3
ငါသည်၊ အမျက်တော်လှံတံကြောင့် ဒုက္ခခံစားရသူဖြစ်လျက်၊ ပို့တော်မူသည့်အတိုင်း အလင်း၌မဟုတ်၊ မှောင်၌သွားလာရ၏။ ငါ့အေပါ်တွင်၊ လက်တော်ကိုနေ့ရှိသမျှတင်ဖိတော်မူလှစွတကား။ အသားအရေကို ဆွေးမြေ့ခြင်း၊ အရိုးများကို ချိုးဖဲ့ခြင်းပြုလျက်၊ နစ်နာခြင်း၊ ပင်ပန်းခြင်းများဖြင့်။ ဝန်းဝိုင်းကာရံ၍၊ ရှေ့အဓွန့်ကသေလွန်သူတို့ကဲ့သို့၊ မှောင်မိုက်ရာအရပ်များတွင် နေစေတော်မူသည်တကား။ 7-8 ငါပဌနာပြု၍ တောင်းလျှောက်သော်၊ ငြင်းပယ်တော်မူသည့်ပြင်၊ ငါမထွက်မသွားနိုင်အောင် ခြေချင်းလေးစေလျက် ဝန်းဝိုင်းကာရံခြင်း၊ ဆစ်ပြီးကျောက်ဖြင့်၊ လမ်းမများကို ဆို့ပိတ်လျက်၊ လမ်းမြှောင်များကိုလည်း ကွေ့ကောက်ခြင်းပြုတော်မူသည်တကား။ 10 ကိုယ်တော်သည် ချောင်းမြောင်းသောဝံ၊ ပုန်းအောင်းသောခြင်္သေ့သဖွယ်ဖြစ်လျက်၊ 11 ငါ့ကိုလမ်းလွဲစေပြီးလျှင်၊ အပိုင်းပိုင်းကိုက်ဖြတ်သဖြင့်၊ အံ့ဖွယ်သရဲဖြစ်စေတော်မူ၏။ 12 လေးတော်ကိုတင်၍၊ စက်ကွင်းအဖြစ်ငါ့ကိုထားပြီးလျှင်၊ 13 မြှားတော်များဖြင့် နှလုံးသည်းပွတ်ကိုခွင်းတော်မူ၏။ 14-15 အဆိပ်ရည်၊ အခါးရည်ဖြင့် ဝစွာတိုက်ကျွေးတော်မူသည့်အတိုင်း၊ ငါသည် လူမျိုးချင်း အပေါင်းတို့ပြောင်လှောင်ရာ၊ နေ့ရှိသမျှ စာချိုးရာ၊ ရောက်လေပြီ။ 16 ကိုယ်တော်သည်၊ ကျောက်ခဲသလဲများဖြင့် ငါ့သွားများကို ကျိုးစေလျက်၊ ပြာဖြင့် ငါ့ကိုဖို့တော်မူ၏။ 17 သုခကို မေ့သည့်တိုင်အောင် အကျွန်ုပ်ကို၊ စည်းစိမ်ချမ်းသာနှင့် ကင်းဝေးစေတော်မူသည့်အတိုင်း၊ 18 အကျွန်ုပ်က၊ အသက်ရှည်ရာအကြောင်းထာဝရဘုရားထံစောင့်ေမျှာ်ရာအကြောင်း၊ ပျက်လေပြီ။ 19 အကျွန်ုပ်ရပ်တည်မရ၊ ခံရသောဒုက္ခကိုလည်းေကာင်း၊ သောက်ခဲ့ရသော အခါးရည်၊ အဆိပ်ရည်ကိုလည်းေကာင်း သတိရတော်မူပါ။ 20 အကျွန်ုပ်ကိုယ်တိုင်သတိရလျက်၊ စိတ်နိမ့်ကျလေပြီ။ 21 စောင့်ေမျှာ်ရာအဖြစ်၊ အကျွန်ုပ်နှလုံးသွင်းသည့်အချက်မှာ၊ 22-23 ထာဝရဘုရား၏ မေတ္တာကျေးဇူးတော်နံနက်တိုင်းပြန်သက်၍၊ မဖြတ်သောကရုဏာတော်ကြောင့်သာ၊ အကျွန်ုပ်တို့မကုန်ဆုံးဘဲနေရကြပါ၏။ မဟာသစ္စာတော်လည်း တည်မြဲပါ၏ဟူ၍တည်း။ 24 ထာဝရဘုရားသည်၊ အကျွန်ုပ်၏ ဝေပုံဖြစ်တော်မူသည်ဟု အောက်မေ့သည့်အတိုင်း၊ ကိုယ်တော်ကို စောင့်ေမျှာ်ပါ၏။
