4
နောင်လာလတ္တံ့သောကာလတွင်၊ ထာဝရဘုရား၏ဗိမာန်တော်တည်သောတောင်သည်၊ တောင်တကာတို့အထွဋ်ဖြစ်လျက်၊ ကုန်းတကာတို့ထက်ကြီးမြင့်သည့်အတိုင်း၊ လူအမျိုးမျိုးတို့တက်ကြလိမ့်မည်။ များပြားသောလူမျိုးတို့လည်း သွားလျက်ပင်၊ လာကြ။ ထာဝရဘုရား၏တောင်တော်၊ ယောကုပ်ဘုရား၏ဗိမာန်တော်သို့တက်ကြကုန်အံ့။ နိဿရည်းတော်များ ကိုသွန်သင်တော်မူမည်။ နည်းလမ်းတော်များသို့လည်း ငါတို့လိုက်သွားအံ့ဟု ဆိုကြလိမ့်မည်။ အသို့ဆိုသော်၊ တရားတော်သည် ဇိအုန်တောင်မှလည်းေကာင်း၊ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရုရှလင်မြို့မှလည်းေကာင်း ထွန်းပေါ်လျက်၊ ကိုယ်တော်သည် များပြားသောလူမျိုးတို့စပ်ကြား၌ စီရင်၍၊ ဝေးကွာသောလူမျိုးကြီးတို့အပေါ်တွင် ဆုံးဖြတ်တော်မူသဖြင့်၊ သူတို့ဓားလက်နက်များကို ထွန်သွား၊ လှံလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှာ ထုလုပ်၍၊ တစ်မျိုးကိုတစ်မျိုးထပ်မံဓားခုတ်ခြင်း၊ စစ်လေ့ကျင့်ခြင်းမရှိဘဲ၊ လူအသီးသီးတို့သည်၊ ကိုယ့်စပျစ်ခြံ၊ သဖန်းခြံရိပ်တွင်၊ ထိတ်လန့်ရာမဲ့နေထိုင်ရကြလတ္တံ့။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားထိုသို့မိန့်တော် မူလေပြီ။ လူမျိုးတကာတို့သည်၊ ဆိုင်ရာဆိုင်ရာ ဘုရားအမည်ကို မှီ၍ လိုက်ေလျှာက်ကြသော်လည်း၊ ငါတို့မှာမူ၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားနာမတော်ကိုအမှီပြု၍၊ ကာလ အစဉ်လိုက်ေလျှာက်ကြဦးမည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ထိုကာလငါသည်၊ ထော့နဲ့သွားခဲ့ရသူ၊ နှင်ထုတ်ခံခဲ့ရသူ၊ ဘေးစီရင်တော်မူခြင်းခံခဲ့ရသူတို့ကို၊ စုရုံးသိမ်းယူပြီးလျှင်၊ ထော့နဲ့သူ့ကို အကြွင်းအကျန်အဖြစ်၊ ဝေးကွာစွာနှင်ထုတ်ခံရသူ့ကို လူမျိုးကြီးအဖြစ်ထား၍၊ ဇိအုန်တောင်ပေါ်တွင်၊ ထိုသူတို့ကိုကာလအစဉ်ငါထာဝရဘုရားအုပ်စိုးမည်။ သိုးအုပ်တော့်ဆိုင်ရာ ေမျှာ်စင်ဖြစ်သော၊ အိုသတို့သမီးယေရုရှလင်ကုန်းယမန်ရေသာအုပ်စိုးခွင့်၊ သတို့သမီးယေရုရှလင်၏အာဏာပိုင်ခွင့်သည်၊ သင့်ထံရောက်ပြန်လိမ့်မည်။ သင်အော်ဟစ်လျက်၊ မီးဖွားသောမိန်းမကဲ့သို့ဝေဒနာခံစားလျက်နေသည်မှာ၊ ဘုရင်သုန်း၊ မင်းတိုင်ပင်တုံးသောကြောင့်လော။ 10 အိုသတို့သမီးဇိအုန်၊ သင်သည် ယခုပင်မြို့မှထွက်၍ ကျေးတော၌ နားပြီးလျှင်၊ ဗာဗုလုန်မြို့သို့သွားရသောကြောင့်၊ မီးဖွားသောမိန်းမကဲ့သို့နာကျင်လျက် ဝေဒနာခံစားလော့။ ထိုမြို့၌ပင်၊ ငါထာဝရဘုရားသည် ရန်သူတို့လက်တွင်းမှ၊ သင့်ကိုကယ်ဆယ်ရွေးနုတ်မည်။ 11 ဇိအုန်မြို့ကိုစိန်းစိန်းကြည့်လျက်ရှုတ်ချကြကုန်အံ့ဟုဆိုသော၊ လူမျိုးခြားအမြောက်အမြားတို့သည်၊ ယခုပင်သင့်ကိုဝိုင်းထားစုရုံးလျက်နေကြသော်လည်း၊ 12 ကောက်နယ်တလင်းသို့ ကောက်လှိုင်းသဖွယ်၊ ထိုသူတို့ကို သိမ်းသွားသောငါထာဝရဘုရားကြံစည်သောပြဋ္ဌာန်းချက်ကိုမသိကြချေ။ 13 အိုသတို့သမီးဇိအုန်၊ ငါသည် သင့်ဦးချိုကို သံ၊ သင့်ခွာကို ကြေးသဖွယ်ဖြစ်စေမည့်အလျောက်၊ ထ၍နင်းနယ်လော့။ သင်သည် လူမျိုးခြားအမြောက်အမြားကို ချေမွှ ပြီးလျှင်၊ ငါထာဝရဘုရားအားသူတို့စီးပွားကိုလည်းေကာင်း၊ မြေတစ်ပြင်လုံးပိုင်ရှင်ငါဘုရားအားစည်းစိမ်ကိုလည်းေကာင်း၊ လှူဒါန်းရလိမ့်မည်ဟု မိန့်တော်မူ၏။