7
ကိုယ်တော်သည် ပြည်သူပြည်သားတို့အားပေးသောထိုဒေသနာအဆုံး၌ ကပေရနောင်မြို့သို့ကြွဝင်တော်မူ၏။
ရောဂါစွဲ၍သေအံ့ဆဲဖြစ်လျက် နှစ်သက်လှသောကျွန်ရှိသူ တပ်မှူးတစ်ယောက်သည် ယေရှုအကြောင်းကြားသော်၊ ယုဒလူကြီးတို့ကိုလွှတ်၍ ထိုကျွန်ကိုကယ်လာရန် တောင်းပန်စေသည့်အတိုင်း၊ 4-5 ယေရှုထံရောက်ကြလျှင် ထိုတပ်မှူးသည် အကျွန်ုပ်တို့လူမျိုးကိုချစ်၍ အကျွန်ုပ်တို့အဖို့ဓမ္မာရုံကိုဆောက်လုပ်သောကြောင့် ကိုယ်တော့်မစခြင်းကိုခံထိုက်သူဖြစ်ပါသည်ဟု နှိုးဆော်တောင်းလျှောက်ကြသဖြင့် ယေရှုလိုက်ကြွတော်မူ၏။ အိမ်နှင့်မနီးမဝေးရောက်တော်မူသော် တပ်မှူးသည်မိတ်ဆွေတို့ကိုလွှတ်၍ အရှင်ဘုရားပင်ပန်းရှာတော်မမူပါနှင့်။ အကျွန်ုပ်၏အိမ်တွင်းသို့ ကြွဝင်တော်မူခြင်းကိုမခံထိုက်သည့်ပြင်၊ အထံတော်သို့ကိုယ်တိုင်မရောက်ထိုက်ကြောင်း အောက်မေ့ပါ၏။ အမိန့်တော်နှင့်သာ ထိုလုလင်ကို ချမ်းသာစေတော်မူပါ။ အသို့ဆိုသော် အကျွန်ုပ်သည် အာဏာအောက်မြဲရသူဖြစ်သော်လည်း လက်အောက်ရှိစစ်သည်တို့အနက် တစ်ယောက်ကို သွားဆိုသော်သွားပါသည်။ တစ်ယောက်ကိုလာဆိုသော်လာပါသည်။ ကျွန်ကိုလည်း ဤအမှုကိုဆောင်ဆိုသော်ဆောင်ပါသည်ဟု လျှောက်စေ၏။ ယေရှုကြားသော် ထိုသူ့ကိုအံ့သြတော်မူ၍ နောက်တော်ပါလူပရိသတ်အားလှည့်လျက် ဤမျှလောက်ယုံကြည်ခြင်းကို ဣသရေလလူမျိုးတွင်ပင်မတွေ့စဘူး။ ငါဆိုသည်ဟု မိန့်တော်မူပြီးနောက်၊ 10 လွှတ်လိုက်သူတို့သည် အိမ်သို့ပြန်ရောက်လျှင် ကျွန်ကျန်းမာသည်ကိုတွေ့မြင်ကြ၏။
11 ထိုနောက်မကြာမီ တပည့်တော်တို့နှင့်လူပရိသတ်ကြီးလိုက်လျက် နာဣနခေါ်မြို့သို့ကြွ၍၊ 12 မြို့တံခါးဝအနီးရောက်တော်မူသော် မုဆိုးမတွင် ဧကပုတ္တသား၏အလောင်းကိုချသွားရာ ထိုမုဆိုးမနှင့်အတူ မြို့သူမြို့သားအများလိုက်ပို့ကြ၏။ 13 အရှင်ဘုရားသည် ထိုမိန်းမကိုမြင်သည့်ကာလ ကရုဏာသက်သဖြင့် မငိုနှင့်ဟုမိန့်တော်မူပြီးလျှင် ထမ်းသူတို့ရပ်နေကြစဉ်၊ 14 ချဉ်းကပ်၍ တလားကိုတို့တော်မူလျက် အချင်းလုလင်ထလော့။ ငါဆိုသည်ဟု မိန့်တော်မူသည့်အတိုင်း၊ 15 သေသူသည် ထ၍စကားပြောသည်နှင့် မိခင်အားအပ်လိုက်တော်မူ၏။ 16 ရှိသမျှတို့လည်းကြောက်ရွံ့၍ ငါတို့တွင်ပရောဖက်ကြီးပေါ်ထွန်းပြီဟူ၍လည်းေကာင်း၊ ဘုရားသခင်သည် လူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူပြီဟူ၍လည်းေကာင်းဆိုလျက်၊ ဘုရားသခင်၏ ဘုန်းတော်ကိုချီးေမြှာက်ကြ၏။ 17 ထိုသတင်းတော်သည် ယုဒပြည်လုံးနှံ့ပတ်ဝန်းကျင် အရပ်ရပ်ကြေငြာလေ၏။
18 ထိုအရာရှိသမျှကို ယောဟန်၏တပည့်တို့ပြန်ကြားကြရာ၊ 19 ယောဟန်သည် တပည့်နှစ်ယောက်ကိုခေါ်၍ အရှင်ဘုရားထံ လွှတ်လိုက်ပြီးလျှင် ကိုယ်တော်သည်ကြွလာရမည့်အရှင်လော။ အခြားေမျှာ်လင့်ရဦးမည်လောဟု မေးလျှောက်စေသည့်အတိုင်း၊ 20 အထံတော်သို့ရောက်ကြသော် ကိုယ်တော်သည်ကြွလာရမည့်အရှင်လော၊ အခြားေမျှာ်လင့်ရဦးမည်လောဟုမေးစေရန် ဗတ္တိဇံဆရာ ယောဟန်လွတ်လိုက်ပါသည်ဟူ၍ လျှောက်ကြ၏။ 21 ထိုအချိန်နာရီ၌ အနာရောဂါအမျိုးမျိုးစွဲကပ်သူ နတ်ဆိုးပူးသူအများတို့ကို ကျန်းမာစေသည့်ပြင် မျက်မမြင်အများကိုလည်း မြင်ခွင့်သနားတော်မူပြီးလျှင်၊ 22 ယောဟန်၏တပည့်တို့အား ကိုယ်တော်က သင်တို့မြင်ခဲ့သမျှ ကြားခဲ့သမျှကို ယောဟန်အားပြန်၍ ကြားပြောကြလော့။ မျက်မမြင်သူတို့သည် မြင်ခွင့်၊ ခြေဆွံ့သူတို့သည်လှမ်းသွားခွင့်၊ နူသူတို့သည် သန့်ခွင့်၊ နားပင်းသူတို့သည်ကြားခွင့်၊ သေသူတို့သည် ရှင်ပြန်ခွင့်၊ ဆင်းရဲသူတို့သည် သတင်းတော်မြတ်နာယူခွင့်များကို ရကြ၏။ 23 ငါ၌တိုက်လဲရန်အကြောင်းမတွေ့သူတိုင်း မင်္ဂလာရှိသည်ဟု ပြန်၍မိန့်တော်မူ၏။
24 ယောဟန်၏ တမန်တို့ပြန်သွားကြသည့်နောက် ကိုယ်တော်သည် ယောဟန်နှင့်စပ်လျဉ်း၍ လူပရိသတ်အားမိန့်တော်မူသည်မှာ မည်သည့်အရာကိုရှုကြည့်ရန် တောသို့ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသောကျူပင်လော။ 25 မည်သည့်အရာကို