27
1-2 တစ်ဖန်မောရှေအား ထာဝရဘုရားက ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည့်အချက်ဟူမူကား၊ လူတစ်ဦးသည် တစ်ဦးတစ်ယောက်နှင့်စပ်လျဉ်း၍ သင်ပြတ်ဆိုချက်အရ ထာဝရဘုရားထံ အထူးသစ္စာဝတ်ထားသော်၊
3 အသက်နှစ်ဆယ်က ခြောက်ဆယ်ထိယောက်ျားကို ကျပ်ချိန်တော်အလိုက် ငွေငါးဆယ်ပြတ်လော့။
4 မိန်းမဖြစ်လျှင် သုံးဆယ်ပြတ်လော့။
5 ငါးနှစ်ကနှစ်ဆယ်ထိယောက်ျားကို နှစ်ဆယ်၊ မိန်းမကို တစ်ဆယ်ပြတ်လော့။
6 တစ်လကငါးနှစ်ထိသူငယ်ကို ငွေငါးကျပ်၊ သူငယ်မကို ငွေသုံးကျပ်ပြတ်လော့။
7 အသက်ခြောက်ဆယ်ထက်ကျော်လွန်လျှင် ယောက်ျားကိုဆယ့်ငါးကျပ်၊ မိန်းမကိုတစ်ဆယ်ပြတ်လော့။
8 အကယ်၍သစ္စာဝတ်ထားသောသူသည် သင်ပြတ်သည့်အတိုင်း မပေးနိုင်အောင်ဆင်းရဲလျှင်၊ ဝတ္တုဖြစ်သူ့ကိုပရောဟိတ်ထံခေါ်သွင်းစေ။ ပရောဟိတ်လည်း ပေးနိုင်သည်နှင့်အမျှပြတ်စေ။
9 ထာဝရဘုရားထံ လှူဒါန်းတင်သွင်းအပ်သောတိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်လျှင် ထိုသို့သောအနက် ထာဝရဘုရားထံလှူပြီး အကောင်တိုင်းသီးသန့်ရာရောက်သောကြောင့်၊
10 အဆိုးအစားအကောင်း၊ အကောင်းအစားအဆိုးကို မလဲမပြောင်းရ။ ပြောင်းခဲ့လျှင် နှစ်ကောင်လုံးသီးသန့်၏။
11 ထာဝရဘုရားထံ မလှူဒါန်းမတင်သွင်းအပ်သော မသန့်သည့်တိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်သော်ကား၊ ပရောဟိတ်ထံတင်သွင်းစေ။
12 ပရောဟိတ်လည်း အကောင်းအဆိုးအလိုက် တန်ဖိုးပြတ်စေ။ ပြတ်သည့်အတိုင်းတည်စေ။
13 ရွေးနုတ်မည်ပြုလျှင် သင်ပြတ်ဆိုချက်အရ၊ ငါးဖို့တစ်ဖို့တိုး၍ရွေးစေ။
14 လူတစ်ဦးတစ်ယောက်သည် ကိုယ်ပိုင်အိမ်ကိုထာဝရဘုရားအဖို့ သီးသန့်ထားသော် ပရောဟိတ်သည် အကောင်းအဆိုးအလိုက် တန်ဖိုးပြတ်စေ။ ပြတ်သည့်အတိုင်းတည်စေ။
15 သီးသန့်ထားသောသူသည် ရွေးနုတ်မည်ပြုလျှင် သင်ပြတ်ဆိုချက်အရ တန်ဖိုးငွေငါးဖို့တစ်ဖို့တိုး၍ ရွေးစေ။
16 လူတစ်ဦးတစ်ယောက်သည် ကိုယ်ပိုင်ဖြစ်သောလယ်ယာအချို့ကို ထာဝရဘုရားအဖို့သီးသန့်ထားလျှင် မျိုးဝင်သည့်အလိုက်ပြတ်လော့။ မုယောမျိုးဆယ်တင်း၀င်မြေကွက်ကို ငွေငါးဆယ်ပြတ်လော့။
17 မင်္ဂလာနှစ်တွင် သီးသန့်ထားလျှင် သင်ပြတ်သောတန်ဖိုးတည်စေ။
18 မင်္ဂလာနှစ်လွန်ပြီးမှ သီးသန့်ထားသော်ကား နောက်မင်္ဂလာနှစ်တိုင်အောင် ကျန်နှစ်ပေါင်းနှင့်အမျှ ကျသောငွေကို ပရောဟိတ်ရေတွက်လျက် သင်ပြတ်ခဲ့သောတန်ဖိုးတွင် ခုနှိမ်စေ။
