3
နွားအုပ်မှ မိတ်သဟာယပူဇော်သက္ကာကို တင်သွင်းလှူဒါန်းလျှင် ကြန်အင်စုံသော အထီးအမတစ်ကောင်ကောင်ကို ထာဝရဘုရားရှေ့တင်သွင်းစေ။ လှူဒါန်းသောနွားဦးခေါင်းပေါ်တွင်လက်တင်၍ တွေ့ဆုံရာတဲတော်မုတ်ဝအနီး စီရင်ပြီးလျှင်၊ အာရုန့်သားပရောဟိတ်ဖြစ်သူတို့သည် ပူဇော်ရာပလ္လင်တော်ဘေးပတ်လည်၌ အသွေးကိုသွန်းပက်ကြရမည်။ 3-4 မိတ်သဟာယသက္ကာအနက် ဝမ်းတွင်း၌ဖုံးလွှမ်းသောဆီဥ၊ အုပ်ရစ်သောဆီဥရှိသမျှ ကျောက်ကပ်တစ်စုံနှင့် ခါးစောင်းရှိဆီဥ၊ ကျောက်ကပ်အနီးမှခွာရသော အသည်းဆိုင်ရာအညှို့များကို ထာဝရဘုရားထံမီးပူဇော်ရာအဖြစ် ဆက်ကပ်ပြီးမှ၊ အာရုန့်သားတို့သည် ထာဝရဘုရားစိတ်တော်ပြေဖွယ်ရနံ့အဖြစ် မီးပူဇော်ရာအဖြစ်ဖြင့် ပလ္လင်တော်ရှိထင်းမီးအထက် မီးရှို့ရာသက္ကာအပေါ်တွင် ပူဇော်ကြရမည်။
သိုးဆိတ်အုပ်မှထာဝရဘုရားထံ မိတ်သဟာယပူဇော်သက္ကာကိုဆက်ကပ်လျှင် ကြန်အင်စုံသော အထီးအမတစ်ကောင်ကောင်ကို လှူဒါန်းစေ။ သိုးသားငယ်ကိုလှူဒါန်းလျှင် ထာဝရဘုရားရှေ့တင်သွင်းရာ၊ လှူဒါန်းသောသိုးသားငယ်ဦးခေါင်းပေါ်တွင်လက်တင်၍ တွေ့ဆုံရာတဲတော်ရှေ့စီရင်ပြီးလျှင် အာရုန့်သားတို့သည် ပလ္လင်တော်ဘေးပတ်လည်၌ အသွေးကိုသွန်းပက်ကြရမည်။ မိတ်သဟာယသက္ကာအနက် ဆီဥ၊ ခါးဆက်မှခွာရသောမြီးထူး၊ ဝမ်းတွင်း၌ဖုံးလွှမ်းသောဆီဥ၊ အုပ်ရစ်သောဆီဥရှိသမျှ ကျောက်ကပ်တစ်စုံနှင့် ခါးစောင်းရှိဆီဥ၊ ကျောက်ကပ်အနီးမှခွာရသော အသည်းဆိုင်ရာ အညို့များကို၊ 10 ထာဝရဘုရားထံမီးပူဇော်ရာအဖြစ် ဆက်ကပ်ပြီးမှ၊ 11 ပရောဟိတ်သည် ထာဝရဘုရားထံ မီးပူဇော်ရာအစာအာဟာရအဖြစ်ဖြင့် ပလ္လင်တော်ပေါ်မှာပူဇော်ရမည်။
12 ဆိတ်ကိုလှူဒါန်းလျှင် ထာဝရဘုရားရှေ့တင်သွင်းရာ ဦးခေါင်းပေါ်တွင်လက်တင်၍ 13 တွေ့ဆုံရာတဲတော်ရှေ့စီရင်ပြီးလျှင် အာရုန့်သားတို့သည် ပလ္လင်တော်ဘေးပတ်လည်၌ အသွေးကိုသွန်းပက်ကြရမည်။ 14-15 အလှူဒါနအနက် ဝမ်းတွင်း၌ဖုံးလွှမ်းသောဆီဥ၊ အုပ်ရစ်သောဆီဥရှိသမျှ ကျောက်ကပ်တစ်စုံနှင့်ခါးစောင်းရှိဆီဥ၊ ကျောက်ကပ်အနီးမှခွာရသော အသည်းဆိုင်ရာအညှို့များကို ထာဝရဘုရားထံမီးကပူဇော်ရာအဖြစ်ဆက်ကပ်ပြီးမှ၊ 16 ဆီဥရှိသမျှ ထာဝရဘုရားပိုင်ရာတော်ဖြစ်သည်နှင့်အညီ ပရောဟိတ်သည် စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာအစာအာဟာရအဖြစ်ဖြင့် ပလ္လင်တော်ပေါ်မှာပူဇော်ရမည်။ 17 သင်တို့အမျိုးအစဉ်အဆက် နေရာအရပ်ရပ်၌ ဆီဥနှင့်အသွေးကိုမသုံးဆောင်ရဟူ၍ အမြဲအထုံးအဖွဲ့ဖြစ်ရမည်ဟု မိန့်တော်မူ၏။