ရှင်မဿဲ
ဧဝံဂေလိကျမ်း
1
ဒါဝိဒ်၏သား၊ အာဗြဟံ၏သားဖြစ်တော်မူသောယေရှုခရစ်၏အမျိုးအနွယ်တော်စာရင်းမှာ အာဗြဟံ့သားဣဇာက်၊ ဣဇာက်သားယာကုပ်၊ ယာကုပ်သားယုဒနှင့် ညီအစ်ကိုများ၊ တာမာဖြင့်ယုဒရသောဖာရက်နှင့်ဇေရ၊ ဖာရက်သားဟေဇရုံ၊ ဟေဇရုံ့သားအာရံ၊ အာရံ့သားအမိနဒပ်၊ အမိနဒပ်သားနာရှုန်၊ နာရှုန့်သားစာလမုန်၊ ရာခပ်ဖြင့် စာလမုန်ရသောဗောဇ၊ ရုသဖြင့်ဗောဇရသောသြဗက်၊ သြဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်မင်း၊ ဥရိယမယားဖြစ်ဖူးသူဖြင့် ဒါဝိဒ်ရသောရှောလမုန်၊ ရှောလမုန်သားရောဗောင်၊ ရောဗောင့်သား အဘိယ၊ အဘိယသားအာသ၊ အာသသားယောရှဖတ်၊ ယောရှဖတ်သားယဟောရံ၊ ယဟောရံ့သားသြဇိ၊ သြဇိသားယောသံ၊ ယောသံ့သား အာခတ်၊အာခတ်သား ဟေဇကိ၊ ဟေဇကိသားမနာရှေ၊ မနာရှေ့သားအာမုန်၊ အာမုန့်သားယောရှိ၊ 10 ဗာဗုလုန်မြို့သို့ သိမ်းသွားခံရသည့်ကာလ ရှိရစ်သောယောရှိသား ယေခေါနိနှင့် ညီအစ်ကိုများ၊ 11 ဗာဗုလုန်မြို့သို့ သိမ်းသွားခံရသည့်နောက် 12 ယေခေါနိရသောရှာလသေလ 13 ရှာလသေလသားဇေရုဗဗေလ၊ ဇေရုဗဗေလသားအဗျုဒ်၊ အဗျုဒ်သားဧလျာကိမ် 14 ဧလျာကိမ့်သားအာဇော်၊ အာဇော့်သားဇာဒုတ်၊ ဇာဒုတ်သားအာခိမ်၊ အာခိမ့်သားဧလုဒ် 15 ဧလုဒ်သားဧလာဇာ၊ ဧလာဇာ့သားမဿာန် 16 မဿာန်သားယာကုပ်၊ ယာကုပ်သားကားခရစ်တော်ခေါ်ယေရှုကိုဖွားမြင်သော မာရိ၏ခင်ပွန်းယောသပ်တည်း။ 17 အမျိုးအနွယ်တော်ဆက်ပေါင်းသည် အာဗြဟံမှဒါဝိဒ်တိုင် တစ်ဆယ့်လေးဆက်ဒါဝိဒ်မှဗာဗုလုန်မြို့သို့သိမ်းသွားခံရသည့်ကာလတိုင် တစ်ဆယ့်လေးဆက်၊ ဗာဗုလုန်မြို့သို့သိမ်းသွားခံရသည့်ကာလမှ ခရစ်တော်တိုင် တစ်ဆယ့်လေးဆက်ဖြစ်၏။
18 ယေရှုခရစ်၏ ဖွားတော်မူခြင်း အကြာင်းအရာမှာ မယ်တော်ဖြစ်သူ မာရိသည် ယောသပ်နှင့်ထိမ်းမှန်းပြီးနောက်မဆက်ဆံမီ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သန္ဓေရှိေကြာင်း သိမြင်ကြသော် 19 ခင်ပွန်းယောသပ်သည် ဖြောင့်မတ်သူဖြစ်သော်လည်း အရှက်မကွဲေစလိုသောကြောင့် တိတ်တဆိတ်စွန့်ပယ်ရန် ကြံရွယ်အောက်မေ့လျက်နေစဉ် အိမ်မက်တွင် ထာဝရဘုရား၏ စေတမန်တစ်ပါး ထင်ရှားပြီးလျှင် 20 အိုဒါဝိဒ်၏သားယောသပ် ခင်ပွန်းမာရိကို သိမ်းပိုက်ရန်မကြောင့်ကြနှင့်။ သူ၌ရှိသော သန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တည်၏။ 21 သူသည်သားယောကျ်ားကိုဖွားမြင်လိမ့်မည်။ ထိုသားသည်မိမိလူမျိုးတော်ကို အပြစ်ဒုစရိုက်များမှကယ်တင်မည့်အရှင် ဖြစ်သောကြောင့် ယေရှုဟူ၍ အမည်မှည့်လော့ဟု မြွက်ဆို၏။ 22-23 ထိုသို့ဖြစ်ပျက်ရသည်မှာ အပျိုကညာသည် သန္ဓေယူ၍ သားယောကျ်ားကို ဖွားမြင်သောအခါ ဧမာနွေလဟု မှည့်ရကြလတ္တံ့ဟူ၍ပရောဖက်ဖြင့် ထာဝရဘုရား ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း ပြည့်စုံစေခြင်းငှာတည်း။ ဧမာနွေလ အဓိပ္ပါယ်ကား ဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူသည်ဟု ဆိုလိုသတည်း။ 24 ယောသပ်သည်နိုးထပြီးလျှင် စေတမန်တော်ဆင့်ဆိုသည့်အတိုင်း လိုက်နာ၍ ခင်ပွန်းကိုသိမ်းပိုက်ရာ၊ 25 သားမဖွားမီမဆက်ဆံဘဲနေ၏။ ထိုသားကိုလည်းယေရှုဟူ၍ အမည်မှည့်လေ၏။