9
ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးတို့ကိုခေါ်ပြီးလျှင် နတ်ရှိသမျှကိုနိုင်ခွင့်၊ အာဏာတန်ခိုးနှင့် အနာရောဂါများကိုကင်းပျောက်စေခွင့်၊ အာဏာတန်ခိုးပေးအပ်တော်မူလျက်၊ ဘုရားသခင့်နိုင်ငံတော် အကြောင်းကြားပြော၍ သူနာတို့ကိုကျန်းမာစေရန် စေလွှတ်တော်မူရာ၊ လမ်းခရီးအဖို့မည်သည့်အရာကိုမျှ မဆောင်ကြနှင့်။ တောင်ေဝး၊ လွယ်အိတ်၊ ရိက္ခာ၊ ကြေးငွေ၊ အင်္ကျီနှစ်ထည်မပါရ။ မည်သည့်အိမ်သို့မဆိုဝင်သော် မထွက်မသွားမီထိုအိမ်၌တည်းခိုကြလော့။ မည်သူမဆို သင်တို့ကိုလက်မခံလျှင် ထိုမြို့ရွာမှထွက်သွားသည့်ကာလ သူတို့တစ်ဖက်သက်သေအဖြစ် ခြေမုန့်ကိုပင်ခါခဲ့ကြလော့ဟု မိန့်တော်မူသည့်အတိုင်း၊ ထိုသူတို့ထွက်သွားပြီးလျှင် မြို့ရွာအရပ်ရပ်သို့လှည့်လည်လျက် သတင်းတော်မြတ်ကိုဟောပြော၍ သူနာများကိုကျန်းမာစေကြ၏။
7-8 ထိုသို့ဖြစ်ပျက်သမျှကို ဘုရင်ခံမင်းဟေရုဒ်ကြားသော် အချို့တို့က ယောဟန်သည်သေသူတို့အထဲမှ ရှင်ပြန်ထမြောက်ပြီဟူ၍လည်းေကာင်း၊ အချို့တို့ကဧလိယပေါ်ထွန်းပြန်ပြီဟူ၍လည်းေကာင်း၊ အချို့တို့က ပရောဖက်ဟောင်းတစ်ပါးပါးရှင်ပြန်ထမြောက်ပြီဟူ၍လည်းေကာင်း ဆိုကြသောကြောင့်၊ စိတ်ရှုပ်ထွေးခြင်းရှိသဖြင့် ယောဟန်ကိုငါခေါင်းဖြတ်လိုက်ပြီ။ ထိုသို့ ငါသတင်းကြားရသောဤသူကား မည်သူနည်းဟုမေးလျက် ကိုယ်တော်ကိုတွေ့မြင်ရန်ရှာကြံလေ၏။
10 တမန်တော်တို့သည်ပြန်လာ၍ ပြုခဲ့သမျှအချင်းအရာများကိုဖော်ပြကြပြီးလျှင် ဗက်ဇဲဒခေါ်မြို့သို့အသီးအခြားခေါ်သွားတော်မူသော်၊ 11 လူပရိသတ်သိကြသဖြင့်လိုက်သွားကြရာ ကိုယ်တော်သည်လက်ခံ၍ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောလျက် သူနာတို့ကိုကျန်းမာစေတော်မူ၏။ 12 နေ့ကုန်လုသော် တစ်ဆယ့်နှစ်ပါးတို့သည်ချဉ်းကပ်၍ ပတ်ဝန်းကျင်ရှိမြို့ရွာများသို့ သွားရောက်တည်းခိုလျက် စားနပ်ရိက္ခာရယူကြစေရန် လူပရိသတ်ကိုလွှတ်တော်မူပါ။ ယခုနေရာတောအရပ်ဖြစ်ပါသည် ဟုလျှောက်ကြလျင်၊ 13 ကိုယ်တော်က စားရန်သင်တို့ပေးကြဟု မိန့်တော်မူရာ ဤသူရှိသမျှစားရန်သွား၍မဝယ်ရလျှင် တပည့်တော်တို့တွင် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပြင် မရှိပါဟုပြန်လျှောက်ကြ၏။ 14 လူပရိသတ်ကား ယောက်ျားငါးထောင်ခန့်ရှိသတည်း။ ထိုအခါ တစ်စုလျှင်ငါးဆယ်ခန့်စီ အစုစုထိုင်ကြစေဟု မိန့်တော်မူသည့်အတိုင်းလိုက်နာ၍ ထိုသူအားလုံးကိုထိုင်စေပြီးနောက်၊ 15-16 ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ေမျှာ်ကြည့်လျက် ကောင်းကြီးပေး၍ ဖဲ့ပြီးလျှင် လူပရိသတ်ရှေ့တည်စေရန် တပည့်တော်တို့အားပေးတော်မူ၏။ 17 ထိုသူရှိသမျှ စား၍ဝကြသည့်နောက် စားကြွင်းအကျိုးအပဲ့ကို ဆွဲတောင်းတစ်ဆယ့်နှစ်တောင်းအပြည့်ကောက်ရကြ၏။