ရှုကြည့်ရန်ထွက်သွားကြသနည်း။ နူးညံ့သောဝတ်စားဆင်ယင်သူလော၊ အတင့်အတယ်ဆင်ယင်၍ နုနယ်စွာနေထိုင်သူတို့သည် နန်းတော်များ၌ရှိနေကြ၏။ 26 မည်သည့်အရာကိုရှုကြည့်ရန် ထွက်သွားကြသနည်း။ ပရောဖက်လော၊ ဟုတ်မှန်၏။ ပရောဖက်ထက်လည်းကြီးမြတ်သူဖြစ်သည် ငါဆို၏။ 27 နားထောင်ကြဦး၊ သင်သွားရာလမ်းကိုပြင်ဆင်မည့် ရှေ့တော်ပြေးတမန်တော်ကို ငါစေလွှတ်သည် ဟူသောကျမ်းချက်မှာ ထိုသူ့ကိုရည်ဆောင်သတည်း။ 28 မိန်းမတို့ဖွားမြင်သူများအနက် ယောဟန်ထက်ကြီးမြတ်သူမရှိ။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်၌ သိမ်ငယ်သောသူပင် ထိုသူ့ထက်ကြီးမြတ်သည် ငါဆို၏။ 29 ပြည်သူပြည်သားရှိသမျှနှင့် အခွန်ကောက်တို့သည် ကြားနာ၍ ယောဟန်၏ဗတ္တိဇံမင်္ဂလာကိုခံသဖြင့် ဘုရားသခင်ဖြောင့်မှန်တော်မူကြောင်းဝန်ခံရာရောက်ကြ၏။ 30 ဖာရိရှဲတို့နှင့် ကျမ်းတတ်ဆရာတို့မူကား ထိုမင်္ဂလာကို မခံဘဲနေသဖြင့် ကိုယ့်ဆိုင်ရာ ဘုရားသခင်၏ အကြံအရွယ်တော်ကို အချည်းအနှီးဖြစ်စေရာ ရောက်ကြလေစွ။ 31 ထိုကြောင့် ယခုလူမျိုးကို ငါသည်မည်သို့ပုံနှိုင်းရအံ့နည်း။ မည်သည်နှင့်တူကြသနည်း။ 32 စျေး၌ထိုင်၍ တစ်ယောက်ကိုတစ်ယောက်ခေါ်လျက် ငါတို့တီးမှုတ်​ေသာ်လည်း သင်တို့မကကြ။ မြည်တမ်းသော်လည်းမငိုကြဟုဆိုသောသူငယ်တို့နှင့် တူကြ၏။ 33 ဗတ္တိဇံဆရာယောဟန်သည် ဘောဇဉ်မစား၊ စပျစ်ရည်မသောက်ဘဲ ရောက်လာသော်၊ 34 နတ်ပူးသူဟူ၍လည်းေကာင်း၊ လူသားသည် စားသောက်လျက်ရောက်လာသော် စားကြူးသူ၊ သောက်ကြူးသူ၊ အခွန်အကောက်နှင့်အပြစ်သားတို့ အ​ေဆွပါတကားဟူ၍လည်းေကာင်း သင်တို့ဆိုတတ်ကြ၏။ 35 သို့ရာတွင် ဉာဏ်ပညာတော်မှန်ကန်ကြောင်း ဆိုင်ရာသားသမီးရှိသမျှတို့ဝန်ခံကြသည်ဟု မိန့်တော်မူ၏။
