25
သိနာတောင်ပေါ်တွင် တစ်ဖန်မောရှေအား ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည့်အချက်ဟူမူကား၊ ငါပေးသနားသောပြည်သို့ သင်တို့ဝင်ရောက်ကြပြီးနောက်၊ မြေပင်ထာဝရဘုရားရှေ့ ဥပုသ်စောင့်ရမည်။ ခြောက်နှစ်အတွင်းလယ်၌မျိုးကြဲခြင်း၊ စပျစ်ခြံ၌ သုတ်သင်ခြင်း၊ မြေထွက်သိုထားခြင်းများကို ပြုရသော်လည်း၊ သတ္တမနှစ်မျိုးကြဲခြင်း၊ သုတ်သင်ခြင်းမပြုဘဲ၊ ထာဝရဘုရားရှေ့မြေကို နားနေရာဥပုသ်စောင့်စေရမည်။ အလေ့ပေါက်စပါးကိုရိတ်သိမ်းခြင်း၊ လှပ်ထားသောစပျစ်ခြံအသီးကို ဆွတ်ခူးခြင်းမပြုဘဲ၊ မြေကိုနားနေရာဥပုသ်စောင့်စေရမည်။ မြေဥပုသ်သာ သင်မှစ၍၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ သူရင်းငှါးနှင့်ဝင်နေသူတို့အဖို့ အစာဖြစ်သည့်ပြင်၊ မြေပေါက်သည် သင်တို့တိရစ္ဆာန်နှင့်ပြည်နယ်ရှိ သားတကာအဖို့ အစာဖြစ်လိမ့်မည်။
၎င်းပြင်၊ ခုနစ်နှစ်ခုနစ်လီတည်းဟူသော နှစ်သိတင်းခုနစ်သိတင်းများကို ရေတွက်သည့်အလျောက်၊ နှစ်ပေါင်းလေးဆယ့်ကိုးနှစ်စေ့သော် သတ္တမလ၊ ဒသမနေ့၊ အပြစ်ဖြေရာနေ့၌၊ 10 ပြည်လုံးနှံ့တံပိုးမှုတ်စေ၍ ငါးဆယ်မြောက်သောနှစ်ကို သီးသန့်ထားလျက် ပြည်သူပြည်သားအပေါင်းတို့အား လွတ်ခွင့်ကြော်ငြာကြရမည်။ သင်တို့အဖို့ 25.10 ပါဠိၒၒ-ယုဘိလ၊ အဓိပ္ပါယ်ကား၊ သိုးၙချိုတံပိုး။မင်္ဂလာနှစ်ဖြစ်သဖြင့် အသီးအသီးတို့သည် ကိုယ့်ပိုင်မြေသို့လည်းကောင်း၊ ကိုယ့်အမျိုးသားချင်းရှိရာသို့လည်းကောင်း ပြန်နေခွင့်ရှိကြမည်။ 11 ထိုငါးဆယ်မြောက်သောနှစ်သည် မင်္ဂလာနှစ်ဖြစ်သည့်အလျောက် မျိုးကြဲခြင်း၊ အလေ့ပေါက်စပါးရိတ်သိမ်းခြင်း၊ လှပ်ထားသောစပျစ်ခြံအသီးဆွတ်ခူးခြင်းများကို မပြုကြရ။ 12 သီးသန့်သောမင်္ဂလာနှစ်ဖြစ်သဖြင့် လယ်အလေ့ပေါက်ကိုစားကြရမည်။ 13 ထိုမင်္ဂလာနှစ်တွင် အသီးအသီးတို့သည် ကိုယ့်ပိုင်မြေသို့ပြန်နေခွင့်ရှိကြမည်။ 14 သင်တို့သည် သူတစ်ပါးနှင့်ရောင်းဝယ်လျှင် အချင်းချင်းမစဉ်းလဲဘဲ၊ 15 မင်္ဂလာနှစ်နောက် ကုန်လွန်သောနှစ်အရေအတွက်နှင့်အမျှဝယ်ခြင်း၊ မြေထွက်ကျန်အရေအတွက်နှင့်အမျှရောင်းခြင်း ပြုရမည်။ 16 မြေထွက်ကျန်သမျှကိုသာ ရောင်းဝယ်ခွင့်ရှိသဖြင့် ကျန်နှစ်များသည်နှင့်အမျှတန်ဖိုးတိုးခြင်း၊ နည်းသည်နှင့်အမျှလျော့ခြင်း ပြုရမည်။ 17 ငါသည် သင်တို့ဘုရားသခင်ထာဝရဘုရားဖြစ်သဖြင့် ကိုယ့်ဘုရားသခင်ကြောင့်ကြောက်ရွံ့လျက် အချင်းချင်းမစဉ်းလဲကြရ။ 18 ငါ့ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များကို စောင့်ရှောက်ပြုကျင့်လျှင် ကိုယ့်ပြည်တွင်လုံခြုံစွာနေထိုင်ခွင့် ရှိကြလိမ့်မည်။ 19 မြေလည်းအသီးအနှံပေးသဖြင့် ဝစွာစားခွင့်၊ လုံခြုံစွာနေထိုင်ခွင့် ရကြလိမ့်မည်။ 20 သတ္တမနှစ်တွင် မျိုးကြဲခြင်း၊ မြေထွက်သိုထားခြင်းမပြုရလျှင် မည်သို့စားရကြအံ့နည်းဟု သင်တို့ဆိုဖွယ်ရာရောက်သော်လည်း၊ 21 ဆဌမနှစ်တွင် ငါစီမံနှင့်သောကောင်းကြီးမင်္ဂလာဖြင့် သုံးနှစ်အဖို့အသီးအနှံထွက်၍၊ 22 အဌမနှစ်တွင်မျိုးကြဲလျက် နဝမနှစ်မြေထွက်ပေါ်သည့်တိုင်အောင်သိုထားပြီး စပါးကိုစားရကြလိမ့်မည်။ 23 မြေသည်ငါပိုင်ရာဖြစ်လျက် သင်တို့လည်း ငါ့ထံဝင်နေသူအာဂန္တုများဖြစ်သည့်အလျောက် မြေကိုအဆုံးမရောင်းရဘဲ၊ 24 ပိုင်မြေရှိသမျှနှင့်စပ်လျဉ်း၍ ရွေးနုတ်နိုင်ခွင့်ရှိရမည်။
25 ဆွေမျိုးသားချင်းတစ်ဦးသည်ဆင်းရဲ၍ ပိုင်မြေအချို့ကိုရောင်းစားရလျှင် နီးစပ်သူအမွေဆိုင်သည် ရောင်းပြီးမြေကို ရွေးပိုင်ခွင့်ရှိလိမ့်မည်။ 26 ရွေးပိုင်သူမရှိသော်လည်း ကိုယ်တိုင်ရွေးလောက်အောင်ရတတ်က၊ 27 ရောင်းပြီးနှစ်များကို ရေတွက်လျက် ဝယ်သူ့ထံပိုမိုသောတန်ဖိုးကိုဆပ်၍ ပိုင်ရင်းမြေသို့ပြန်နေခွင့်ရှိလိမ့်မည်။ 28 မလုံလောက်လျှင်မူကား၊ ရောင်းပြီးသောမြေကို မင်္ဂလာနှစ်တိုင်အောင် ဝယ်သူ့လက်တွင်ရပ်နားစေပြီးမှ မင်္ဂလာနှစ်လက်လွတ်သဖြင့် ပိုင်ရင်းမြေသို့ပြန်နေခွင့်ရှိလိမ့်မည်။
29 လူတစ်ဦးသည်မြို့ရိုးအတွင်း တိုက်အိမ်တစ်လုံးကိုရောင်းစားလျှင် ရောင်းသောနှစ်ကုန်လွန်သည့်တိုင်အောင် ရွေးနုတ်နိုင်ခွင့်ရှိ၏။ 30 တစ်နှစ်အတွင်းမရွေးလျှင် ထိုတိုက်အိမ်သည် ဝယ်သူ့အမျိုးအစဉ်အဆက်အဆုံးပိုင် ဖြစ်လိမ့်မည်။ မင်္ဂလာနှစ်၌လက်မလွတ်ရ။ 31 မြို့ရိုးမဲ့တောရွာရှိ တိုက်အိမ်ကိုမူကား လယ်ယာကဲ့သို့မှတ်ယူသည့်အလျောက် ရွေးနုတ်နိုင်ခွင့်ရှိလျက် မင်္ဂလာနှစ်တွင်လက်လွတ်ရမည်။ 32 သို့ရာတွင် လေဝိဂိုဏ်းသားဝတ္ထုကံမြို့ရှိ တိုက်အိမ်များကို အခါခပ်သိမ်းပင် ဂိုဏ်းသားတို့ရွေးနုတ်ပိုင်ခွင့်ရှိ၏။ 33 မရွေးဘဲနေသော်လည်း ဝတ္ထုကံမြို့၌ရောင်းသောတိုက်အိမ်သည် မင်္ဂလာနှစ်တွင်လက်လွတ်ရမည်။ အသို့ဆိုသော် ဝတ္ထုကံမြို့ရှိတိုက်အိမ်များသည် ဣသရေလအမျိုးသားတို့တွင် လေဝိဂိုဏ်းသားတို့ပိုင်ရာဖြစ်သောကြောင့်တည်း။ 34 ဝတ္ထုကံမြို့ရှိစားကျက်နှင့်လယ်များကိုကား အလျှင်းမရောင်းရချေ။ အမြဲပိုင်မြေဖြစ်သတည်း။
35 ဆွေမျိုးသားချင်းတစ်ဦးသည် အားလျော့သဖြင့်ဆင်းရဲလျှင် ထိုသူ့ကိုသင်ထောက်ရှု၍ ဝင်နေသူအာဂန္တုအဖြစ်ဖြင့် သင်နှင့်အတူနေထိုင်ခွင့်ပေးရမည်။ 36 နေနိုင်ခွင့်ရစေရန် ကိုယ်ဘုရားသခင့်ကြောင့်ကြောက်ရွံ့လျက် အတိုးအမြတ်ကိုမယူနှင့်။ 37 အတိုးစား၍ငွေကိုလည်းကောင်း၊ အမြတ်စား၍ရိက္ခာကိုလည်းကောင်း မပေးအပ်။ 38 ငါသည်ခါနာန်ပြည်ကိုအပိုင်ပေးလျက် သင်တို့ဘုရားသခင်ဖြစ်ခြင်းငှါ အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့ဘုရားသခင်ထာဝရဘုရားပေတည်း။