18 တစ်နေ့သ၌ ကိုယ်တော်သည် တစ်ပါးတည်းပဌနာပြုတော်မူစဉ် တပည့်တော်တို့ပါရှိကြသဖြင့် ကိုယ်တော်က ငါသည်မည်သူဖြစ်သည်ဟု လူပရိသတ်တို့ဆိုကြသနည်းဟူ၍ မေးမြန်းတော်မူသည့်ကာလ၊ 19 အချို့ကဗတ္တိဇံဆရာယောဟန်ဖြစ်ကြောင်း၊ အချို့ကဧလိယဖြစ်ကြောင်း၊ အချို့ကပရောဖက်ဟောင်းတစ်ပါးပါးရှင်ပြန်ထမြောက်ကြောင်းဆိုကြပါသည်ဟု တပည့်တော်တို့ပြန်လျှောက်ကြရာ၊ 20 သင်တို့ကား ငါသည်မည်သူဖြစ်သည်ဟုဆိုကြသနည်းဟူ၍ မေးတော်မူပြန်သည့်ကာလ ပေတရုက ဘုရားသခင်၏ 9.20 ဂြိ။ ခရစ်ေတာ်။ ဘိသိက်တော်ခံမင်းတည်းဟု ပြန်လျှောက်၏။ 21 ထိုအကြောင်းကို မည်သူ့အားမျှမကြားမပြောကြစေရန် မြစ်တားကန့်ကွက်တော်မူလျက်၊ 22 လူ့သားသည်ဒုက္ခများစွာခံရမည့်အကြောင်း၊ လူကြီးများပရောဟိတ်ကြီးများနှင့် ကျမ်းတတ်ဆရာများတို့ငြင်းပယ်ခြင်းကိုခံရမည့်အကြောင်း၊ အသေခံပြီးနောက် သုံးရက်လည်သောနေ့တွင် ရှင်ပြန်ထမြောက်ရမည်အကြောင်းများကို မိန့်တော်မူ၏။ 23 ၎င်းပြင် ရှိသမျှတို့အားကိုယ်တော်က မည်သူမဆိုငါ့နောက်လိုက်လိုလျှင် ကိုယ်ကိုငြင်းပယ်၍ နေ့စဉ်ကိုယ့်ကားတိုင်ကိုထမ်းလျက် လိုက်စေ။ 24 ကိုယ့်အသက်ကိုကယ်လိုသူတိုင်း အသက်ရှုံးလိမ့်မည်။ ငါ့အတွက်ကြောင့်အသက်ရှုံးသူတိုင်းကား အသက်ကိုကယ်လိမ့်မည်။ 25 လူသည် တစ်လောကလုံးကိုအပိုင်ရ၍ ကိုယ့်အသက်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိသနည်း။ 26 မည်သူမဆို ငါနှင့်ငါ့မိန့်ဆိုချက်ကြောင့်ရှက်လျှင်၊ လူ့သားသည်ကိုယ်၏ဘုန်း၊ ခမည်းတော်၏ဘုန်း၊ သန့်ရှင်းသောစေတမန်တော်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသည့်ကာလ ထိုသူကြောင့်ရှက်တော်မူလိမ့်မည်။ 27 ဤတွင်ရပ်နေသူအချို့သည် ဘုရားသခင့်နိုင်ငံတော်ကိုမမြင်မီအလျှင်းမသေရ ငါအမှန်ဆိုသည်ဟု မိန့်တော်မူ၏။
28 ထိုသို့မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသော် ကိုယ်တော်သည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကို ခေါ်၍၊ 29 ပဌနာပြုရန် တောင်ပေါ်သို့တက်ကြွပြီးလျှင် ပဌနာပြုစဉ် မျက်နှာတော်အဆင်းပြောင်းလျက် အဝတ်တော်ဖြူဆွတ်တောက်ပလျက်ရှိတော်မူရာ၊ 30-31 မောရှေနှင့်ဧလိယတည်းဟူသော ပုဂ္ဂိုလ်နှစ်ပါးလည်း