19 လယ်ယာကိုသီးသန့်ထားသောသူသည် ရွေးနုတ်မည်ပြုလျှင် သင်ပြတ်ဆိုချက်အရ တန်ဖိုးငွေငါးဖို့တစ်ဖို့တိုး၍ ရွေးစေ။
20 ရွေးနုတ်မည်မပြုသော်လည်းကောင်း၊ သူတပါးအားရောင်းသော်လည်းကောင်း နောက်နောင်ရွေးနုတ်ခွင့်မရှိချေ။
21 ထိုလယ်ယာသည် မင်္ဂလာနှစ်လက်လွတ်သော် သဃ်ိကလယ်ယာသဖွယ် ထာဝရဘုရားအဖို့သီးသန့်သဖြင့် ပရောဟိတ်ပိုင်ရာဖြစ်၏။
22 ဘိုးဘပိုင်မဟုတ်၊ ဝယ်သောလယ်ယာကို ထာဝရဘုရားအဖို့သီးသန့်ထားလျှင်၊
23 သင်ပြတ်ဆိုချက်အရ မင်္ဂလာနှစ်မတိုင်မီ ကျသင့်သောတန်ဖိုးကို ပရောဟိတ်ရေတွက်လျက် ထိုနေ့ချင်းပင် ထာဝရဘုရားအဖို့သီးသန့်ရာအဖြစ်ဖြင့် ပြတ်ဆိုချက်အတိုင်းပေးစေ။
24 မင်္ဂလာနှစ်တိုင်သော် ရောင်းခဲ့သူဘိုးဘပိုင်မြေရှင်ထံ လယ်ယာပြန်ရောက်စေ။
25 အခါခပ်သိမ်း ပဲနှစ်ဆယ်ကျ ကျပ်ချိန်တော်အလိုက်ပြတ်လော့။
26 ထာဝရဘုရားအဖို့ အဦးကျတိရစ္ဆာန်သားဦးများကို မည်သူမျှသီးသန့်မထားရ။ နွား၊ သိုး၊ ဆိတ်ဖြစ်လျှင် ထာဝရဘုရားပိုင်တော်မူပြီးဖြစ်၏။
27 မသန့်သောတိရစ္ဆာန်ဖြစ်သော် သင်ပြတ်ဆိုချက်အရ ငါးဖို့တစ်ဖို့တိုး၍ရွေးစေ။ မရွေးမူကား သင်ပြတ်ဆိုချက်အတိုင်းရောင်းစေ။
28 လူ၊ တိရစ္ဆာန်၊ လယ်ယာမှစ၍ ပိုင်လေရာရာအနက် ထာဝရဘုရားအဖို့လှူပြီး သင်္ဃိကတစ်စုံတစ်ခုကိုမျှရောင်းခြင်း၊ ရွေးခြင်းမပြုရ။ ၁ 27.28 သင်္ဃိက၊ မြေလှန်ဟူေသာစကားနှစ်ရပ်သည်၊ ပါဠိၒၒ-၌တူၔ၏။သင်္ဃိကတိုင်း ထာဝရဘုရားအဖို့အထူးသီးသန့်၏။
29 ၁ 27.29 သင်္ဃိက၊ မြေလှန်ဟူေသာစကားနှစ်ရပ်သည်၊ ပါဠိၒၒ-၌တူၔ၏။မြေလှန်ရာအပ်လိုက်ပြီး လူတစ်စုံတစ်ယောက်ကိုမျှမရွေးရ။ မုချသေဒဏ်ခံစေ။
30 အသီးအနှံဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေထွက်ဟူသမျှအနက် ဆယ်ဖို့တစ်ဖို့ထာဝရဘုရားပိုင်တော်မူရာဖြစ်၏။
31 ထာဝရဘုရားအဖို့သီးသန့်၏။ ၄င်းအနက်တစ်စုံတစ်ခုကို ရွေးနုတ်မည်ပြုလျှင် တန်ဖိုးငါးဖို့တစ်ဖို့တိုး၍ရွေးစေ။
32 တောင်ဝေှးအောက်စီသွားရသောနွား၊ သိုး၊ ဆိတ်တို့အနက် ဆယ်ကောင့်တစ်ကောင် ထာဝရဘုရားအဖို့ သီးသန့်ရာရောက်သဖြင့် ကောင်းသည်ဆိုးသည်မမှတ်ရ။
33 ပြောင်းလည်းမပြောင်းရ။ ပြောင်းခဲ့လျှင် နှစ်ကောင်လုံးသီးသန့်၏။ မရွေးရမည့်အကြောင်း ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
34 ဣသရေလအမျိုးသားတို့အဖို့ သိနာတောင်ပေါ်တွင် မောရှေအားထာဝရဘုရားထုတ်ဆင့်တော်မူသော ပညတ်ချက်များကား ထိုသို့ဖြစ်သတည်း။