25 ထာဝရဘုရားသည်၊ ကိုယ်တော်ကိုစောင့်ေမျှာ်သူ၊ ရှာဖွေသူတို့၌၊ ကောင်းကျိုးပေးတော်မူ၏။ 26 ထာဝရဘုရား၏ကယ်တင်ခြင်းကျေးဇူးတော်ကို ဆိတ်ဆိတ်တောင့်တသောသူသည်၊ ကောင်းကျိုးခံစားရ၏။ 27 ငယ်ရွယ်စဉ်အခါ ထမ်းပိုးထမ်းဆောင်ရသူလည်း၊ ကောင်းကျိုးခံစားရ၏။ 28 ထမ်းပိုးတင်တော်မူသည့်အတိုင်း၊ တစ်ယောက်တည်းဆိတ်ဆိတ်နေခြင်း၊ 29 စောင့်ေမျှာ်ရာအကြောင်းရှိမရှိကို အောက်မေ့လျက်၊ မြေမုန့်သို့မျက်နှာချခြင်း။ 30 ရိုက်နှက်သူ့အား၊ ပါးကိုလှည့်ပေးခြင်းပြုလျက်၊ များစွာသောကဲ့ရဲ့ခြင်းကိုခံစေ။ 31 အရှင်ဘုရားသည်၊ ကာလအစဉ်စွန့်ပယ်တော်မူမည်မဟုတ်။ 32-33 ပူဆွေးစေသော်လည်း၊ လူသားတို့၌ နှိပ်စက်ညှင်းပန်းသော စိတ်မရှိသည့်အလျောက်၊ ကရုဏာတော်မြောက်မြားသည်နှင့်အမျှသနားတော်မူလိမ့်မည်။ 34 မြေပေါ်ရှိအကျဉ်းသားတို့ကို၊ ခြေဖဝါးအောက်ဖိနင်းခြင်း။ 35 မြင့်မြတ်သောဘုရားမျက်မှောက်တော်တွင်၊ မတရားစီရင်ခြင်း၊ တရားလွဲခြင်းများကို၊ 36 အရှင်ဘုရားအရေးယူတော်မူသည်မဟုတ်လော။ 37 အရှင်ဘုရားထုတ်ဆင့်တော်မမူသော အရာကို၊ အမိန့်ရှိ၍အတည်ပြုနိုင်သူကား၊ မည်သူနည်း။ 38 မြင့်မြတ်သောဘုရား နှုတ်မြွက်တော်မူသည့်အတိုင်း၊ ဒုက္ခနှင့် သုခရောက်လာသည်မဟုတ်လော။ 39 အသက်ရှင်သေးသောသူသည်၊ ပြစ်ဒဏ်ခံရသော်လည်း၊ အဘယ့်ကြောင့်ညည်းညူသနည်း။ 40 ကိုယ့်အလေ့အလာများကိုစူးစမ်းစိစစ်လျက်၊ ထာဝရဘုရားထံပြန်လာခြင်း၊ 41 ကောင်းကင်ဘုံစံဘုရားသခင့်ထံလက်အုပ်နှင့်တကွ၊ စိတ်ကိုတင်မြှောက်ခြင်းပြုကြကုန်အံ့။ 42 အကျွန်ုပ်ကိုလွန်ကျူးမှု၊ ပုန်ကန်မှုများကို၊ ဖြေလွှတ်တော်မမူဘဲ၊ ကိုယ်တော်သည်၊ 43 အမျက်တော်ကိုလွှမ်းခြုံလျက် လိုက်လံခြင်း၊ မညှာတာဘဲ ကွပ်မျက်ခြင်း၊ 44 အကျွန်ုပ်တို့ပဌနာမဝင်နိုင်သောတိမ်တိုက်ဖြင့်လွှမ်းခြုံခြင်းများကိုပြုလျက်၊ 45 လူမျိုးခြားတို့ဘောင်တွင်၊ အနှစ်အဖတ်၊ အမှိုက်သရိုက်အဖြစ်၊ အကျွန်ုပ်တို့ကိုထားတော်မူလေပြီ။ 46 ရန်သူအပေါင်းတို့နှုတ်ဟကြသည့်အတိုင်း၊ 47 ကြောက်မက်ဖွယ်ဘေး၊ တွင်းကျဘေး၊ ပပျောက်ပျက်စီးရာ ဘေးများသည်၊ အကျွန်ုပ်တို့၌သင့်ရောက်လေစွ။ 48 လူမျိုးချင်းသတို့သမီး၏အနာကိုထောက်၍၊ အကျွန်ုပ်သည် မြစ်ရေစီးသကဲ့သို့မျက်ရည်ကျလျက်၊ 49-51 ကောင်းကင်မှထာဝရဘုရားစီးကြည့်ထောက်ရှုတော်မမူမချင်း၊ အကျွန်ုပ်မြို့သူတို့အတွက် နားနေခြင်းကင်း၍ မပြတ်မစဲမျက်ရည်ကျလျက်၊ နစ်နာလေစွတကား။ 52 အကြောင်းမဲ့ရန်ပြုသူတို့သည်၊ ငှက်သဖွယ်အကျွန်ုပ်ကို လိုက်ဖမ်းပြီးလျှင်၊ 53 လူ့ဘောင်မှလှောင်တွင်းသို့ ချထားလျက်၊ ကျောက်ပြားနှင့် ပိတ်ဆို့ခဲ့ကြလေပြီ။ 54 အကျွန်ုပ်ဦးခေါင်းထက်၊ ရေစိမ့်လွှမ်းသဖြင့်၊ 55-57 သေပြီအောက်မေ့သည့်အတိုင်း၊ နက်လှသောလှောင်တွင်းမှ နာမတော်အားပြုသောပဌနာသံကို၊ ကိုယ်တော်နားညောင်းတော်မူပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ် ပဌနာပြုသောနေ့ရက်၌ ကြွရောက်၍၊ မကြောက်လင့်ဟုမိန့်တော်မူခဲ့သည်နှင့်အညီ၊ အကျွန်ုပ်ရှူရှိုက်သံ၊ ဟစ်ခေါ်သံကို၊ နားမညောင်းဘဲနေတော်မမူပါလင့်။ 58 အိုအရှင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အမှုကို၊ ရှေ့ဆောင်၍ အသက်ကိုရွေးနှုတ်တော်မူပါပြီ။ 59 အိုထာဝရဘုရား၊ အလွဲစီရင်ခံရသည်ကို သိမြင်သည့်အလျောက်၊ ဆုံးဖြတ်တော်မူပါ။ 60 အကျွန်ုပ်၌ကြံစည်ကြသောလက်စားချေမှုများကို၊ ကိုယ်တော်သိတော်မူပါ၏။ 61-62 အိုထာဝရဘုရား၊ အကျွန်ုပ်၌ရန်ဘက်ပြုသူတို့နှုတ်ထွက်ကဲ့ရဲ့ခြင်း၊ နေ့ရှိသမျှကွန့်မြူးသော ကြံစည်ခြင်းများကို ကြားသိတော်မူသည်နှင့်အညီ၊ 63 ချင်းတို့ထိုင်ခြင်း၊ ထခြင်းများကိုမှတ်သားတော်မူပါ။ အကျွန်ုပ်သည် သူတို့စာချိုးရာရောက်လေပြီ။ 64 အိုထာဝရဘုရား၊ ချင်းတို့လက်မှုများအလိုက် ထိုက်သင့်ရာဆပ်ပေးခြင်း၊ 65 ဉာဏ်တုံးသောအမင်္ဂလာသင့်စေခြင်းအမျက်တော်ဖြင့်လိုက်လံလျက်၊ 66 ထာဝရဘုရား၏ကောင်းကင်အောက်မှ ပယ်ရှားခြင်းများကို၊ ပြုတော်မူလိမ့်မည်။