ဘုန်းကိုဆောင်လျက်ထင်ရှားပြီးလျှင် ယေရုရှလင်မြို့တွင်ပြည့်စုံရမည့် ထွက်မြောက်တော်မူခြင်းအကြောင်း ကိုယ်တော်နှင့်တိုင်ပင်ကြ၏။ 32 အိပ်နေကြသူ ပေတရုမှစသောအပေါင်းအဖော်တို့နိုးသော် ကိုယ်တော်၏ဘုန်းတော်ကိုလည်းေကာင်း၊ အတူရပ်နေသောပုဂ္ဂိုလ်နှစ်ပါးကိုလည်းေကာင်း မြင်ကြသဖြင့် အထံတော်မှထိုနှစ်ပါးထွက်ခွာဆဲတွင်၊ 33 မည်သို့လျှောက်မှန်းကိုမသိဘဲ ပေတရုက သခင်၊ ဤတွင်နေထိုင်ရန်ကောင်းပါသည်။ ကိုယ်တော်ဖို့တစ်ဆောင်၊ မောရှေဖို့တစ်ဆောင်၊ ဧလိယဖို့တစ်ဆောင် တဲသုံးဆောင်ထိုးပါရစေဟု ယေရှုအားလျှောက်ထားစဉ်၊ 34 တိမ်တိုက်လွှမ်းမိုး၍ ဖုံးကွယ်လျှင် သူတို့ကြောက်ရွံ့ကြ၏။ 35 ထိုတိမ်တိုက်ထဲကလည်း ဤသူကားငါရွေးချယ်ရာချစ်သားပေတည်း။ သူ့အမိန့်ကိုနာခံကြဟု ဗျာဒိတ်တော်သံရောက်လာပြီးနောက်၊ 36 ယေရှုတစ်ပါးတည်းကိုသာတွေ့မြင်ကြ၏။ တပည့်တော်တို့လည်း မြင်ရသောအကြောင်းအရာများကို ထိုနေ့ရက်ကာလတွင် မည်သူ့အားမျှမကြားမပြောဘဲ ဆိတ်ဆိတ်နေကြသတည်း။
37 နောက်နေ့၌ တောင်ပေါ်မှဆင်းလာကြသောအခါ လူပရိသတ်ကြီးဆီးကြိုသော်၊ 38 ပရိသတ်ပါသူတစ်ယောက်က ဆရာ၊ အကျွန်ုပ်၏ဧကပုတ္တသားကို ရှုကြည့်တော်မူရန် တောင်းပန်ပါသည်။ 39 နတ်သည် ဖမ်းစားလေရာရာ၌ သူငယ်ရုတ်တရက်အော်ဟစ်၍ နှုတ်ကအမြှုတ်ထွက်အောင်တုန်တက်စေသည့်ပြင် ဖိကြိတ်ခြင်းကို စိုးစဉ်းမျှသာလှပ်၍ထွက်တတ်ပါ၏။ 40 နှင်ထုတ်ရန်ဆရာ့တပည့်တို့ ထံတောင်းပန်သော်လည်း မတတ်နိုင်ကြပါဟု ဟစ်၍လျှောက်သည့်ကာလ၊ 41 ယေရှုကယုံကြည်ခြင်းကင်း၍ ကောက်ကျစ်သောအိုလူမျိုး၊ ငါသည်သင်တို့နှင့် မည်မျှကြာရှိနေ၍ သည်းခံရမည်နည်း။ သားကိုယူခဲ့ဟု မိန့်တော်မူသည့်အတိုင်း၊ 42 လာစဉ်ပင် နတ်သည်သူငယ်ကိုလှဲချ၍ ပြင်းစွာတုန်တက်စေ၏။ ထိုအခါယေရှုသည် ထိုနတ်ဆိုးကိုဆုံးမ၍ သူငယ်ကိုကျန်းမာစေပြီးလျှင် အဘထံပြန်အပ်တော်မူရာ၊ 43 ရှိသမျှတို့သည် ဘုရားသခင့်မဟာတန်ခိုးတော်ကို အလွန်အံ့သြကြ၏။
ပြုတော်မူသမျှကို လူအပေါင်းတို့အံ့သြလျက် နေကြစဉ်၊ 44 တပည့်တော်တို့အား ကိုယ်တော်က လူ့သားသည် လူတို့လက်သို့ပို့အပ်ခံရမည်ဟူ၍ ဤမိန့်ဆိုချက်များကို နာယူနားစိုက်ကြလော့ဟု မိန့်တော်မူ၏။ 45 မသိမမြင်စေရန် ထိုအမိန့်တော်ဝှက်ထားလျက်ရှိသဖြင့် တပည့်တော်တို့နားမလည်ကြ။ အဓိပ္ပါယ်ကိုလည်း မမေးမလျှောက်ဝံ့ကြချေ။
