင်ငါတို့သည် ထိုသူတို့၌ တိုက်လဲရန်အကြောင်းမဖြစ်စေခြင်းငှာ သွား၍အိုင်၌ ငါးမျှားချလော့၊ အဦးမိသည့်ငါး၏ခံတွင်းကိုဖွင့်လျှင် ငွေတစ်ကျပ်တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့်သင့်အတွက်ပေးလော့ဟုမိန့်တော်မူ၏။