39 ဆွေမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသဖြင့် သင့်အားကိုယ်ကိုရောင်းချလျှင် ကျွန်အဖြစ်မစေစားဘဲ၊ 40 မင်္ဂလာနှစ်တိုင်အောင်သူရင်းငှါး၊ ဝင်နေသူအဖြစ်ဖြင့်သာ သင့်ထံအစေခံပြီးမှ၊ 41 သားသမီးတို့နှင့်တကွ လက်လွတ်ခွင့်ရ၍ ကိုယ်အမျိုးသားချင်းရှိရာသို့လည်းကောင်း၊ ဘိုးဘပိုင်မြေသို့လည်းကောင်း ပြန်နေရလိမ့်မည်။ 42 အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော ငါ့ကျွန်များဖြစ်ကြသဖြင့် ကျွန်ရောင်းကျွန်ဝယ်မပြုရ။ 43 ကိုယ့်ဘုရားသခင့်ကြောင့် သင်ကြောက်ရွံ့လျက် အကြပ်အတည်းမအုပ်ချုပ်ရ။ 44 ပိုင်အပ်သောကျွန်ယောက်ျား ကျွန်မိန်းမများမှာမူ ပတ်ဝန်းကျင်နေလူမျိုးခြားတို့အနက်လည်းကောင်း၊ သင်တို့ထံတည်းခိုသူ လူမျိုးခြားတို့အနက်လည်းကောင်း၊ 45 နေပြည်တွင်ပေါက်ဖွားသော ချင်းတို့သားသမီးအနက်လည်းကောင်း၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများကိုအပိုင်ဝယ်၍ သားစဉ်မြေးဆက်လည်း ကျွန်ပိုင်မြေအဖြစ်ဖြင့် ကာလအစဉ်အဆက်ခံရကြမည်။ 46 ဣသရေလအမျိုးသားဖြစ်သော ညီအစ်ကိုချင်းကိုကား အကြပ်အတည်းမအုပ်ချုပ်ရ။
47 ဝင်နေသူအာဂန္တုတစ်ယောက်သည် ရတတ်ရာ သူ့အနီးနေထိုင်သော သင့်ဆွေမျိုးသားချင်းတစ်ဦးသည်ဆင်းရဲ၍ ဝင်နေသူအာဂန္တုထံသို့လည်းကောင်း၊ ချင့်အမျိုးအနွယ်ထံသို့လည်းကောင်း ကိုယ်ကိုချရောင်းလျှင်၊ 48-49 ညီအစ်ကိုဖြစ်စေ၊ ဘကြီးဘထွေးဖြစ်စေ၊ ညီအစ်ကိုဝမ်းကွဲဖြစ်စေ၊ နီးစပ်သူအဆွေအမျိုးအခြားတစ်ဦးဦးဖြစ်စေ ရောင်းသောသူ့ကိုရွေးနုတ်နိုင်ခွင့်ရှိ၏။ ကိုယ်တိုင်ရတတ်လျှင် ကိုယ်ကိုရွေးနုတ်နိုင်ခွင့်ရှိ၏။ 50 ကိုယ်ကိုရောင်းချသောနှစ်ကစ၍ မင်္ဂလာနှစ်တိုင်အောင် အရှင့်ထံသူရင်းငှါးအဖြစ်ဖြင့်နေ​ေသာ နှစ်ကာလနှင့်အမျှ ရောင်းသောကိုယ်နေကြေးကို ဝယ်သူနှင့်ရေတွက်လျက်၊ 51-52 မင်္ဂလာနှစ်မရောက်မီ ကျန်သောနှစ်များသည်နည်းသည်နှင့်အမျှ ဝယ်ရင်းငွေအနက်ခုနှိမ်၍ ကိုယ်နေကြေးကိုရွေးဆပ်ရမည်။ 53 အရှင့်ထံနှစ်စဉ်သူရင်းငှါးအဖြစ်ဖြင့် နေရသည်နှင့်အညီ သင့်မျက်မှောက်တွင် အကြပ်အတည်းအုပ်ချုပ်ခွင့်မရှိ။ 54 ထိုသို့မရွေးနုတ်သော်လည်း သားသမီးတို့နှင့်တကွမင်္ဂလာနှစ်တွင် လက်လွတ်ခွင့်ရှိလိမ့်မည်။ 55 အသို့ဆိုသော် ဣသရေလအမျိုးသားတို့သည် အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော ငါ့ပိုင်ရာကျွန်များဖြစ်ကြ၏။ ငါသည် သင်တို့ဘုရားသခင်ထာဝရဘုရားပေတည်း။