46 တပည့်တော်တို့သည် မည်သူအကြီးမြတ်ဆုံးဖြစ်သည်ကို ဆွေးနွေးကြရာ၊ 47 စိတ်၌ထိုသို့ဆင်ခြင်ကြသည်ကို သိမြင်တော်မူသည်နှင့် သူငယ်တစ်ယောက်ကိုခေါ်၍ အပါးတော်တွင်ထားပြီးလျှင်၊ 48 ကိုယ်တော်က မည်သူမဆိုငါ့နာမကိုထောက်၍ ဤသူငယ်ကိုလက်ခံလျှင် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသူလည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် ကြီးမြတ်သောသူဖြစ်သည်ဟု မိန့်တော်မူ၏။
49 ထိုအခါ ယောဟန်က သခင်၊ လူတစ်ယောက်သည် ကိုယ်တော်၏နာမတော်နှင့် နတ်များနှင်ထုတ်နေသည်ကိုတွေ့မြင်၍ တပည့်တော်တို့နောက်မလိုက်သောကြောင့် မြစ်တားခဲ့ကြပါသည်ဟု ပြန်လျှောက်ရာ၊ 50 ယေရှုက မမြစ်တားကြနှင့်၊ သင်တို့တစ်ဖက်၌မရှိသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။
51 နေ့ရက်တာပြည့်စုံ၍ ကိုယ်တော်ကိုချီဆောင်ချိန်နီးသော် ကိုယ်တော်သည် ယေရုရှလင်မြို့သို့ကြွရန် တည့်တည့် ရှေ့ရှုလျက်၊ 52 ရှေ့လွန်စေလွှတ်တော်မူသည့်အတိုင်း ပြင်ဆင်အံ့သောငှာ တမန်တို့သွား၍ ရှမာရိရွာတစ်ရွာသို့ဝင်ကြရာ၊ 53 ယေရုရှလင်မြို့ကို ရှေ့ရှုတော်မူသောကြောင့် ထိုရွာသားတို့သည် ကိုယ်တော်ကိုလက်မခံကြ၊ 54 တပည့်တော်ဖြစ်သူ ယာကုပ်၊ ယောဟန်တို့သိမြင်သော် အရှင်ဘုရား၊ ကောင်းကင်မှမီးကျ၍ သူတို့ကို ကျွမ်းလောင်ရန် တပည့်တော်တို့ဓိဋ္ဌာန်စေလိုတော်မူသလောဟု မေးလျှောက်ကြသော်၊ 55-56 ကိုယ်တော်သည် လှည့်၍ 9.55-56 ကိုယ်၌မည်သို့သေဘာရှိေကြာင်းသင်တို့မသိကြ။ လူ့သားသည်လူတို့အသက်ကိုဖျက်ဆီးရန်မဟုတ်။ ကယ်ဆယ်ရန်ကြွလာပြီဟုဆိုလျက် ဟူေသာစကားများသည်ေရှိးကျမ်းေဟာင်းအချို့၌ပါရှိ၏။ ဆုံးမတော်မူပြီးလျှင် အခြားရွာသို့သွားကြ၏။
57 ခရီးသွားကြစဉ် လူတစ်ဦးက ကိုယ်တော်ကြွတော်မူရာမည်သည့်အရပ်သို့မဆို တပည့်လိုက်ပါမည်ဟု လျှောက်သည့်ကာလ၊ 58 ယေရှုက မြေခွေးများမှာတွင်းရှိ၏။ လေသတ္တဝါများမှာ အသိုက်ရှိ၏။ လူ့သားမှာမူ ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။ 59 အခြားသူတစ်ယောက်အား ငါ့နောက်ကလိုက်လော့ဟုမိန့်တော်မူသည့်ကာလ အရှင်ဘုရား၊ အဘကို သင်္ဂြိုလ်ရန်သွားခွင့်ပေးပါဦးဟု ပြန်လျှောက်ရာ၊ 60 ကိုယ်တော်က သူသေများကို ဆိုင်ရာသူသေတို့သင်္ဂြိုလ်ကြစေ။ သင်မူကား ဘုရားသခင့်နိုင်ငံတော်အကြောင်းကို သွား၍ကြော်ငြာလော့ဟုမိန့်တော်မူ၏။ 61 တစ်ယောက်ကလည်း အရှင်ဘုရား၊ တပည့်လိုက်ပါမည်။ သို့ရာတွင်အိမ်ရှိသူတို့ကို နှုတ်ဆက်ရန်ခွင့်ပေးပါဦးဟု လျှောက်သော်၊ 62 ယေရှုက ထွန်ကိုင်းကို ကိုင်ပြီးလျှင် နောက်သို့လှည့်ကြည့်သူတိုင်း ဘုရားသခင့်နိုင်ငံတော်နှင့် မထိုက်မတန်ဟု ပြန်၍ မိန့်တော်မူ၏။