36 ဖာရိရှဲတစ်ယောက်သည် ကိုယ်တော်ကို သုံးဆောင်တော်မူရန်ပင့်ခေါ်ရာ ထိုဖာရိရှဲအိမ်သို့ကြွဝင်ပြီးလျှင် စားပွဲထိုင်တော်မူ၏။ 37 ထိုသို့ထိုင်နေတော်မူသည်ကို၊ ၎င်းမြို့နေအပြစ်ရှိသူ မိန်းမတစ်ယောက်သိသည့်ကာလ၊ 38 နံ့သာဆီကို ကျောက်ဖြူဘူးနှင့်ယူဆောင်၍ ကိုယ်တော့်နောက်ခြေတော်ရင်းတွင်ရပ်ငိုရာ ခြေတော်ကိုမျက်ရည်စွတ်၍ ဦးဆံနှင့်သုတ်လျက် နမ်းရှုတ်ပြီးလျှင် နံ့သာဆီလိမ်းကျံလေ၏။ 39 ပင့်ခေါ်သူဖာရိရှဲမြင်သော် ဤသူသည်ပရောဖက်မှန်လျှင် ယခုသုံးသပ်သောမိန်းမမှာအပြစ်ရှိ၍ မည်သို့သောမိန်းမဖြစ်သည်ကို သိမြင်လေပြီဟု အောက်မေ့သဖြင့်၊ 40 ယေရှုက အိုရှိမုန်၊ သင့်အားငါပြောရန်ရှိသည်ဟု မိန့်တော်မူသော် ဆရာမိန့်တော်မူပါဟု လျှောက်သည့်ကာလ၊ 41 ကိုယ်တော်က ငွေရှင်တစ်ဦး၌ မြီစားနှစ်ယောက်ရှိရာ တစ်ယောက်မှာငွေငါးရာ၊ တစ်ယောက်မှာ ငွေငါးဆယ်ကြွေးတင်၍ မဆပ်နိုင်ကြသဖြင့်၊ 42 နှစ်ဦးလုံးပင် မြီရှင်ပလပ်စေ၏။ ထိုကြောင့် မြီစားနှစ်ယောက်တွင် မြီရှင်ကိုမည်သူသာ၍ချစ်မည်နည်းဟု မေးတော်မူသော်၊ 43 ရှိမုန်က များစွာပလပ်ခွင့်ရသူ ထင်ပါသည်ဟု ဖြေဆို၏။ 44 သင်သည်မှန်ကန်စွာဆုံးဖြတ်လေပြီဟု မိန့်တော်မူပြီးလျှင် ထိုမိန်းမဘက်သို့လှည့်၍ ရှိမုန်အားလည်း ဤမိန်းမကိုသင်မြင်သလော။ သင့်အိမ်သို့ငါဝင်သည့်ကာလ ခြေဆေးရန်ရေကိုသင်မပေး။ ဤမိန်းမမူကား ငါ့ခြေကိုမျက်ရည်စွတ်၍ ဦးဆံနှင့်သုတ်လေပြီ။ 45 ငါ့ကိုသင်မနမ်း၊ ဤမိန်းမမူကား ငါ၀င်လာသည့်အချိန်ကစ၍ ခြေကိုမပြတ်နမ်းရှုပ်လေပြီ။ 46 ငါ့ဦးခေါင်းကို ဆီနှင့်သင်မလိမ်းမကျံ။ ဤမိန်းမမူကား ခြေကိုနံ့သာဆီနှင့်လိမ်းကျံလေပြီ။ 47 ထိုအကြောင်းကြောင့် သူသည်များစွာချစ်လှသည်ကိုထောက်၍ငါဆိုသည်မှာ များပြားသောသူ၏ အပြစ်ေပြလွတ်ပြီ။ အနည်းငယ်ေပြလွတ်ရသူမူကား အနည်းငယ်မျှချစ်သည်ဟု မိန့်တော်မူပြန်၏။ 48 မိန်းမအားလည်းကိုယ်တော်က သင့်အပြစ်ေပြလွတ်ပြီဟု မိန့်တော်မူသော်၊ 49 အတူစားပွဲထိုင်သူတို့က အပြစ်ဖြေလွှတ်သောဤသူကား မည်သူနည်းဟု အချင်းချင်းပြောဆိုကြရာ၊ 50 စိတ်ဧလျက်သွားတော့၊ သင့်ယုံကြည်ခြင်းသည် သင့်ကိုကယ်ပြီဟု မိန်းမအားမိန့်ပြန်တော်မူ၏။